ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၂၈-စာ. ၂၉ ပိုဒ်. ၁
  • ဌာနခွဲအပ်နှံပွဲများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဌာနခွဲအပ်နှံပွဲများ
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဌာနခွဲအပ်နှံမှုများ
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဌာနခွဲရုံးမှာ ဘာတွေလုပ်ဆောင်နေကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • လွန်ခဲ့သောနှစ်မှ ပေါ်လွင်ချက်များ
    ၂၀၀၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဌာနခွဲ အပ်နှံပွဲများ
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၂၈-စာ. ၂၉ ပိုဒ်. ၁
ဌာနခွဲအပ်နှံပွဲတစ်ခုကို တက်ရောက်လာတဲ့ ပရိသတ်တွေ

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ဌာနခွဲအပ်နှံပွဲများ

“ကျွန်မ အရမ်းပျော်နေတယ်” လို့ မာဒါဂက်စကာကျွန်း ဌာနခွဲအပ်နှံပွဲအစီအစဉ်မှာ ညီအစ်မတစ်ယောက်ပြောတယ်။ ၂၀၁၅၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့မှာ အပ်နှံပွဲကျင်းပခဲ့တာပါ။ သူနဲ့ တခြားဧည့်သည် ၅၈၃ ယောက်ဟာ လူနေခန်း ၁၉ ခန်း၊ ထမင်းစားခန်းကြီးနဲ့ ပြုပြင်မွမ်းမံထားတဲ့စားဖိုဆောင်တို့ပါတဲ့ အဆောက်အအုံသစ်ကို မြင်ရလို့ သိပ်ဝမ်းသာခဲ့ကြတယ်။ လုပ်ငန်းတော်ဌာန၊ စာရင်းအင်းဌာန၊ ဒေသန္တရ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနတို့အတွက် ရုံးခန်းတွေလည်းပါတယ်။ ဒါ့အပြင် အော်ဒီယို/ဗီဒီယိုဌာနနဲ့ လက်သင်္ကေတပြဌာနအတွက် စတူဒီယိုခန်းအသစ်တွေ ရခဲ့ကြတယ်။ မျက်မမြင်စာလုံးဖော်တဲ့ဌာနကိုလည်း ဖွင့်လှစ်ခဲ့တယ်။ ဧည့်သည်တွေဟာ မာဒါဂက်စကာကျွန်းရဲ့ ဟောပြောခြင်းလုပ်ငန်းသမိုင်းကြောင်းကို အကျဉ်းချုပ်ကြားနာပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် မာ့ခ် ဆန်ဒါစန်ရဲ့ အပ်နှံပွဲဟောပြောချက်ကို ကြားနာခဲ့ရတယ်။

မာဒါဂက်စကာကျွန်း ဌာနခွဲ လူနေအဆောက်အအုံအသစ်

မာဒါဂက်စကာကျွန်း ဌာနခွဲအဆောက်အအုံမှာ လူနေခန်း ၁၉ ခန်းပါ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က ယေဟောဝါရဲ့လူမျိုးဟာ ၂၀၁၅၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဌာနခွဲအဆောက်အအုံသစ်ကို အပ်နှံခဲ့ကြတယ်။ ဂျကာတာမြို့မှာ ရေကြီးရေလျှံနေပေမဲ့ အဲဒီနေ့မှာ ရေကျသွားလို့ တော်သေးတယ်။ ၄၂ လွှာရှိတဲ့ အဆောက်အအုံရဲ့ အလွှာတစ်လွှာမှာ ဌာနခွဲရုံးရှိပြီး အနီးနားက တိုက်ခန်းရဲ့ အလွှာပေါင်း ၁၂ လွှာမှာ ဗေသလအိမ်သားတွေ နေတယ်။ ဘေးနားက အဆောက်အအုံငယ်တွေမှာလည်း ဗေသလရဲ့ဌာနတချို့ ရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် အန်တိုနီ မောရစ္စက အပ်နှံပွဲဟောပြောချက်ပေးတယ်။ နောက်တစ်နေ့မှာတော့ “ကောင်းတဲ့အကျင့်ကို ခံနိုင်ရည်ရှိရှိကျင့်နေပါ” ဆိုတဲ့ သူ့ဟောပြောချက်ကို ဘောလုံးကွင်းကြီးမှာ လူပေါင်း ၁၅,၂၅၇ ယောက် နားထောင်ခဲ့ကြတယ်။ အစီအစဉ်ကို တခြားနေရာ ၄၁ နေရာနဲ့ ချိတ်ဆက်ထားပြီး နောက်ထပ်လူပေါင်း ၁၁,၁၈၉ ယောက် နားထောင်ခဲ့တယ်။ ဒါက အင်ဒိုနီးရှားမှာ ယေဟောဝါလူမျိုးရဲ့ အကြီးမားဆုံးစုဝေးမှုပဲ။ အင်ဒိုနီးရှားမှာ ဦးဆုံးအမှုဆောင်ခဲ့တဲ့ သာသနာပြု ရော်နယ် ဂျက်ကာက “၁၉၅၁ ခုနှစ်မှာ ကျွန်တော်စရောက်တုန်းက တစ်နိုင်ငံလုံးမှာ ကြေညာသူ ၂၆ ယောက်ပဲရှိတာ။ အခုတော့ ဒီအထူးအစီအစဉ်ကို တက်ရောက်သူ ၂၆,၀၀၀ ကျော်ရှိနေပြီ” လို့ပြောတယ်။ ယေဟောဝါဘုရားက အင်ဒိုနီးရှားမှာရှိတဲ့ သူ့လူမျိုးကို တကယ်ပဲကောင်းချီးပေးခဲ့ပါပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ