ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
အလင်းပိုထွန်းလင်းလာ
အမှန်တရားအလင်းဟာ ယေဟောဝါဆီကလာမှန်း စစ်မှန်တဲ့ဝတ်ပြုသူတွေ အသိအမှတ်ပြုတာကြောင့် ဘုရားဆီကလာတဲ့ ‘အလင်းနဲ့အမှန်တရား’ ရဲ့ ဦးဆောင်လမ်းပြမှုရဖို့ ထက်ထက်သန်သန် ဆုတောင်းကြတယ်။ (ဆာ. ၄၃:၃၊ ကဘ) လောကမှာ ပုံဆောင်သဘောအရ မှောင်မိုက်နေပေမဲ့ စစ်မှန်တဲ့ဘုရားသခင်က သူ့လူမျိုးကို အမှန်တရားအလင်း ဆက်ထွန်းလင်းပေးနေပါတယ်။ ဒါကြောင့် သူတို့ရဲ့လမ်းက ‘လင်းသထက်လင်းလာတဲ့ အရုဏ်ဦးအလင်းရောင်နဲ့ တူတယ်။’ (သု. ၄:၁၈၊ ကဘ) ယေဟောဝါဆီကလာတဲ့အလင်းဟာ အယူဝါဒပိုင်း၊ ကိုယ်ကျင့်တရားပိုင်းနဲ့ အဖွဲ့အစည်းပိုင်းကို ဆက်ထွန်းလင်းပေးနေတယ်။ မကြာသေးခင်နှစ်တွေမှာ ပိုရှင်းရှင်းလင်းလင်း နားလည်လာတဲ့ ယုံကြည်ချက်တချို့က ဘာတွေလဲ။