ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၁၃၂-၁၃၃
  • ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂျော်ဂျီယာ–ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရာ
    နိုးလော့!—၁၉၉၉
  • ကျမ်းစာပြောတာကို ကိုယ့်မျက်စိနဲ့ မြင်ရပြီ
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • လမ်းညွှန်မှုရဖို့ ယေဟောဝါကို မျှော်ကိုးခဲ့
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ကျွန်တော့်ဘဝကို ပြောင်းလဲချင်ခဲ့
    ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၁၃၂-၁၃၃

ဂျော်ဂျီယာ

ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်

မာဒိုနာ ကန်ကီယာ

  • မွေးဖွားတဲ့နှစ် ၁၉၆၂

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၉၀

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း ဂျော်ဂျီယာနိုင်ငံက ကွန်မြူနစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး လူအတော်များများကို အမှန်တရား သိလာအောင် ကူညီပေးခဲ့တယ်။ ၂၀၁၅ ခုနှစ်၊ တဘီလီဆီမြို့မှာ ကျင်းပတဲ့ ပထမဆုံး သတင်းကောင်းဟောပြောသူများသင်တန်းကို တက်ရောက်ခဲ့သူ ဖြစ်တယ်။

မာဒိုနာ ကန်ကီယာ

၁၉၈၉ ခုနှစ်တုန်းက ကျမ်းစာအမှန်တရား ကြားတော့ ကျွန်မရဲ့ ဇာတိမြို့ ဆေနာကီမှာ ထင်ရှားတဲ့ ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့သူ တစ်ယောက်ပါ။ ဒီနေ့ခေတ် ပါလီမန်လွှတ်တော်နဲ့ တန်းတူဖြစ်တဲ့ ဂျော်ဂျီယာ ဆိုဗီယက်တရားရုံးချုပ်မှာ ပုံမှန်ရုံးထိုင်တယ်။ လူငယ်တစ်ယောက်နဲ့လည်း စေ့စပ်ထားတာမို့ အောင်မြင်နေပြီလို့ ယူဆခဲ့တယ်။

ဘုရားကို ချစ်တတ်အောင် အဖေနဲ့ အမေက သင်ပေးတယ်။ ဒါကြောင့် ကွန်မြူနစ်တစ်ယောက် ဖြစ်ပေမဲ့ ဘုရားကို ယုံတယ်။ ကျမ်းစာ စလေ့လာတော့ ကျွန်မရဲ့ မေးခွန်းအားလုံးအတွက် ကျေနပ်တဲ့အဖြေတွေ ရတယ်။ ဒါကြောင့် ယေဟောဝါဆီ ကျွန်မရဲ့အသက်တာကို ဆပ်ကပ်အပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ မိသားစု၊ မိတ်ဆွေ၊ အလုပ်ဖော်တွေ၊ ကျွန်မရဲ့ခင်ပွန်းလောင်းက သဘောမတူကြဘူး။

ကျွန်မရဲ့ ယုံကြည်ခြင်းအသစ်ကြောင့် ဆွေမျိုးတွေက ကျွန်မကို ပစ်ပယ်ကြတယ်။ အဲဒီယုံကြည်ခြင်းက နိုင်ငံရေးအလုပ်နဲ့လည်း မအပ်စပ်ဘူး။ တခြားနည်းလမ်းလည်း မရှိတော့ အိမ်ကနေ ထွက်ဖို့၊ စေ့စပ်ထားတာကို ဖျက်ဖို့၊ ကွန်မြူနစ်ပါတီနဲ့ ဆိုဗီယက်တရားရုံးချုပ်ကနေ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ခြင်းခံပြီးနောက် မိတ်ဆွေတွေနဲ့ မိသားစုရဲ့ ဖိအားကို ပိုခံခဲ့ရတယ်။ ကျွန်မက မြို့မှာ လူသိများလို့ ကူတိုင်ဆီမြို့ကို ပြောင်းရွှေ့ပြီး ချက်ချင်း ရှေ့ဆောင်စလုပ်တယ်။

အခက်အခဲတွေကို ရင်ဆိုင်ရလောက်တဲ့အထိ ကျွန်မရဲ့ ယုံကြည်ခြင်းက အဖိုးတန်လို့လားလို့ လူတွေ မေးတဲ့အခါ ကျွန်မချခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် သိပ်ပျော်တယ်လို့ ချက်ချင်း ပြန်ဖြေတယ်။ ကျွန်မရဲ့ ရွေးချယ်မှုကို မိဘတွေ နားမလည်နိုင်ပေမဲ့ ဘုရားနဲ့ အိမ်နီးချင်းတွေကို ချစ်ဖို့ ကျွန်မကို သင်ပေးခဲ့လို့ သိပ်ကျေးဇူးတင်တယ်။ အဲဒါက ကျွန်မဘဝအတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်။

မာဒိုနာ ကန်ကီယာ အမျိုးသမီးတစ်ယောက်ကို ကျမ်းစာ သင်ပေးနေစဉ်
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ