ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၁ ၁၀/၈ စာ. ၃-၄
  • ကောင်းကင်တမန်များနှင့် ပတ်သက်သော အစွဲအလမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်များနှင့် ပတ်သက်သော အစွဲအလမ်း
  • နိုးလော့!—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန် ရေပန်းစားခြင်း
  • ရာနှင့်ချီသောစာအုပ်များ
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဇာတ်လမ်းများကို ဆန်းစစ်ကြည့်ခြင်း
    နိုးလော့!—၂၀၀၁
  • သင့်တွင် ကိုယ်စောင့် ကောင်းကင်တမန် ရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၁
န၀၁ ၁၀/၈ စာ. ၃-၄

ကောင်းကင်တမန်များနှင့် ပတ်သက်သော အစွဲအလမ်း

“ကျွန်ုပ်တို့ ‘အားလုံး’ ကို လမ်းပြညွှန်ကြား၍ ကာကွယ် စောင့်ရှောက်နေသော ကောင်းကင်တမန်များရှိကြ၏ . . . ကလေးများကဲ့သို့ လုံးဝယုံကြည်စိတ်ချကာ ချစ်ခင်မြတ်နိုးပြီး ကျေးဇူးတင်နှိမ့်ချသောသဘောဖြင့် ကျွန်ုပ်တို့ကိုယ်ကို သူတို့လက်ထဲ ပုံအပ်ထားမည်ဆိုလျှင် သူတို့သည် ကျွန်ုပ်တို့အပေါ် ကောင်းချီးအများအပြား သွန်းလောင်းကြပါလိမ့်မည်။ ကျွန်ုပ်တို့နှင့်အတူ သူတို့ကစားကြသည်။ ကြည့်ရှုစောင့်ရှောက်ပေးကြ၏။ ကျွန်ုပ်တို့ကို ကုသပေးပြီး တို့ထိကျီစယ်ကာ မမြင်နိုင်သောနွေးထွေးသည့်လက်များဖြင့် နှစ်သိမ့်ပေး၍ ကျွန်ုပ်တို့လိုသမျှကိုပေးကမ်းဖို့ ကြိုးစားကြ၏။”—“ကောင်းကင်တမန်စာများ” စာအုပ်မှ။

ကောင်းကင်တမန်များနှင့်ပတ်သက်၍ လူကြိုက်များသောဤယူဆချက်မှာ စွဲမက်ဖွယ်ဖြစ်ကြောင်း သင်ဝန်ခံရမည်။ လူအချို့ခေါ်ဆိုကြသည့် “ဝိညာဉ်ရေးရာအသစ်” ၏ယူမှတ်ချက်အရ ကျွန်ုပ်တို့ယောက်တိုင်းတွင် အနည်းဆုံးကောင်းကင်တမန်တစ်ပါးစီ တာဝန်ပေးအပ်ခံရကာ တာဝန်မှာ ကျွန်ုပ်တို့ကိုနှစ်သိမ့်ဖို့နှင့် ဘေးအန္တရာယ်မှ ကာကွယ်ပေးဖို့ဖြစ်သည်။ သင့်ကောင်းကင်တမန်သည် တန်ခိုးကြီး၍ မေတ္တာရှိသည်ဟု ယူမှတ်ရ၏။ သူသည် နာခံမှု သို့မဟုတ် ဝတ်ပြုကိုးကွယ်မှုကို မတောင်းဆိုချေ၊ ထိုမျှမက သင့်အား ဘယ်သောအခါမျှ တရားစီရင် သို့မဟုတ် ပြစ်တင်ဝေဖန်မည်မဟုတ်ချေ။ သူသည် သင့်ဘေးတွင်အမြဲရှိနေပြီး သင့်ကောင်းကျိုးအတွက် မြှုပ်နှံထားရာ သင်၏လိုအင်ရှိသမျှကိုဖြည့်ဆည်းပေးဖို့ စိတ်အားထက်သန်လျက်ရှိ၏။ ယနေ့ လူများစွာသည် ဤအရာတို့ကို စိတ်ရင်းမှန်ဖြင့်ယုံကြည်ကြသည်။

ကောင်းကင်တမန်များကို ယုံကြည်ခြင်းသည် အသစ်အဆန်းမဟုတ်သည်မှာ မှန်ပါသည်။ ရှေးအချိန်ကတည်းက လူတို့၏ဘာသာရေးယုံကြည်ချက်များတွင် အဓိကအခန်းကဏ္ဍတစ်ရပ်၌ သူတို့ပါဝင်ခဲ့ကြပြီ။ ယင်းသည် အနုပညာလက်ရာတွင် ထင်ဟပ်ခဲ့သည်။ ကောင်းကင်တမန်တစ်မျိုးဖြစ်သော ခေရုဗိမ်ရုပ်ပုံများကို ရှေးခေတ် ဂျူးတို့၏တဲတော်နှင့် ဝတ်ပြုရာအိမ်တော်တွင် အလှဆင်ခဲ့ကြသည်။ ကောင်းကင်တမန်ရုပ်ပုံများဖြင့် ခရစ်ယာန်ဘောင်တစ်ခုလုံးရှိ ချာ့ချ်များနှင့် ဘုရားရှိခိုးကျောင်းများကို အလှဆင်ထားသည်။ ပြတိုက်များတွင် ကောင်းကင်တမန်ပန်းချီကားချပ်များနှင့် ပန်းပုများဖြင့် ပြည့်နှက်လျက်ရှိ၏။

ကောင်းကင်တမန် ရေပန်းစားခြင်း

မကြာသေးမီအချိန်က နိုင်ငံတချို့တွင် ကောင်းကင်တမန်များကို လွန်စွာလူကြိုက်များလာ၏။ ရုပ်ရှင်များက ကောင်းကင်တမန်များကို သေဆုံးသွား၍ ကောင်းမှုများပြုရန် ကမ္ဘာမြေသို့ပြန်လာကြသည့် လူသားများအဖြစ် သရုပ်ဖော်တင်ဆက်လေ့ရှိသည်။ ဇာတ်ကားတစ်ကားတွင် ကောင်းကင်တမန်များသည် ရှုံးနေပြီဖြစ်သော ဘေ့စ်ဘောအသင်းတစ်သင်းကို ကူညီပေးကြသည်။ နောက်တစ်ကားတွင် မိမိ၏ရည်းစား အသတ်ခံရမှုကို လက်စားချေရန် ဆယ်ကျော်သက်ယောက်ျားလေးတစ်ဦးအား ကိုယ်စောင့်ကောင်းကင်တမန်က ကူညီပေးသည်။ အမေရိကန် ရုပ်မြင်သံကြားတွင်ပြသော လူကြိုက်များသောအစီအစဉ်တစ်ရပ်၌ ထောက်မသူ-ကောင်းကင်တမန် ပဓာနတေးသွားမှာလည်း အောင်မြင်လျက်ရှိသည်။

ကောင်းကင်တမန်များအကြောင်း သီချင်းများမှာလည်း အမြောက်အမြားပင်။ အမေရိကန်ပြည်ထောင်စု၌ မကြာသေးမီ ဆယ်စုနှစ်များအတွင်း လူကြိုက်များသောတေးသီချင်း ၁၀ ပုဒ်တိုင်းတွင် ၁ ပုဒ်၌ ကောင်းကင်တမန်အကြောင်း ဖွဲ့ဆိုထား၏။ ၁၉၉၀ ပြည့်လွန်နှစ်အလယ်ပိုင်းရောက်သောအခါ အမေရိကန်တွင် “ခေတ်ဆန်သားနားသော ကောင်းကင်တမန်ဆိုင်ငယ်” ၁၂၀ ကျော်ဖွင့်လှစ်ခဲ့ပြီ။ ဤဆိုင်များက ကောင်းကင်တမန်ရုပ်ပုံငယ်များ၊ ဆွဲသီးများ၊ စာရေးကိရိယာ—ကောင်းကင်တမန်ပုံများဖြင့် အလှဆင်ထားသည့် ကလေးဂျောက်ဂျက်များကိုပင် ရောင်းချကြသည်။ နှီးနှောဖလှယ်ပွဲများနှင့် သတင်းလွှာများက ဤကောင်းကင်တမန်တို့နှင့် ဆက်သွယ်နည်းကို လူတို့အား သင်ပြပေးသည်ဟုဆိုကြ၏။ မဂ္ဂဇင်းများ၊ သတင်းစာများနှင့် ဆွေးနွေးခန်းများတွင် ကောင်းကင်တမန်တို့နှင့် လူတို့တွေ့ဆုံမှုအကြောင်းများကို ဇာတ်စုံခင်းပြကြသည်။

ရာနှင့်ချီသောစာအုပ်များ

ထို့ပြင် စာအုပ်များလည်းရှိသည်။ နယူးယောက်မြို့ရှိ စာအုပ်ဆိုင်ကြီးတစ်ဆိုင်တွင် ကောင်းကင်တမန်များ၊ အထူးသဖြင့် ကိုယ်စောင့်ကောင်းကင်တမန်များအကြောင်း ဆွေးနွေးထားသည့် စာအုပ်အမျိုးပေါင်း ၅၀၀ ကျော်ကို ပြသရောင်းချထား၏။ ထိုသို့သောစာအုပ်များက ကိုယ်စောင့်ကောင်းကင်တမန်များနှင့် မည်သို့ဆက်သွယ်ပုံ၊ သူတို့၏အမည်နာမများကိုသိရှိပုံ၊ သူတို့ဖြင့်စကားပြောဆိုနိုင်ပုံနှင့် အကူအညီ မည်သို့ရယူနိုင်ပုံတို့ကို ၎င်းတို့၏စာဖတ်သူများအား ဖော်ပြပေးမည်ဟု ကတိပြုထား၏။ ဤစာအုပ်များ၌ လိုအပ်သည့်အချိန်တို့တွင် ကောင်းကင်တမန်များပေါ်လာပုံ၊ ချဉ်းကပ်လာနေသော ကားလမ်းကြောပေါ်မှ လူတို့ကိုသယ်ရွှေ့ပေးပုံ၊ သေစေသောအနာရောဂါမှကုသပေးပုံ၊ စိတ်ထိခိုက်သူတို့အား နှစ်သိမ့်ပေးပုံနှင့် စစ်မြေပြင်၌ စစ်သားများကို ကာကွယ်ပေးပုံတို့နှင့်ပတ်သက်၍ ဇာတ်လမ်းများစွာပါဝင်သည်။ အဆိုပါကောင်းကင်တမန်များသည် “မည်သည့် နောင်တယူခြင်း၊ စကားပြောဆိုခြင်း သို့မဟုတ် အယူဝါဒဆိုင်ရာတည်ကြည်မှုရှိခြင်းမျှမလိုအပ်ဘဲ” ဝန်ဆောင်ပေးကြ၏။ သို့သော် ထိုသို့သောမျက်မှောက်ခေတ် “တွေ့ဆုံမှုများ” သည် လူတို့၏အသက်တာကိုပြောင်းလဲစေဖို့ လှုံ့ဆော်ခဲပါသည်။ ယင်းသို့တွေ့ကြုံခဲ့သည်ဟု ဆိုကြသူတို့တွင် များသောအားဖြင့် နွေးထွေးသောခံစားချက်မျှသာ စွဲကျန်ခဲ့သည်။

ဖိစီးကျပ်တည်းသောကာလတွင် ဤပုံပြင်များသည် ယုံရခက်သောသတင်းကောင်းများ ဖြစ်ပုံရှိသည်။ သို့သော် ၎င်းတို့ကို ယုံကြည်နိုင်ပါသလော။ ယင်းတို့သည် အရေးပါသလော။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

လူများစွာတို့က ကောင်းကင်တမန်တို့နှင့် ကိုယ်တိုင်တွေ့ဆုံခဲ့ကြပြီဟု ယူမှတ်ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ