ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၇၁
  • ဘယ်လိုလူစားမျိုးကို စံထားရသူအဖြစ် ရွေးချယ်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်လိုလူစားမျိုးကို စံထားရသူအဖြစ် ရွေးချယ်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အသေအချာ ရွေးချယ်ရမလဲ
  • ဘယ်လို ရွေးမလဲ
  • ငါအားကျတဲ့ စံထားရသူတွေက ဘယ်သူတွေလဲ
    နိုးလော့!—၂၀၁၂
  • မည်သူသည် ကျွန်ုပ်၏စံနမူနာရှင်ဖြစ်သင့်သနည်း
    နိုးလော့!—၁၉၉၉
  • ကိုယ်တော်၏ နောက်လိုက်များဖြစ်လာရန် သူတို့အားတိုက်တွန်းလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏ထူးခြားသောအခန်းကဏ္ဍကို လေးမြတ်တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၇၁
လူငယ်တစ်ဦး စံထားရသူ အမျိုးမျိုးကို ကြည့်နေ

လူငယ်များအမေး

ဘယ်လိုလူစားမျိုးကို စံထားရသူအဖြစ် ရွေးချယ်မလဲ

“ကျောင်းမှာ အခက်အခဲ ကြုံတဲ့အခါ ကျွန်မလို ထပ်တူ ကြုံဖူးသူတစ်ယောက်အကြောင်း စဉ်းစားလိုက်တော့ စိတ်သက်သာသွားတယ်။ ဒါနဲ့ သူလုပ်သလို လုပ်ဖို့ ကြိုးစားကြည့်တယ်။ ကိုယ်စံထားရသူ ရှိတော့ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်လွှားဖို့ လွယ်သွားတာပေါ့။”​​—ဟေလီ။

အခက်အခဲတွေ ရှောင်ပြီး ကိုယ့်ပန်းတိုင်ကို ရောက်ဖို့ စံထားရသူက အကူအညီ ဖြစ်နိုင်တယ်။ အရေးကြီးတာက စံနမူနာ ကောင်းတဲ့သူကို ရွေးထားဖို့ပဲ။

  • ဘာကြောင့် အသေအချာ ရွေးချယ်ရမလဲ

  • ဘယ်လို ရွေးမလဲ

  • ရွယ်တူချင်းတွေ ပြောဆိုရာ

ဘာကြောင့် အသေအချာ ရွေးချယ်ရမလဲ

  • သင်ရွေးချယ်ထားတဲ့ စံထားရသူတွေက သင့်ကို လွှမ်းမိုးနိုင်လို့ ဖြစ်တယ်။

    ပုံသက်သေကောင်းသူတွေကို အတုယူဖို့ ကျမ်းစာက ဒီလိုမှာတယ်– “သူတို့ရဲ့ လုပ်ရပ်ကြောင့် ဖြစ်လာတဲ့ ကောင်းကျိုးတွေကို စဉ်းစားဆင်ခြင်ပြီး သူတို့ရဲ့ ယုံကြည်ခြင်းကို အတုယူပါ။”​—ဟီဘရူး ၁၃:၇။

    အကြံပြုချက်– စံထားရသူအဖြစ် သင်ရွေးချယ်ထားတဲ့သူဟာ သင့်ကို အကောင်းဘက်၊ အဆိုးဘက် လွှမ်းမိုးနိုင်တဲ့အတွက် နာမည်ကြီးသူ၊ ကိုယ်နဲ့ သက်တူရွယ်တူကိုသာ မဟုတ်ဘဲ တကယ် အရည်အချင်းကောင်း ရှိသူတွေကို ရွေးချယ်ပါ။

    “အယ်ဒမ်ဆိုတဲ့ ခရစ်ယာန်ချင်းတစ်ယောက်ရဲ့ သဘောထား၊ ပြောဆိုပြုမူပုံကနေ ကျွန်တော် အတော်လေး တတ်သိလာတယ်။ သူပြောတာ၊ လုပ်တာတွေ တချို့ကို အခုထိ မှတ်မိသေးတယ်။ ကျွန်တော့်ကို သူ ဘယ်လောက် လွှမ်းမိုးခဲ့တယ်ဆိုတာ သူတော့ သိမှာ မဟုတ်ဘူး။”​—ကော်လင်။

  • သင်ရွေးချယ်ထားတဲ့ စံထားရသူတွေက သင့်အတွေးအခေါ်၊ ခံစားချက်တွေကို လွှမ်းမိုးနိုင်တယ်။

    ကျမ်းစာက “လှည့်စားမခံကြပါနဲ့။ မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့အကျင့်ကို ပျက်စီးစေတတ်တယ်” လို့ ဆိုတယ်။​—၁ ကောရိန္သု ၁၅:၃၃။

    အကြံပြုချက်– ရုပ်ရည်ကိုပဲ ကြည့်ပြီး မရွေးပါနဲ့၊ အရည်အချင်းကောင်း ရှိသူကို ရွေးပါ။ အဲဒီလိုမှမဟုတ်ရင် သင် စိတ်ဓာတ်ကျသွားရလိမ့်မယ်။

    “ချောမောလှပသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်နေမယ်ဆိုရင် သိမ်ငယ်စိတ်တွေ ဝင်ပြီး ငါက ရုပ်ဆိုးလိုက်တာလို့ ခံစားနေရမယ်။ ဒါနဲ့ ကိုယ့်ရဲ့ ရုပ်ရည်ကိုပဲ အာရုံစိုက်နေမိရော။”​—တမာရာ။

    စဉ်းစားစရာ– အကျော်အမော်တွေ၊ အားကစားသမားတွေကို စံထားရသူအဖြစ် ရွေးချယ်ရင် ဘယ်လို ဆိုးကျိုးတွေ ကြုံနိုင်သလဲ။

  • သင်ရွေးချယ်ထားတဲ့ စံထားရသူတွေက သင့်ကို ပန်းတိုင်ရောက်စေနိုင်သလို ပန်းတိုင်မရောက်အောင်လည်း ဖြစ်စေနိုင်တယ်။

    ကျမ်းစာက “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်” လို့ ဆိုတယ်။​—ပညာအလိမ္မာ ၁၃:၂၀။

    အကြံပြုချက်– ကိုယ့်မှာ ရှိချင်တဲ့ အရည်အချင်းကောင်းတွေ ရှိသူကိုပဲ စံထားရသူအဖြစ် ရွေးချယ်ပါ။ သူတို့ကို အကဲခတ်ရင်း ပန်းတိုင်ရောက်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာ သိလာမယ်။

    “‘ပိုတာဝန်သိတတ်သူ ဖြစ်ချင်တယ်’ ဆိုပြီး ပေါ့ပေါ့လေး မပြောပါနဲ့။ အဲဒီအစား ‘ဂျိန်းလို ပိုတာဝန်သိတတ်သူ ဖြစ်ချင်လိုက်တာ။ သူက ဘယ်တော့မှ နောက်မကျဘူး။ သူ့တာဝန်တွေကို လေးစားတယ်’ လို့ ပြောရင် ပိုကောင်းတယ်။”​​—မီရီအမ်။

    အဓိကအချက်– စံနမူနာ ကောင်းတဲ့သူကို ရွေးထားရင် သူ့လို ဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်မယ်။

စံနမူနာ ကောင်းတဲ့သူကို လူငယ်တစ်ဦး အားကျနေ

စံနမူနာ ကောင်းတဲ့သူကို အတုယူတာက ပန်းတိုင်ရောက်ဖို့ လွယ်ကူစေတယ်။

ဘယ်လို ရွေးမလဲ

နည်းနှစ်နည်းထဲက တစ်နည်းနဲ့ စံထားရသူကို ရွေးနိုင်တယ်။

  1. ၁။ ကိုယ့်မှာ ရှိချင်တဲ့ အရည်အချင်းတစ်ခုကို ရွေးပါ။ အဲဒီအရည်အချင်းရှိတဲ့ သင် အားကျသူကို ရွေးပါ။

  2. ၂။ သင်အားကျသူကို ရွေးပါ။ ကိုယ့်မှာရှိစေချင်တဲ့ သူ့ရဲ့ အရည်အချင်းတစ်ခုကို ရွေးပါ။

ဒီဆောင်းပါးနဲ့ ပူးတွဲပါ လေ့ကျင့်ခန်းစာရွက်က ကူညီပေးပါလိမ့်မယ်။

စံထားရသူတွေထဲမှာ ပါဝင်နိုင်သူတွေက–

  • ရွယ်တူချင်းတွေ။ “ကျွန်မရဲ့ အခင်ဆုံး သူငယ်ချင်းလို ဖြစ်ချင်တယ်။ သူက တခြားသူတွေကို သိပ်စာနာတတ်တာ။ ကျွန်မထက် အသက်ငယ်ပေမဲ့ ကျွန်မမှာ မရှိတဲ့ အရည်အချင်းကောင်းတွေ သူ့မှာ အများကြီးပဲ။ အဲဒါကြောင့် သူ့လို ဖြစ်ချင်တာ။”​​—မီရီအမ်။

  • လူကြီးတွေ။ မိဘ ဒါမှမဟုတ် ယုံကြည်ခြင်းတူသူတွေ ဖြစ်နိုင်တယ်။ “ကျွန်မမိဘတွေဟာ ကျွန်မရဲ့ စံထားရသူတွေပါ။ သူတို့မှာ ချီးကျူးစရာ အရည်အချင်းတွေ အများကြီးပဲ။ အပြစ်အနာအဆာတွေတော့ ရှိကြတာပေါ့၊ ဒါပေမဲ့ သူတို့ဟာ တကယ် သစ္စာရှိသူတွေပါ။ သူတို့အသက်အရွယ်ရောက်ရင် ကျွန်မကို သူတို့နဲ့ တူတယ်လို့ အပြောခံချင်တယ်။”​​—အယ်နက်တ်။

  • ကျမ်းစာ ဇာတ်ကောင်များ။ “ကျမ်းစာထဲက တိမောသေ၊ ရုသ၊ ယောဘ၊ ပေတရု၊ အစ္စရေးမိန်းကလေး စတဲ့သူတွေကို ကျွန်မရဲ့ စံထားရသူတွေအဖြစ် ရွေးထားတယ်။ သူတို့အကြောင်း ပိုသိလာလေ သူတို့ကို ပိုအတုယူချင်လေပဲ။ သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါစာအုပ်နဲ့ လူငယ်များအမေး​—တာသွားသည့်အဖြေ စာအုပ်၊ အတွဲ နှစ်ခုစလုံးမှာ ပါတဲ့ ‘စံထားအပ်သူများ’ အကြောင်းကို လေ့လာရတာ ပျော်တယ်။”​​—မီလင်ဒါ။

အကြံပြုချက်– စံထားရသူ တစ်ယောက်တည်း မရွေးပါနဲ့။ “ကျွန်တော်တို့ပြတဲ့ စံနမူနာကောင်းကို လိုက်တဲ့သူတွေကို ဂရုတစိုက် ကြည့်နေကြပါ” လို့ ခရစ်ယာန်ချင်းတွေကို တမန်တော်ပေါလုက ပြောတယ်။​—ဖိလိပ္ပိ ၃:၁၇။

သင်သိပါသလား။ သင်ကိုယ်တိုင် တစ်ယောက်ယောက်ရဲ့ စံထားရသူ ဖြစ်နိုင်တယ်။ ကျမ်းစာ ဒီလိုဆိုတယ်– “အပြောအဆို၊ အပြုအမူ၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတွေမှာ သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ရမယ်။”​​—၁ တိမောသေ ၄:၁၂။

“သင်ကိုယ်တိုင် ဆက်ကြိုးစားနေရင်း တခြားသူကိုလည်း ပိုကောင်းသူဖြစ်လာဖို့ ကူညီပေးနိုင်တယ်။ သင့်ကို ဘယ်သူ ဂရုစိုက်ကြည့်နေတယ်၊ သင့်ရဲ့ စကားတစ်ခွန်းက တခြားသူရဲ့ ဘဝကို ဘယ်လို ပြောင်းလဲစေနိုင်တယ်ဆိုတာ မသိနိုင်ဘူး။”​—ကီအာနာ။

ရွယ်တူချင်းတွေ ပြောဆိုရာ

အယ်မာ

“နာမည်ကြီးသူ အတော်များများဟာ ယေဟောဝါ ပေးထားတဲ့ ခန္ဓာကိုယ်ကို တလွဲ အသုံးပြုကြတယ်။ ဒီလိုလူတွေကို စံထားရင် ကျွန်မတို့ လျှောက်သင့်တဲ့ လမ်းကနေ လွဲသွားပြီး ဒုက္ခရောက်နိုင်တယ်။”​​—အယ်မာ။

ဂျပ်စတင်း

“အတုယူဖို့ စံနမူနာ ကောင်းတဲ့သူ ရှိမယ်ဆိုရင် ဘဝမှာ အောင်မြင်လိမ့်မယ်။ ဘဝနာပြီးမှ သင်ခန်းစာ ရမယ့်အစား တခြားသူ လုပ်တာကို ဂရုစိုက်ကြည့်ပြီး သင်ခန်းစာ ယူနိုင်တယ်။”​—ဂျပ်စတင်း။

မိုက်ကာ

“စံထားရသူတွေကို ရှာတွေ့ဖို့ဆိုရင် လူတွေနဲ့ ပေါင်းသင်းပြီး သူတို့နဲ့ သိကျွမ်းလာဖို့ လိုတယ်။ စံထားရသူတွေကို မထင်မမှတ်တဲ့ နေရာတွေမှာ ရှာတွေ့နိုင်တယ်။”​—မိုက်ကာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ