ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၆ ၇/၈ စာ. ၁၀-၁၁
  • ကမ္ဘာ့လေထုကိုကယ်တင်မည့်နည်းလမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့လေထုကိုကယ်တင်မည့်နည်းလမ်း
  • နိုးလော့!—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိန်းသိမ်းရေးအစီအစဉ်များ
  • သန့်စင်သောကမ္ဘာနီးပြီ
  • ကမ္ဘာ့လေထု ဖျက်ဆီးခံရသောအခါ
    နိုးလော့!—၁၉၉၆
  • အဖိုးတန်သော ကမ္ဘာ့လေထု
    နိုးလော့!—၁၉၉၆
  • ကမ္ဘာ့အစွမ်းထက်သော အကာအရံများ
    နိုးလော့!—၂၀၀၉
  • ရှင်သန်နေသောဂြိုဟ်
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၆
န၉၆ ၇/၈ စာ. ၁၀-၁၁

ကမ္ဘာ့လေထုကိုကယ်တင်မည့်နည်းလမ်း

မိုးကောင်းကင်ကို ညစ်ညမ်းအောင်လုပ်နေခြင်းမှ လူသားများ ရပ်တန့်လိုသည့်ဆန္ဒရှိပါမည်လော။ ဤနည်းသည် ကမ္ဘာ့လေထုကိုကယ်တင်သည့် နည်းလမ်းပင်ဖြစ်သလော။

မဟုတ်ပါ၊ အဖိုးတန်သောကမ္ဘာ့လေထု၏ ကယ်တင်ခြင်းသည် ညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ လိုအပ်ချက်များကို လူသားများလိုက်လျောလာခြင်းအပေါ် မမူတည်ပါ။ အထွတ်အမြတ်အာဏာ ပိုင်သတော်မူသောအရှင် ကြားဝင်စွက်ဖက်မှသာ သန့်ရှင်းသောလေထုမက သန့်ရှင်းသောကမ္ဘာမြေကြီးပါ ဖြစ်ပေါ်လာမည်။

ဖန်ဆင်းရှင်သည် ကမ္ဘာမြေကြီးနှင့်တကွ ကမ္ဘာပေါ်မှသက်ရှိတို့ကို ဂရုစိုက်တော်မူကြောင်း ကမ္ဘာကိုအံ့ဖွယ်ကောင်းသောနည်းဖြင့် ပုံစံထုတ်ထားခြင်းက သက်သေထူသည်။ ကိုယ်တော်သည် ကမ္ဘာကိုထာဝစဉ်တည်တံ့အောင် ဖန်ဆင်းတော်မူခဲ့၏။—ဆာလံ ၁၀၄:၅၊ ၂၄။

ထိန်းသိမ်းရေးအစီအစဉ်များ

သာဓကအားဖြင့် လေထုကို မိမိဘာသာ ပြုပြင်သန့်ရှင်းနိုင်ရန် ဖန်ဆင်းထားတော်မူ၏။ လေထုအထက်ပိုင်းရှိ အိုဇုန်းအကြောင်းစဉ်းစားဆင်ခြင်ကြည့်ပါ။ ကမ္ဘာပေါ်ရှိလူသားများကိုသေစေတတ်သည့် ခရမ်းလွန်ရောင်ခြည်ဖြာထွက်မှုကို စုပ်ယူထားနိုင်ရန် အိုဇုန်းလွှာကိုပညာသားပါစွာ တီထွင်ဖန်တီးထား၏။ တစ်ချိန်တည်း၌ ကမ္ဘာ့သက်ရှိများလိုအပ်သော အန္တရာယ်ကင်းသည့်အလင်းကိုမူ ဖြတ်သန်းသွားစေသည်။

လူတို့တီထွင်သည့် ကလိုရိုဖလူအိုရိုကာဗွန်သည် လေထုအထက်ပိုင်းအတွင်းသို့တက်သွားပြီး အိုဇုန်းလွှာကို ဆိုးဆိုးရွားရွားဖျက်ဆီးပစ်ကြောင်း စောစောပိုင်းက ကျွန်ုပ်တို့လေ့လာမှတ်သားခဲ့ရသည်။ အကာအကွယ်ပေးသည့် အိုဇုန်းလွှာကို မည်သို့ ပြန်လည်ဖြည့်တင်းမည်နည်း။ အံ့ဩစရာကောင်းသည်မှာ အိုဇုန်းလွှာကို မိမိဘာသာပြန်လည်ပြုပြင်နိုင်အောင် ဖန်ဆင်းရှင်က ပုံစံထုတ်တီထွင်ထားတော်မူ၏။ မှန်ပါသည်၊ အိုဇုန်းသည် လေထုအထက်ပိုင်းအတွင်း၌ အဆက်မပြတ် ဖန်တီးဖြစ်တည်လျက်ရှိသည်။ အမှန်ဆိုရလျှင် အိုဇုန်းစစ်ထုတ်ပစ်သည့် အန္တရာယ်ကြီးမားသော ထိုရောင်ခြည်များက အိုဇုန်းကိုဖန်တီးဖြစ်တည်စေသည်။ ဤသို့ ဖြင့် လူတို့၏ညစ်ညမ်းမှုကြောင့် အိုဇုန်းလျင်မြန်စွာပျက်ပြုန်းနေစဉ် တစ်ချိန်တည်း၌ အိုဇုန်းအချို့ကို ပြန်လည်ဖြည့်တင်းလျက်ရှိသည်။

တန်ချိန်သန်းပေါင်းသန်း ၅,၀၀၀ ရှိသောလေအများထုတည်ရှိရာ လေထုအောက်ပိုင်းအတွင်း၌လည်း အခြေအနေမှာ အလားတူပင်ဖြစ်သည်။ သဘာဝသံသရာများက အံ့ချီးဖွယ်ကောင်းသောနည်းများဖြင့် လေထုထဲမှညစ်ညမ်းပစ္စည်းများကို လျင်မြန်စွာပင် သန့်ရှင်းစင်ကြယ်စေကြသည်။ The World Book Encyclopedia စွယ်စုံကျမ်းက ဤသို့မှတ်ချက်ပေးထားသည်– “တိုက်လေများက ညစ်ညမ်းပစ္စည်းများကို ကွဲလွင့်စေပြီး မိုးရေနှင့်နှင်းတို့က ယင်းတို့ကိုမြေကြီးပေါ်ရောက်အောင် ဆေးကြောချသည်။”

သို့ ဖြစ်သောကြောင့် အကယ်၍လူသားတို့က လေထုညစ်ညမ်းအောင်ပြုလုပ်ခြင်းကို ရပ်တန့်ပစ်မည်၊ သို့မဟုတ် ထိုသို့သောညစ်ညမ်းမှုကို အကြီးအကျယ်ကန့်သတ်ပစ်မည်ဆိုပါက နေရာတိုင်း၌ရှိသောလေသည် မကြာမီအတွင်း သန့်ရှင်းလတ်ဆတ်မွှေးကြိုင်လာပေမည်။ သို့သော် အထက်ပါစွယ်စုံကျမ်းက ပြဿနာ၏အရင်းခံကိုထောက်ပြပြီးနောက် ဤသို့ရှင်းပြထားသည်– “ဒေသများစွာ၌ မိုးလေဝသအခြေအနေများ ဖယ်ရှားပစ်နိုင်သည်ထက် လျင်မြန်သည့်နှုန်းဖြင့် ညစ်ညမ်းပစ္စည်းများကို လေထုအတွင်းသို့ ထည့်သွင်းလျက်ရှိကြသည်။”

သို့ ဖြစ်လျှင် လေထုညစ်ညမ်းအောင် လူတို့တစ်ကိုယ်ကောင်းဆန်စွာ ပြုလုပ်နေခြင်းကို မည်သို့ရပ်တန့်စေမည်နည်း။

သန့်စင်သောကမ္ဘာနီးပြီ

ဘုရားသခင်ကိုယ်တော်တိုင် ဝင်ရောက်စွက်ဖက်သည့်အခါကျမှ ညစ်ညမ်းမှုရပ်တန့်မည်ဖြစ်သည်။ ကိုယ်တော်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဟုသမ္မာကျမ်းစာက တင်ကူးဟောထား၏။ (ဗျာဒိတ် ၁၁:၁၈) လှပသောဤကမ္ဘာမြေနှင့် အသက်ရှင်ရေးထောက်ပံ့ပေးသည့် လေထုတို့ကို လောဘကြီးသူများ အကန့်အသတ်မရှိ ဆက်လက်ညစ်ညမ်းအောင်ပြုလုပ်ခြင်းကို ကိုယ်တော်ခွင့်ပြုတော်မူမည်မဟုတ်။ ကိုယ်တော်ဤသို့ကတိပေးသည်– “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်။”—ဆာလံ ၃၇:၉။

ပြစ်မှားသောသူတို့ကို မည်သို့ပယ်ရှင်းပစ်မည်နည်း။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော် အစိုးရအားဖြင့်ဖြစ်ပါမည်။ သမ္မာကျမ်းစာကဤသို့ကတိပြုထားသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) နောက်တော်လိုက်များအား ဆုတောင်းရန် ယေရှုသင်ကြားပေးတော်မူခဲ့သည့် နိုင်ငံတော်မှာ ဤဘုရားသခင်၏ နိုင်ငံတော်အစိုးရပင်ဖြစ်သည်– “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။”—မဿဲ ၆:၁၀။

ကမ္ဘာမြေကြီးအတွက် ဘုရားသခင်ထားရှိတော်မူသည့်အလိုတော်မှာ လူသားများသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုကိုခံယူ၍ ညစ်ညမ်းမှုကင်းသည့်ပတ်ဝန်းကျင်တွင် ပျော်ရွှင်စွာနေထိုင်ရန်ဖြစ်ပါသည်။ ယင်းကြောင့်လည်း ဘုရားသခင်က “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ပစ်ရန်ဆုံးဖြတ်ထားတော်မူခြင်းဖြစ်သည်။ (ဗျာဒိတ် ၁၁:၁၈) မည်မျှအင်အားကြီးမားသည့် ကယ်တင်ခြင်းလုပ်ရပ်ပါတကား!

တစ်ကိုယ်ကောင်းဆန်သောလူသားများ စုပုံခဲ့သည့်ညစ်ညမ်းမှုအားလုံးကင်းသော ကမ္ဘာပေါ်အသက်ရှင်ရသည်ကို စိတ်ကူးကြည့်လိုက်ပါ! ထိုအချိန်တွင် အဖိုးတန်သောကမ္ဘာ့လေထုသည် ကျန်းမာရေးအတွက်ကောင်းသော အခြေအနေသို့ပြန်လည်ရောက်ရှိပေမည်။ အောက်ပါကျမ်းစာကတိတော် ပြည့်စုံသည့်အခါ၌ ဤသို့ဖြစ်လာပေမည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄; ၂ ပေတရု ၃:၁၃။

ဘုရားသခင်ကတိထားတော်မူရာ ဖြောင့်မတ်သောကမ္ဘာသစ်အတွင်း ကပ်ကျော်ဝင်ရောက်နိုင်ရန် သင်ဘာလုပ်ရမည်နည်း။ မိမိ၏ကိုယ်စားလှယ်တော်အဖြစ် ကမ္ဘာမြေကြီးသို့ ဘုရားသခင် စေလွှတ်တော်မူလိုက်သောအရှင်၏ ဒေသနာတော်များကို လေ့လာဆည်းပူး၍ လိုက်နာစောင့်ရှောက်ရန်လိုသည်။ (ယောဟန် ၃:၁၆; ၇:၂၉) ဘုရားသခင့်ကိုယ်စားလှယ်တော် ယေရှုခရစ်တော်က ဘုရားသခင်ထံ ဤသို့ဆုတောင်းတော်မူခဲ့သည်– “ထာဝရအသက်ဟူသည် တစ်ဆူတည်းသောဘုရားဖြစ်တော်မူသည့် ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။”—ယောဟန် ၁၇:၃၊ သတင်းကောင်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သန့်ရှင်းစင်ကြယ်၍ ညစ်ညမ်းမှုကင်းသော ပရဒိသုကမ္ဘာမြေကြီး ရောက်လုနီးပြီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ