ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၇/၈ စာ. ၂၁
  • နို့စို့သူငယ်တစ်ဦး မည်သို့အိပ်သင့်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နို့စို့သူငယ်တစ်ဦး မည်သို့အိပ်သင့်သနည်း
  • နိုးလော့!—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၂၀၀၁
  • ရင်သွေးငယ်များ လိုအပ်ရာနှင့် လိုချင်ရာ
    နိုးလော့!—၂၀၀၄
  • ရင်သွေးလေးရလာတဲ့အခါ အိမ်ထောင်မှာ အပြောင်းအလဲရှိလာ
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • သားသမီးရခြင်း—တာဝန်လည်းဖြစ် ဆုလည်းဖြစ်
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နိုးလော့!—၂၀၀၁
န၀၁ ၇/၈ စာ. ၂၁

နို့စို့သူငယ်တစ်ဦး မည်သို့အိပ်သင့်သနည်း

ပုခက်တွင်းရှိကလေးများ ရုတ်တရက်သေဆုံးခြင်းလက္ခဏာစု (SIDS) ကြောင့် ကမ္ဘာတစ်ဝန်းရှိနို့စို့သူငယ်များစွာ သေဆုံးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ယင်းသည် ၁ လနှင့် ၁၂ လအရွယ်စပ်ကြားရှိ ကလေးများတွင် သေဆုံးမှုအများဆုံးဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ ဤအန္တရာယ်ကို လျော့နည်းစေနိုင်သည့်နည်း ရှိပါသလော။ အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ် (JAMA) အရ မကြာသေးမီနှစ်များအတွင်း သုတေသနပြုချက်ကဖော်ပြသည်မှာ နို့စို့သူငယ်များသည် မှောက်လျက်မအိပ်ဘဲ ပက်လက်အိပ်သောအခါ SIDS ၏အန္တရာယ်မှာ သိသိသာသာကျဆင်းသွားပုံရသည်။ နိုင်ငံအတော်များများသည် အိပ်သည့်အနေအထားနှင့် SIDS တို့ကြားဆက်စပ်မှုရှိကြောင်း မိဘများကိုသတိပေးရန် အစီအစဉ်များဖွဲ့စည်းခဲ့ကြသည်။ ကလေးများကို ပက်လက်ထား၍သိပ်ခြင်းတိုးများလာစေရန် တစ်နှစ်မှနှစ်နှစ် လူထုလှုံ့ဆော်မှုပြီးနောက် ဩစတြေးလျ၊ အင်္ဂလန်၊ ဒိန်းမတ်၊ နယူးဇီလန်နှင့် နော်ဝေးနိုင်ငံတို့တွင် SIDS သည် အနည်းဆုံး ၅၀ ရာခိုင်နှုန်းနီးပါးလျော့နည်းသွားသည်။

နို့စို့သူငယ်တစ်ဦး၏ မှောက်လျက်အိပ်ခြင်းသည် SIDS နှင့်မည်သို့ဆက်နွှယ်နေသည်ကို တိတိကျကျမသိသော်လည်း ထိုမှောက်လျက်အနေအထားကြောင့် ကလေးငယ်သည် မိမိရှူထုတ်လိုက်သောလေကို ပြန်၍ရှူမိစေနိုင်ရာ သွေးထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုတိုးများစေသည်ဟု သုတေသီအချို့ကဆိုသည်။ မှောက်၍နေသောအခါ အပူလျှော့ချခြင်းမရှိသောကြောင့် ကလေးငယ်၏ကိုယ်ခန္ဓာသည် အပူလွန်ကဲမှုလည်းဖြစ်နိုင်သည်။ သေချာသည်မှာ နို့စို့သူငယ်များကို ပက်လက်ဖြစ်စေ၊ မှောက်ခုံဖြစ်စေ ထားသောအခါ ထိုအနေအထားအတိုင်းပင် နေလေ့ရှိကြသည်။ သာမန်ကျန်းမာရေးကောင်းသောနို့စို့သူငယ်ကို ဘေးစောင်းထားခြင်းထက် ပက်လက်ထားခြင်းသည် ပို၍ကောင်းသည်ဟု လေ့လာမှုများကဆိုသည်။

မိခင်များသည် အိပ်သည့်အနေအထားတစ်နည်းကို အခြားနည်းထက်ပို၍ အဘယ်ကြောင့် ရွေးချယ်ကြသနည်း။ မိခင်များသည် မိမိတို့မိခင်များ သို့မဟုတ် အသိုင်းအဝိုင်းရှိ အခြားသူများ၏နည်းအတိုင်း နို့စို့သူငယ်များကိုသိပ်သည့်ဓလေ့ထုံးစံကို အပြည့်အဝလိုက်၍လုပ်ဆောင်ကြသည်ဟု JAMA ကဖော်ပြသည်။ သို့မဟုတ် ဆေးရုံတွင်သူတို့တွေ့ခဲ့သော အလေ့အထကိုလိုက်နာကြသည်။ အချို့မိခင်များသည် မိမိတို့ကလေးငယ်ပိုမိုနှစ်သက်ရာ သို့မဟုတ် ကလေးငယ်ပိုအိပ်ပျော်သည့်အနေအထားကို ရွေးချယ်သည်။ မိခင်များစွာသည် ပထမလတွင် နို့စို့သူငယ်ကို တစ်သမတ်တည်း ပက်လက်ထားကြသော်လည်း နောက်ပိုင်းတွင် မှောက်လျက်အနေအထားသို့ပြောင်းလိုက်တတ်ကြသည်။ “မွေးကင်းစကလေးများ ၂ လ မှ ၃ လသားအရွယ်တွင် SIDS ၏အန္တရာယ်သည် အမြင့်ဆုံးဖြစ်သောကြောင့် ထိုသို့ပြောင်းပေးခြင်းသည် ရတက်မအေးဖွယ်ဖြစ်သည်” ဟု JAMA ကဖော်ပြသည်။ ကျန်းမာသန်စွမ်းသောနို့စို့သူငယ်များကို ပက်လက်သိပ်ခြင်းသည် SIDS အန္တရာယ်လျော့ပါးရန်အတွက် လွယ်ကူပြီး ထိရောက်သောလုပ်ဆောင်ချက်ဖြစ်ကြောင်း ငယ်ရွယ်သောနို့စို့သူငယ်များ၏မိဘများအား ဆရာဝန်များသည် အသိပေးရန်ကြိုးပမ်းနေကြသည်။a

[အောက်ခြေမှတ်ချက်]

a ကလေးငယ်သည် အသက်ရှူအင်္ဂါနှင့်ဆိုင်သောရောဂါ သို့မဟုတ် တံတွေးအလွန်ထွက်နေလျှင် အကောင်းဆုံးသော အိပ်သည့်အနေအထားနှင့်စပ်လျဉ်း၍ ဆရာဝန်တစ်ဦးထံအကြံဉာဏ်တောင်းခံခြင်းသည် ပညာရှိရာရောက်ပေလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ