ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၃၈-စာ. ၄၃ ပိုဒ်. ၁
  • ကမ္ဘာတစ်ဝန်းက သတင်းထူးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာတစ်ဝန်းက သတင်းထူးများ
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကနေဒါနိုင်ငံသားအားလုံးကို ဟောပြော
  • မန်နေဂျာ အထင်ကြီးလေးစားသွား
  • လိုအပ်တဲ့လေ့ကျင့်မှုကို ယေဟောဝါပြင်ဆင်ပေး
  • ကဲန်ရဲ့ ဆန်အိတ်
  • ဗိုလ်ချုပ်ရဲ့အမိန့်
  • လွန်ခဲ့သောနှစ်မှပေါ်လွင်ချက်များ
    ၂၀၀၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • လွန်ခဲ့သောနှစ်မှ ပေါ်လွင်ချက်များ
    ၂၀၀၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • နိုင်ငံတော်သတင်းဟောပြောသူတွေ သူတို့ရဲ့အမှုကို တရားရုံးမှာတင်ပြ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၃၈-စာ. ၄၃ ပိုဒ်. ၁
ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ်၊ အင်ယူအစ်လူမျိုးစုနေထိုင်တဲ့ ကန်ဂါဆုခ်ရွာ

ကနေဒါ– ကွီဘက်ပြည်နယ်မြောက်ပိုင်း၊ အင်ယူအစ်လူမျိုးစုနေထိုင်တဲ့ ကန်ဂါဆုခ်ရွာ

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ကမ္ဘာတစ်ဝန်းက သတင်းထူးများ

ကနေဒါနိုင်ငံသားအားလုံးကို ဟောပြော

အခုဆိုရင် ကျမ်းစာကို ဘာကြောင့်လေ့လာသင့်သလဲ ဗီဒီယိုကို ကနေဒါနိုင်ငံဌာနခွဲနယ်မြေမှာရှိတဲ့ တိုင်းရင်းသားဘာသာစကားရှစ်မျိုးနဲ့ ဘာသာပြန်ဆိုပြီးပြီ။ ၂၀၁၄၊ အောက်တိုဘာလတုန်းက နျူနဗစ်အာတိတ်ဒေသမှာ ဆယ်ရက်ကြာကင်ပိန်းလုပ်ခဲ့ပြီး အဲဒီဗီဒီယိုကို အင်နွတ်တီတွတ်စကားနဲ့ ပြသခဲ့တယ်။ ရပ်ကွက် ၁၄ ခုမှာ အိမ်တိုင်းနီးပါးကို ပြသခဲ့ပြီး လူပေါင်း ၁၂,၀၀၀ ကျော် ကြည့်ရှုခဲ့ကြတယ်။

မန်နေဂျာ အထင်ကြီးလေးစားသွား

၂၀၁၄၊ စက်တင်ဘာလတုန်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဆန်းဂန် ကမ္ဘာ့အဆင့်မီ အားကစားကွင်းကြီးမှာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး ကျင်းပခဲ့တယ်။ တက်ရောက်သူ ၅၆,၀၀၀ ကျော် ရှိခဲ့တယ်။ အားကစားကွင်းရဲ့မန်နေဂျာက စည်းဝေးကြီးအတွင်း သက်သေခံတွေရဲ့ အမူအကျင့်ကောင်းနဲ့ ပူးပေါင်းလုပ်ဆောင်မှုကို ကျေးဇူးတင်လေးမြတ်ကြောင်း အခုလိုပြောတယ်– “လူတိုင်းက အမူအကျင့်ကောင်းကြတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ သန့်ရှင်းရေးလုပ်တာထက် ပိုသန့်ရှင်းအောင်လုပ်တာ မြင်ရတော့ သိပ်အံ့သြတာပဲ။ ဒီကဝန်ထမ်းတွေမှာလည်း အဲဒီလိုသဘောထားမျိုးရှိရင် သိပ်ကောင်းမှာ။ ကိုယ့်ရဲ့ဘာသာရေးသွန်သင်ချက်တွေအတိုင်း လက်တွေ့ကျင့်ချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေလို ဖြစ်ရမယ်။”

ဆိုးလ်မြို့မှာကျင်းပတဲ့ ၂၀၁၄ အပြည်ပြည်ဆိုင်ရာစည်းဝေး

တောင်ကိုရီးယား– ဆိုးလ်မြို့မှာကျင်းပတဲ့ ၂၀၁၄ အပြည်ပြည်ဆိုင်ရာစည်းဝေး

လိုအပ်တဲ့လေ့ကျင့်မှုကို ယေဟောဝါပြင်ဆင်ပေး

တခြားဘာသာရေးအဖွဲ့အစည်းတွေလိုမျိုး ဘဏ္ဍာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိနိုင်ဖို့ ယေဟောဝါသက်သေတွေ တင်သွင်းတဲ့လျှောက်လွှာကို ၂၀၁၂၊ မေလမှာ ဆွီဒင်အစိုးရက ပယ်ချလိုက်တယ်။ ဒီကိစ္စကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးတရားရုံးချုပ်မှာ အယူခံဝင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုတယ်။

တရားရုံးက စီရင်ချက်မချခင် အမှုကိုကြားနာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် မေးလာနိုင်တဲ့မေးခွန်းတွေကို ဘယ်လိုပြန်ဖြေမလဲဆိုတာ နိုင်ငံအသီးသီးကညီအစ်ကိုတွေ စုဝေးပြီး ဆွေးနွေးခဲ့ကြတယ်။ အဲဒါကို စတော့ခ်ဟုမ်းမြို့ နိုင်ငံတော်ခန်းမမှာ လုပ်ခဲ့တယ်။

ဆွေးနွေးနေတုန်း ခန်းမရဲ့လူခေါ်ခေါင်းလောင်း မြည်လာတယ်။ ညီအစ်ကိုတစ်ယောက် တံခါးသွားဖွင့်တော့ ၁၃၊ ၁၄ နှစ်အရွယ် ကောင်မလေးနှစ်ယောက်ကို တွေ့တယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီး ယေဟောဝါသက်သေတွေအကြောင်း မေးခွန်း မေးချင်လို့ပါတဲ့။ အဲဒီညီအစ်ကို အခုလိုပြောပြတယ်– “တကယ်တော့ သူတို့ကို ‘နောက်တစ်ရက်မှ ပြန်လာပါလား၊၊ အခု အလုပ်များနေတယ်။ အချိန်မပေးနိုင်ဘူး’ လို့ကျွန်တော်ပြောချင်တာ။”

ဒါပေမဲ့ ကောင်မလေးတွေသိချင်တာကို ဖြေပေးဖို့ ညီအစ်ကို ဆုံးဖြတ်လိုက်တယ်။ သူတို့က မေးခွန်းအများကြီး မေးကြတယ်။ လူမှုရေးကိစ္စတွေ၊ ရွေးကောက်ပွဲမှာ မဲပေးတာတွေနဲ့ပတ်သက်တဲ့ သတ်သတ်မှတ်မှတ် မေးခွန်းတချို့လည်း ပါတယ်။ ဒီနောက် ညီအစ်ကိုက သူ့ကိုစောင့်နေတဲ့ ညီအစ်ကိုတွေဆီ ပြန်သွားပြီး ကောင်မလေးတွေ မေးတဲ့မေးခွန်းတွေနဲ့ သူဘယ်လိုပြန်ဖြေတဲ့အကြောင်း ပြောပြတယ်။

နောက်တစ်ရက်၊ အမှုကြားနာချိန်မှာ တရားရုံးကမေးတဲ့မေးခွန်း အများစုဟာ ကောင်မလေးတွေမေးတာနဲ့ တစ်ပုံစံတည်းဖြစ်နေလို့ ညီအစ်ကိုတွေ အရမ်းအံ့သြသွားတယ်။ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် ညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “နာမည်အကြီးဆုံး ရှေ့နေတွေရှေ့မှာ ရပ်နေရတာဆိုတော့ ကျွန်တော်စိတ်လှုပ်ရှားမိပေမဲ့လည်း အရမ်းတည်ငြိမ်နေတယ်။ ကျွန်တော်တို့ လိုအပ်တဲ့လေ့ကျင့်မှုကို မနေ့ကတည်းက ယေဟောဝါ ပြင်ဆင်ပေးခဲ့တာလေ။ ဒါကြောင့် ကျွန်တော်တို့နဲ့အတူ ယေဟောဝါရှိတယ်လို့ ခံစားရတယ်။”

တရားရုံးက ကျွန်တော်တို့ကို အနိုင်ပေးလိုက်တယ်။ ဆုံးဖြတ်ချက်အသစ်ချနိုင်ဖို့ ဒီအမှုကို အစိုးရဆီ လွှဲပေးလိုက်တယ်။

ကဲန်ရဲ့ ဆန်အိတ်

ဟေတီနိုင်ငံက အသက်ခြောက်နှစ်အရွယ် ကဲန်ဟာ သူ့အသင်းတော်မှာ မကြာခင် နိုင်ငံတော်ခန်းမအသစ် ဆောက်တော့မယ်ဆိုတာ ကြားလို့ အရမ်းပျော်နေတယ်။ ဒါနဲ့ ဘယ်သူမှမသိအောင် သူ့အခန်းထဲမှာ စုဗူးထားဖို့ ဆုံးဖြတ်လိုက်တယ်။ မိဘတွေပေးတဲ့ ကျောင်းမုန့်ဖိုးကို မသုံးဘဲ ဗူးထဲထည့်တယ်။ ဆောက်လုပ်ရေးအဖွဲ့ရောက်ပြီး ပရောဂျက်စတဲ့အချိန်ထိ မပျက်မကွက် ငွေစုခဲ့တာ။ ဒီနောက် ဆောက်လုပ်ရေးညီအစ်ကိုတွေကို သူ့စုဗူး ပေးလိုက်တယ်။ အဲဒီငွေနဲ့ ဆန်အိတ်ကြီးတစ်အိတ် ဝယ်နိုင်ခဲ့တယ်။ ကဲန်လှူဒါန်းတဲ့ဆန်ကို ဆောက်လုပ်ရေးလုပ်ငန်းမှာ နေ့လယ်စာအနေနဲ့ ရက်အတော်ကြာ စားခဲ့ကြတယ်။

ဗိုလ်ချုပ်ရဲ့အမိန့်

လွန်ခဲ့တဲ့နှစ်အတွင်း ဆီအဲရာလီယွန်နိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် သီးသန့်ခွဲထားတဲ့နယ်မြေတွေထဲ ဝင်ခွင့်ရဖို့ အထူးခွင့်ပြုချက်တောင်းခဲ့ရတယ်။ ဥပမာ၊ တိုက်နယ်ကြီးကြပ်မှူးတွေ အဲဒီနယ်မြေကိုဝင်ဖို့ဆိုရင် ရင်ထိုးကတ်တွေနဲ့ မော်တော်ယာဉ်ဖြတ်သန်းခွင့်ကတ်တွေ ပါရမယ်။ စာပေနဲ့စာတွေ ပို့ပေးသူတွေလည်း အဲဒီလိုပဲ။ ကယ်ဆယ်ရေးကော်မတီဝင်တွေက ပိုးသတ်ဆေးရည်၊ အပူချိန်တိုင်းကိရိယာနဲ့ အစားအစာတွေ ပို့ပေးရတယ်။ အံ့ဩစရာက လိုအပ်တဲ့စာရွက်စာတမ်းတွေကို အမြဲတမ်းရရှိခဲ့တယ်။

ယုံကြည်ခြင်းခိုင်ခံ့စေတဲ့ တွေ့ကြုံမှုတစ်ခု ပြောပြချင်ပါတယ်။ ညီအစ်ကိုတွေဟာ ရင်ထိုးကတ် ၃၄ ခုနဲ့ မော်တော်ယာဉ်ဖြတ်သန်းခွင့်ကတ် ၁၁ ခုရရှိဖို့ လျှောက်လွှာတင်ခဲ့တယ်။ အဲဒါတွေကိုရဖို့ စစ်ဗိုလ်ချုပ်တစ်ယောက်နဲ့ အရင်တွေ့ရမှာဖြစ်တယ်။ ဒါနဲ့ ဌာနခွဲရုံးက ညီအစ်ကိုနှစ်ယောက်ဟာ ဝင်ခွင့်ကတ်နဲ့ ဖြတ်သန်းခွင့်ကတ်တွေယူဖို့ စစ်ဗိုလ်ချုပ်နဲ့ သွားတွေ့ကြတယ်။ အဲဒီကိုရောက်တော့ လျှောက်လွှာက ပျောက်နေတယ်။ လျှောက်လွှာတစ်ပုံကြီးထဲမှာ ညီအစ်ကိုတွေရှာကြည့်ပေမဲ့ မတွေ့ဘူး။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က သူ့ရုံးခန်းကိုပိတ်တော့မယ်၊ နောက်နှစ်ပတ်အထိ ဘယ်လျှောက်လွှာကိုမှ လက်မခံနဲ့လို့ သူ့အတွင်းရေးမှူးကို ပြောတယ်။ ညီအစ်ကိုတွေလည်း ယေဟောဝါရဲ့အကူအညီရဖို့ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က ညီအစ်ကိုတွေကိုကြည့်ပြီး “ဝင်ခွင့်ကတ်နဲ့ ဖြတ်သန်းခွင့်ကတ် ဘယ်လောက်လိုသလဲ” လို့မေးတယ်။ လိုအပ်တဲ့ပမာဏကို ပြောပြလိုက်တော့ ဗိုလ်ချုပ်က ထိုင်ခုံကထပြီး “များလှချည်လား” ဆိုပြီး အော်ပြောတယ်။

ညီအစ်ကိုတွေက အဖွဲ့အစည်းလုပ်ဆောင်မှုအကြောင်း၊ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားနေချိန်မှာ ကယ်ဆယ်ရေး ဘယ်လိုလုပ်ဆောင်နေတဲ့အကြောင်း ရှင်းပြတယ်။ ဒီအခါ ဗိုလ်ချုပ်က သူ့အတွင်းရေးမှူးကို “သူတို့လိုအပ်တာအားလုံး ပေးလိုက်” လို့ပြောတယ်။

အနောက်အာဖရိကမှာရှိတဲ့ နိုင်ငံတော်ခန်းမအားလုံးမှာ လက်ဆေးတဲ့စနစ်ထားပေး

ဂီနီနဲ့ ဆီအဲရာလီယွန်– နိုင်ငံတော်ခန်းမအားလုံးမှာ လက်ဆေးတဲ့စနစ်ထားပေး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ