ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၄/၈ စာ. ၃
  • ဥယျာဉ်ကို ကျွန်ုပ်တို့မြတ်နိုးမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဥယျာဉ်ကို ကျွန်ုပ်တို့မြတ်နိုးမှု
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဥယျာဉ်များသည် ပိုကျန်းမာစေနိုင်
  • ကျော်ကြားသောဥယျာဉ်အချို့ကို ဆန်းစစ်ခြင်း
    နိုးလော့!—၁၉၉၈
  • လှလိုက်တဲ့ ဥယျာဉ်ကလေး
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဟင်းသီးဟင်းရွက်ခြံတစ်ခြံ စိုက်ပျိုးပါလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • လူသည် ပရဒိသုတွင် ဘဝကို ပျော်မွေ့ရန် ဘုရားသခင်ကြံရွယ်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၄/၈ စာ. ၃

ဥယျာဉ်ကို ကျွန်ုပ်တို့မြတ်နိုးမှု

ဘဝ၏ ဆူညံပြီး ဗျာများရခြင်းမှလွတ်ကင်းရာအဖြစ် လှပသည့်ဥယျာဉ်တစ်ခု၏ ဆိတ်ငြိမ်မှုသည် သင့်အတွက်ကြည်နူးစရာမဖြစ်ပေလော။ သင့်မိသားစုနှင့်အတူပျော်ပွဲစားထွက်ဖို့ သို့မဟုတ် မိတ်ဆွေတစ်ဦးနှင့်အေးအေးလူလူလမ်းလျှောက်ဖို့ မြက်ခင်းများ၊ ပန်းများ၊ အရိပ်ရအပင်များ၊ ရေကန်များရှိသည့် တိတ်ဆိတ်သောပန်းခြံများကို သင်ရွေးမည်မဟုတ်ပေလော။ မှန်ပါသည်၊ ဥယျာဉ်ခြံသည် စိတ်ချမ်းသာမှု၊ လန်းဆန်းမှု၊ ငြိမ်းချမ်းမှုနှင့် ကုသမှုကိုပင်ပေးနိုင်သည်!

အချိန်မပေးနိုင်သည့်အတွက် ဥယျာဉ်ကိုပြုစုပျိုးထောင်ဖို့ အချို့စိတ်မပါဘဲနေကြမည်ဖြစ်သော်လည်း ဥယျာဉ်၏ရောင်စုံများ၊ သင်းပျံ့သောရနံ့များ၊ အသံဗလံများနှင့် သစ်သီးဝလံများကို ကျွန်ုပ်တို့နှစ်ခြိုက်ကြပါသည်။ သောမတ်စ်ဂျက်ဖာစင်—ဗိသုကာပညာရှင်၊ သိပ္ပံပညာရှင်၊ ရှေ့နေ၊ တီထွင်သူနှင့် အမေရိကန်သမ္မတ—သည် ဥယျာဉ်ကိုကြိုက်နှစ်သက်ခဲ့သည်။ သူက ဤသို့ရေးခဲ့သည်– “မြေကြီးကိုပြုစုပျိုးထောင်ခြင်းတမျှ ကျွန်တော့်ကို စိတ်ကြည်နူးစေသည့်အလုပ်မရှိပါ။ . . . ယခုထိ ဥယျာဉ်စိုက်ဖို့ ဝါသနာပါနေဆဲဖြစ်သည်။ ကျွန်တော်အသက်ကြီးနေပြီဖြစ်သော်လည်း ဥယျာဉ်မှူးငယ်တစ်ယောက်သာဖြစ်ပါသည်။”

လူအများ သူ၏သဘောထားမျိုးရှိကြသည်။ နှစ်စဉ်ပင် ကမ္ဘာ့နာမည်ကျော်ဥယျာဉ် အနည်းငယ်ဖြစ်သည့် အင်္ဂလန်နိုင်ငံရှိ ကယူးဥယျာဉ်များ (တော်ဝင်ရုက္ခဗေဒဥယျာဉ်များ); ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ဥယျာဉ်များ; ပြင်သစ်နိုင်ငံရှိ ဗာဆိုင်းနန်းတော်ဥယျာဉ်များ; အမေရိကန်၊ ပင်စဲလ်ဗေးနီးယားရှိ လောင်းဝုဒ်ဥယျာဉ်များသို့ ခရီးသည်သန်းပေါင်းများစွာတို့သည် တဖွဲဖွဲလာရောက်ကြသည်။ နိုင်ငံများစွာတွင်လည်း သစ်ပင်များတန်းစီစိုက်ထားသည့် ရိပ်သာလမ်းများတစ်လျှောက်တွင် ဆောက်ထားသောအိမ်များပတ်လည်တွင် ပရဒိသုငယ်အလား ချုံပင်များ၊ သစ်ပင်များနှင့် ရောင်စုံပန်းပင်များဝန်းရံလျက်ရှိသည့် မြို့ဆင်ခြေဖုံးအရပ်များရှိသည်။

ဥယျာဉ်များသည် ပိုကျန်းမာစေနိုင်

လူတို့သည် ပန်းပင်၊ သစ်ပင်များ၊ ချုံပင်များနှင့် ငှက်များကို ပြတင်းပေါက်မှပင် တွေ့မြင်ရဦးတော့ သဘာဝလောကနှင့်ထိတွေ့မှုရှိသည့်အခါ ပိုကျန်းမာကြောင်းတွေ့ရှိခဲ့ကြရသည်။ ယင်းကြောင့် နယူးယောက်မြို့ဆေးရုံကြီး၏အမိုးပေါ်တွင် ဥယျာဉ်တစ်ခုကိုပြုလုပ်ထားသည်။ ယင်းကို “ဝမ်းသာအားရ လက်ခံခဲ့” ကြသည်ဟုဆေးရုံအရာရှိတစ်ဦးကပြောသည်။ “ယင်းသည် လူနာနှင့် ဝန်ထမ်းများအတွက်ပါ စိတ်အားတက်စရာဖြစ်ခဲ့သည်။ . . . ရောဂါကုပေးနိုင်စွမ်းများစွာရှိကြောင်းလည်း တွေ့ရှိခဲ့ရကြပြီ။” အမှန်မှာ လူတို့သည် သဘာဝကိုအာရုံစိုက်ကြခြင်းဖြင့် ကာယပိုင်း၊ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာတို့တွင် အကျိုးခံစားရကြောင်း လေ့လာမှုများကဖော်ပြသည်။

ထို့အပြင် ဝိညာဉ်ရေးစိတ်ဓာတ်ရှိသူတစ်ဦးသည် ဘုရားသခင်၏လက်ရာတော်အလယ်တွင်ရှိနေစဉ် ကိုယ်တော်နှင့်ပို၍ရင်းနှီးသည်ဟုခံစားရပေမည်။ ဥယျာဉ်နှင့်ပတ်သက်သော ဤအမြင်ကို လူသားနှင့် ဘုရားသခင် ပထမဦးဆုံးဆက်သွယ်ခဲ့သည့် ကမ္ဘာ့ပထမဆုံးဥယျာဉ်၊ ဧဒင်ဥယျာဉ်သို့ ပြန်ခြေရာကောက်နိုင်ပါသည်။—ကမ္ဘာဦး ၂:၁၅-၁၇; ၃:၈။

တစ်ကမ္ဘာလုံးတွင် ဥယျာဉ်ကိုကြိုက်နှစ်သက်သောစိတ်ရှိကြသည်။ ကျွန်ုပ်တို့သိရှိကြမည့်အတိုင်း အကြောင်းရှိသည်။ သို့သော် ထိုကဏ္ဍကိုမဆွေးနွေးမီ လူသားအားလုံး၏နှလုံးထဲတွင် ပရဒိသုကိုတမ်းတသောစိတ် အမှန်တကယ်ရှိကြောင်းကိုသိရှိရန် သမိုင်းဝင်ဥယျာဉ်အနည်းငယ်အတွင်း “လျှောက်လှမ်း” သွားကြည့်ကြရန်ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ