ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁၅ စာ. ၃-၄
  • သင့်တွင် ကိုယ်စောင့် ကောင်းကင်တမန် ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်တွင် ကိုယ်စောင့် ကောင်းကင်တမန် ရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်များကိုစွဲမက်ခြင်း
  • ကောင်းကင်တမန်များနှင့် ပတ်သက်သော အစွဲအလမ်း
    နိုးလော့!—၂၀၀၁
  • ကိုယ်စောင့်နတ်ဆိုတာ ရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁၅ စာ. ၃-၄

သင့်တွင် ကိုယ်စောင့် ကောင်းကင်တမန် ရှိသလော

သင့်မှာ ကိုယ်စောင့်ကောင်းကင်တမန်ရှိသည်ဟု သင်ယုံကြည်သလော။ ရှိသည်ဟု လူအများယူဆကြသည်။ ယင်းနှင့်ပတ်သက်၍ ကနေဒါအနောက်ပိုင်းမှ အမျိုးသမီးတစ်ဦး၌ ကောင်းကင်တမန်များနှင့်ဆိုင်သော ဆုထူးဆုမြတ်တစ်ခုရှိသည်ဟုဆိုကြသည်။ သူ့ကို သင့်နာမည်အပြည့်အစုံနှင့်တကွ ဒေါ်လာ ၂၀၀ ပေးမည်ဆိုလျှင် သင့်ကိုယ်စောင့်ကောင်းကင်တမန်နှင့် ဆက်သွယ်ပေးနိုင်သည်ဟု သူအခိုင်အမာပြောဆိုသည်။ ဦးဆုံး၊ ဖယောင်းတိုင်မီးတောက်ကို အာရုံစူးစိုက်ကာ သူအကြံထုတ်သည်။ ထို့နောက် သူအမြင်အာရုံတစ်ခုရသည်၊ ထိုတွင် သင့်ကိုယ်စောင့်ကောင်းကင်တမန်ပေါ်လာကာ သူမှတစ်ဆင့် သင့်အတွက် သတင်းတစ်ခုပါးလေသည်။ အပိုဆုအနေနှင့် သင့်ကိုယ်စောင့်ကောင်းကင်တမန်၏ ပုံပန်းသဏ္ဌာန်၏ပုံကြမ်းကို သူရေးဆွဲပေးသည်။

အချို့သူများအတွက်ဆိုလျှင် ယင်းသည် နဝမမြောက်ပြင်သစ်ဘုရင်လူဝီ၏ ဇာတ်လမ်းနှင့်တူဟန်ရှိသည်။ သူသည် ကောင်းကင်တမန်မင်းမိက္ခေလ၏ အတောင်များမှကျလာသည်ဟုဆိုသော အလွန်ဈေးကြီးသည့် အမွေးများကိုဝယ်ယူခဲ့သည်ဟု အဆိုရှိသည်။ ထိုဇာတ်လမ်းကို သံသယဝင်ကြသော်လည်း လူအများသည် အထက်ပါကနေဒီယန်အမျိုးသမီး၏အဆိုကိုကား သံသယမရှိကြချေ။

ကောင်းကင်တမန်များကိုစွဲမက်ခြင်း

မကြာသေးမီနှစ်များအတွင်းတွင် ကောင်းကင်တမန်များကို အလွန်အမင်းစိတ်ဝင်စားလာကြပါသည်။ အကြီးအကျယ်ဖျားနာသူများကို နှစ်သိမ့်ပေးသော၊ ကျန်ရစ်သူကိုစိတ်သက်သာစေသော၊ ဉာဏ်ပညာပေးသော၊ အချို့သူများကိုသေဘေးမှ ကယ်တင်သောကောင်းကင်တမန်များအကြောင်းကို ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ စာအုပ်၊ မဂ္ဂဇင်းနှင့် သတင်းစာများတွင်ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် ရုပ်မြင်သံကြားကြည့်ရှုသူ သန်း ၂၀ ခန့်သည် လူ့ဘဝတွင် ကောင်းကင်တမန်များ၏ ကြားဝင်ဆောင်ရွက်မှုများကို တင်ဆက်သည့် ပတ်စဉ်ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကို ရှုစားကြသည်။ စာအုပ်ဆိုင်တစ်ခုတွင် ကောင်းကင်တမန်များအကြောင်း ဖော်ပြထားသည့်စာအုပ် ၄၀၀ ကျော်ရှိသည်။

မကြာသေးမီကထုတ်ဝေသော စာအုပ်တစ်အုပ်တွင် တိုက်ပွဲဝင်စစ်သားများ၏အသက်ကို သူတို့၏ကိုယ်စောင့်ကောင်းကင်တမန်များက မည်သို့ကယ်ခဲ့ကြောင်း တွေ့ကြုံမှုများစွာကို ဖော်ပြထားသည်။ မော်တော်ကားဘန်ပါတွင် ကပ်ထားသည့်စာတန်းများက ယာဉ်မောင်းများသည် ကိုယ်စောင့်ကောင်းကင်တမန်၏ကာကွယ်မှုရရှိသည်ဟုဆိုသည်။ အဖွဲ့အစည်းများ၊ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲများက ကောင်းကင်တမန်များအကြောင်း လေ့လာခြင်းကိုအားပေးပြီး ယင်းတို့နှင့် ဆက်သွယ်နိုင်ကြဖို့ ကူညီပေးသည်ဟုဆိုကြသည်။

အိုင်လင်းဖရီးမဲန်းသည် ကောင်းကင်တမန်များအကြောင်း စာအုပ်သုံးအုပ်ကိုရေးသားသူဖြစ်ပြီး သူတို့အကြောင်းသီးသန့်ဖော်ပြထားသည့် ဂျာနယ်တစ်စောင်ကို ထုတ်ဝေထားသည်။ သူမဤသို့အခိုင်အမာဆိုသည်– “ကောင်းကင်ရှိကောင်းကင်တမန်တိုင်းသည် မြေကြီးပေါ်တွင် အလားတူဖြစ်သော ကိုယ်စောင့်ကောင်းကင်တမန်တစ်ပါးရှိသည်ဟု ကျွန်မယုံကြည်သည်၊ သူတို့၏တာဝန်များမှာ ကောင်းကင်ဘုံတွင် ဘုရားသခင်အားချီးမွမ်းရန်သာမဟုတ်ဘဲ မြေကြီးပေါ်ရှိလူသားများနှင့် အခြားသက်ရှိအမျိုးမျိုးကို စောင့်ရှောက်ကာကွယ်ပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့ကိုပဋိသန္ဓေတည်ချိန်တွင် ကျွန်ုပ်တို့တစ်ဦးစီအတွက် ကိုယ်စောင့်ကောင်းကင်တမန်တစ်ပါးကို ခန့်အပ်လိုက်ရာ ၎င်းသည် သားအိမ်အတွင်း ကျွန်ုပ်တို့ကြီးထွားသည်မှစ၍ မွေးဖွားလာပြီး ဤလောကတွင် အသက်ရှင်သည့်ကာလတစ်လျှောက် လူ့ဘောင်လောကမှ ကောင်းကင်ဘုန်းဝင်စားသည့်အချိန်အထိ ကျွန်ုပ်တို့ကိုလမ်းပြပို့ဆောင်ပေးသည်။” ယင်းက ကိုယ်စောင့်ကောင်းကင်တမန်များနှင့်ပတ်သက်သော ရေပန်းစားသည့်အယူအဆကို ကောင်းစွာဖော်ပြသည်။

ဖိစီးမှုများပြား၍ ခက်ခဲသောဤအချိန်အခါတွင် ကျွန်ုပ်တို့ကိုကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် ကိုယ်စောင့်ကောင်းကင်တမန်တစ်ပါးရှိသည်ဟုယူဆခြင်းသည် နှစ်လိုဖွယ်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ ကောင်းကင်တမန်များနှင့် ကျွန်ုပ်တို့ကြိုးစားအဆက်အသွယ်ပြုသင့်သလော။ ထိုပုဂ္ဂိုလ်တို့သည် ကျွန်ုပ်တို့၏ကျင့်ဝတ်စံနှုန်းများနှင့် ဘာသာရေးယုံကြည်ချက်များကို ဂရုစိုက်ကြပါသလော။ သူတို့ထံမှ အဘယ်အကူအညီကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဖြေဆိုပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ