ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၄/၈ စာ. ၈-၁၀
  • မြို့ကြီးများအတွက် အနာဂတ်ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြို့ကြီးများအတွက် အနာဂတ်ကား အဘယ်နည်း
  • နိုးလော့!—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြို့ကြီးသည် တိတ်ဆိတ်သွားမည်လော
  • မြို့ကြီးများအတွက် အဘယ်အနာဂတ်ရှိသနည်း
  • စီမံခန့်ခွဲမှု၌ အပြောင်းအလဲရှိခြင်း
  • မြို့ကြီးများ အဘယ်ကြောင့် အကျပ်အတည်းဆိုက်ရသနည်း
    နိုးလော့!—၂၀၀၂
  • “လူဦးရေပေါက်ကွဲနေသော မြို့ကြီးများ”
    နိုးလော့!—၂၀၀၂
  • တဖြည်းဖြည်း မွန်းကျပ်လျက်ရှိသော မြို့ကြီးများ
    နိုးလော့!—၁၉၉၆
နိုးလော့!—၂၀၀၂
န၀၂ ၄/၈ စာ. ၈-၁၀

မြို့ကြီးများအတွက် အနာဂတ်ကား အဘယ်နည်း

“ကျွန်ုပ်တို့၏ မြို့ကြီးများကိုစေ့စေ့ကြည့်ရှုခြင်းသည် ကျွန်ုပ်တို့၏အနာဂတ်ကိုသိမြင်ခြင်းပင်ဖြစ်၏” ဟုကမ္ဘာ့ဘဏ်မှ အစ်မာအီ စီရာဂျီလ်ဒင် ဆိုသူကပြောဆိုခဲ့သည်။ သို့သော် ယခုထက်ထိ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရာမှ ပြောရမည်ဆိုလျှင် အနာဂတ်မှာ ထွန်းလင်းတောက်ပမည့်ပုံမပေါ်ချေ။

ချီးကျူးစရာမှာ မြို့ပြဒေသများစွာတွင် ဘဝတိုးတက်အောင်မြင်စေရန် အကြီးအကျယ် အားထုတ်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်၏။ မကြာသေးမီက နယူးယောက်မြို့သည် မန်ဟေတန်မြို့တွင်းရှိ တိုင်းမ်စ် စကွဲ ပြင်ဆင်မွမ်းမံမှုကို ပြီးစီးခဲ့သည်။ ယခင်က ၎င်းနေရာသည် ညစ်ညမ်းရုပ်ပုံစာပေများတည်ရှိရာ၊ မူးယစ်ဆေးဝါးဖြန့်ဝေရာနှင့် ရာဇဝတ်မှုကြီးစိုးရာအဖြစ် နာမည်ကြီးခဲ့၏။ ယခုအခါ သစ်လွင်သော လက်လီရောင်းဝယ်ဖောက်ကားမှုများနှင့် ကဇာတ်ရုံများသည် လမ်းများပေါ်တွင် အစီအရီတည်ရှိကာ ထောင်နှင့်ချီသောဧည့်သည်များကို သွေးဆောင်လျက်ရှိသည်။ နေရှင်နယ်လ် ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်း၏အဆိုအရ၊ “တစ်ခါက လန်ဒန်နှင့် ပဲရစ်မြို့များနှင့်ရင်ပေါင်တန်းနိုင်ပြီး ခမ်းနား၍ ခေတ်မီဆန်းပြားသောမြို့တစ်မြို့ဖြစ်ခဲ့သည့်” အီတလီနိုင်ငံ၊ နေပယ်မြို့သည် ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့သည်။ နေပယ်မြို့သည် ရာဇဝတ်မှုနှင့်ပရမ်းပတာဖြစ်မှုတို့၏ အမှတ်သင်္ကေတတစ်ခုလည်း ဖြစ်လာခဲ့၏။ သို့ရာတွင် ထိုမြို့ကို ၁၉၉၄ နိုင်ငံရေးညီလာခံတစ်ခု ကျင်းပမည့်နေရာအဖြစ် ရွေးချယ်လိုက်သောအခါ မြို့လယ်ခေါင်အကြီးစားမွမ်းမံမှုနှင့်အတူ ပြန်လည်သစ်လွင်လာခဲ့သည်။

ပို၍ဘေးကင်းသော၊ သန့်ရှင်းသောမြို့ကြီးများ ဖြစ်ရေးအတွက် အဖိုးအခပေးဆက်ကြရသည်မှာ မှန်ပေ၏။ ဘေးကင်းလုံခြုံရေးကို တိုးမြှင့်လိုက်ခြင်းသည် ရဲတပ်ဖွဲ့တည်ရှိမှုကို တိုးမြှင့်လိုက်ခြင်းဖြစ်၏။ အခြားကုန်ကျစရိတ်မှာ သီးသန့်နေထိုင်လိုခြင်း ဖြစ်ပေမည်။ အများပြည်သူသွားလာသည့် နေရာတချို့သည် တီဗွီကင်မရာများနှင့် ယူနီဖောင်းမဝတ်သော ရဲအရာရှိများ၏ မပြတ်စောင့်ကြည့်ခြင်းကို ခံရကြသည်။ သင်သည် ပန်းခြံထဲဖြတ်လျှောက်သည့်အခါ၊ ရေပန်း၊ ပန်းပုရုပ်ထုများ သို့မဟုတ် ပန်းခင်းနားဖြတ်သန်းသွားလာသည့်အခါ လုံခြုံရေးဂိတ်များရှေ့ကို မရည်ရွယ်ဘဲ ဖြတ်သန်းမိလျက်သား ဖြစ်သွားပေမည်။

တစ်ခါတစ်ရံ တိုးတက်မှုများသည်လည်း ချို့တဲ့သူများကို အထိခိုက်ခံလျက်လုပ်ဆောင်ရ၏။ အဆင့်မြင့်ရပ်ကွက်ဟု တချို့ခေါ်ကြသည့်—ဝင်ငွေမြင့်မားသောမိသားစုများက ယခင်ချို့တဲ့သောရပ်ကွက်များတွင် ပြောင်းရွှေ့နေထိုင်သည့်—ဖြစ်စဉ်ကို သုံးသပ်ကြည့်ပါ။ အဆင့်မြင့်ရပ်ကွက်ဖြစ်ရခြင်းမှာ စီးပွားရေးပြောင်းလဲမှု—“ကုန်ထုတ်လုပ်မှုမှ ဝန်ဆောင်မှုများသို့ပြောင်းလဲခြင်း၊ အလယ်အလတ်စွမ်းရည်များကို မှီခိုအားထားမှုမှ အလိုအလျောက်လည်ပတ်မှုစနစ်သို့ပြောင်းလဲခြင်း”—ကြောင့်ဖြစ်၏။ (နီးလ် စမစ်နှင့် ပီတာ ဝီလီယမ်စ် တို့တည်းဖြတ်ထုတ်ဝေသည့် အဆင့်မြင့်မြို့များ) ကာယအလုပ်များ ခေတ်ကုန်သွားပြီး အတတ်ပညာရှင်၊ အသိပညာရှင်များလိုအပ်မှု ကြီးထွားလာသည်နှင့်အမျှ သက်သာချောင်ချိသောအလယ်အလတ်တန်းစားအိမ်ရာ လိုအပ်မှုမှာလည်း ကြီးထွားလာသည်။ ဆင်ခြေဖုံးရပ်ကွက်များသို့ နေ့စဉ်သွားလာကာ အလုပ်ဆင်းကြမည့်အစား ဝင်ငွေများများရသည့် အတတ်ပညာရှင်များစွာတို့သည် ယခင်ယိုယွင်းဟောင်းနွမ်းနေသည့် ရပ်ကွက်များရှိ အိမ်များကို ပြန်လည်မွမ်းမံပြင်ဆင်လိုကြ၏။

ယင်းကြောင့် ပတ်ဝန်းကျင်ရပ်ကွက်ကို များစွာတိုးတက်လာစေသည်မှာ သဘာဝကျပါသည်။ သို့သော် ရပ်ကွက်များတိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းများလည်း ထိုးတက်သွား၏။ ဆင်းရဲသားများသည် ၎င်းတို့ နှစ်ပေါင်းများစွာ နေထိုင်ကာ အလုပ်လုပ်ခဲ့ကြသည့် ရပ်ကွက်များ၌ဆက်နေထိုင်ဖို့ မတတ်နိုင်တော့လောက်အောင် ဖြစ်လာလေ့ရှိသည်!

မြို့ကြီးသည် တိတ်ဆိတ်သွားမည်လော

မြို့ကြီးများသည် နည်းပညာအသစ်များကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုစွမ်းအားများကို စတင်တွေ့ထိရုံသာရှိပေမည်။ ဈေးဝယ်ခြမ်းဖို့နှင့် ရောင်းဝယ်ဖောက်ကားဖို့ နည်းလမ်းတစ်ရပ်အဖြစ် အင်တာနက်စနစ်ခေတ်စားလာသောကြောင့် ထူးခြားသောရလဒ်များ ရရှိလာနိုင်သည်။ နည်းပညာသစ်များသည် လုပ်ငန်းတချို့ကို မြို့ကြီးများ၏ပြင်ပသို့ ပြောင်းရွှေ့ကာ ၎င်းတို့နှင့်အတူ အလုပ်သမားများစွာကို တစ်ပါတည်းခေါ်ဆောင်သွားဖို့ ပိုလွယ်ကူစေခဲ့ပြီဖြစ်သည်။

On-line (ကွန်ပျူတာမှတစ်ဆင့်) ဖြင့်ဈေးဝယ်ခြင်းနှင့် အလုပ်လုပ်ခြင်းတို့က ပင်မရေစီးကြောင်းဖြစ်လာသည်နှင့်အမျှ လူတို့သည် ပြည့်ကျပ်နေသည့် စီးပွားရေးနယ်မြေများသို့ သွားလာလိုစိတ်နည်းသွားကြပေမည်။ ယဉ်ကျေးမှုထွန်းကားသည့်မြို့ကြီးများစာအုပ်က ဤသို့တင်ပြ၏– “ပုံမှန်အလုပ်သမားတချို့၊ အထူးသဖြင့် အချိန်ပိုင်းအလုပ်သမားများသည် အိမ်မှ သို့မဟုတ် အနီးဝန်းကျင်ရှိ အလုပ်ရုံများမှသာ အလုပ်လုပ်ကြမည် . . . သို့ဖြင့် ယာဉ်သွားလာမှုပမာဏ လျော့နည်းသွားမည်ကို ကျွန်ုပ်တို့ကြိုမြင်နိုင်မည်ဖြစ်သည်။” အလားတူ ဗိသုကာပညာရှင် မိုရှီ ဆာဒီကလည်း ဤသို့ထင်ကြေးပေး၏– “ဤသို့သောပတ်ဝန်းကျင်အသစ်တွင် ဒေသအလိုက် ကျေးလက်နေဘဝ၏ သက်သောင့်သက်သာရှိမှုနှင့် အီလက်ထရွန်းနစ်နည်းစနစ်အရလည်း သမိုင်းဝင်မြို့ကြီးများ၏ ထူးကဲကြွယ်ဝသည့် ယဉ်ကျေးမှုမျိုးကိုပေးသည့် ကျေးရွာများ သန်းနှင့်ချီ၍ တစ်ကမ္ဘာလုံးပျံ့နှံ့တည်ရှိလာမည်ဖြစ်သည်။”

မြို့ကြီးများအတွက် အဘယ်အနာဂတ်ရှိသနည်း

နည်းပညာရှိလင့်ကစား လူတို့ကိုဆက်လက်ဆွဲဆောင်မည့် ဝန်ဆောင်မှုများနှင့် အကျိုးအမြတ်များကို မြို့ကြီးများက ကမ်းလှမ်းလျက်ရှိကြောင်း အကဲခတ်လေ့လာသူများစွာတို့က ယုံကြည်ကြသည်။ ရှေ့တွင် အဘယ်အလားအလာရှိစေကာမူ ယနေ့မြို့ကြီးများသည် ယခုအခက်တွေ့နေကြ၏။ ထို့အပြင် မြို့ပြတွင် ဆင်းရဲသားများ သန်းနှင့်ချီတိုးပွားလာသဖြင့် အိမ်ရာနှင့် သန့်ရှင်းရေးဆိုင်ရာ ဧရာမပြဿနာများအတွက် ဖြေရှင်းနိုင်သည့်နည်းလမ်းမမြင်ရချေ။ ရာဇဝတ်မှု၊ ပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာမှု သို့မဟုတ် မြို့ပြညစ်ညမ်းမှုတို့ ပပျောက်စေမည့်နည်းလမ်းကို မည်သူမျှ အသေအချာ မရှာကြချေ။

အစိုးရများသည် မြို့ကြီးများအတွက် ငွေကြေးပိုမိုသုံးစွဲသင့်သည်ဟု အချို့က စောဒကတက်ကြပေမည်။ သို့သော် အစိုးရများစွာသည် ၎င်းတို့၏ပိုင်ဆိုင်ရာများကို စီမံခန့်ခွဲရခြင်းမှ လက်တွေ့အောင်မြင်မှုကို ဆင်ခြင်သုံးသပ်ရာ၌ မြို့ကြီးများ၏ပြဿနာများကို ဖြေရှင်းရေးသည် ချက်လက်မှတ်တစ်စောင်ရေးရသလောက် အမှန်လွယ်ကူပါမည်လော။ လွန်ခဲ့သောဆယ်စုနှစ်များတွင် အမေရိကန်မြို့ကြီးများ၏ သေခြင်းနှင့် ရှင်ခြင်းစာအုပ်က ဤသို့ဆိုခဲ့သည်– “ငွေကြေးအလုံအလောက် သုံးစွဲမည်ဆိုပါက ဆင်းရဲသားရပ်ကွက်အားလုံးကို ဖယ်ရှားပစ်နိုင်သည်ဟူသော အမြင်မှားမျိုးရှိကြသည်။ . . . သို့သော် ပထမဆုံးအကြိမ် ဘီလီယံအတော်များများ အကုန်အကျခံ၍ တည်ဆောက်ခဲ့သည့်ရလဒ်များကို သတိပြုကြည့်ပါ– ဝင်ငွေနည်းပါးသော စီမံကိန်းများသည် ပြန်လည်နေရာချထားခံရမည်ဟု ယူဆရသည့် ဆင်းရဲသားရပ်ကွက်များထက် သက်ငယ်ပြစ်မှု၊ ဖျက်လိုဖျက်ဆီးမှုနှင့် အထွေထွေလူမှုရေးမျှော်လင့်ချက်ကင်းမဲ့မှုတို့ ပို၍ဆိုးဝါးလာသော အချက်အချာနေရာများဖြစ်လာကြသည်။” ဤစကားများ မှန်နေသေးပုံရသည်။

သို့သော် ငွေသည် ဖြေရှင်းနည်းမဟုတ်လျှင် အဘယ်အရာဖြစ်မည်နည်း။ မြို့ကြီးများသည် အဆောက်အအုံများနှင့် လမ်းမများဖြင့်သာမဟုတ်ဘဲ လူများဖြင့်ဖွဲ့စည်းထားကြောင်းကို ကျွန်ုပ်တို့သတိရရမည်။ ထို့ကြောင့် နောက်ဆုံးလေ့လာဆန်းစစ်ချက်အနေနှင့် မြို့နေဘဝကို တိုးတက်စေရန် ပြောင်းလဲပေးရမည့်သူမှာ လူတို့ပင်ဖြစ်၏။ သမိုင်းတွင်သည့်မြို့တော်စာအုပ်၌ “မြို့တစ်မြို့၏ အကောင်းဆုံး စီမံဖွဲ့စည်းမှုမှာ လူတို့၏ဂရုစိုက်စောင့်ရှောက်မှုနှင့် ယဉ်ကျေးမှုတို့ဖြစ်သည်” ဟုလူဝစ္စ မန်းဖော့ဒ်ကဆိုသည်။ မူးယစ်ဆေးဝါးအလွဲသုံးမှု၊ ပြည့်တန်ဆာလုပ်ငန်း၊ ညစ်ညမ်းမှု၊ ဝန်းကျင်ဆိုင်ရာပျက်စီးယိုယွင်းမှု၊ လူမှုရေးမညီမျှမှု၊ ဖျက်လိုဖျက်ဆီးမှု၊ လက်ဆော့ရေးခြစ်ခြင်းအစရှိသည်တို့ကို ဖယ်ရှားပစ်ဖို့ဆိုလျှင် ရဲတပ်ဖွဲ့တိုးမြှင့်ခြင်း သို့မဟုတ် အဆောက်အအုံများကို ဆေးပြန်သုတ်ခြင်းထက်မက လိုအပ်မည်ဖြစ်သည်။ သူတို့၏အတွေးအခေါ်နှင့် အပြုအမူတို့တွင် ပြောင်းလဲမှုများ အကြီးအကျယ်ပြုလုပ်ရန် လူတို့ကိုကူညီပေးရမည်။

စီမံခန့်ခွဲမှု၌ အပြောင်းအလဲရှိခြင်း

ထိုသို့ သိမ်းကျုံးပြောင်းလဲခြင်းသည် လူ့စွမ်းပကားထက် ကျော်လွန်နေသည်မှာ ရှင်းပါသည်။ ထို့ကြောင့် ယနေ့မြို့ကြီးများ၏ပြဿနာများကို ဖြေရှင်းရန်ကြိုးပမ်းမှုများသည်—သူတို့မည်မျှပင် စိတ်ရင်းမှန်ဖြင့်ကြိုးပမ်းပါစေ—နောက်ဆုံး၌ကား အောင်မြင်မည်မဟုတ်ချေ။ သို့ရာတွင် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို လူသားတို့ လျောက်ပတ်စွာမစီမံနိုင်သည့် နောက်ထပ်နမူနာတစ်ခုအဖြစ် ယနေ့မြို့ပြအခက်အခဲများကို တွေ့မြင်ကြသောကြောင့် ကျမ်းစာကျောင်းသားများမူကား စိတ်မပျက်ကြချေ။ ပြန့်ကျဲပြီး ကစဉ့်ကလျားရှုပ်ထွေးပွေလီနေသော ယနေ့မြို့ကြီးများသည် ယေရမိ ၁၀:၂၃ ပါကျမ်းစာစကားများဖြစ်သည့် “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ကြောင်းကို ထူးထူးခြားခြားပေါ်လွင်စေသည်။ ကိုယ့်ကိုယ်ကိုအုပ်ချုပ်ရန် လူ့ကြိုးစားအားထုတ်မှုများကြောင့် အကြီးအကျယ်စိတ်ဆင်းရဲခဲ့ကြရာ ပြဿနာများသည် မြို့ကြီးများ၌ ပို၍ပင်သိသာသည်။

သို့ဖြစ်၍ ဘုရားသခင်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဖြစ်ကြောင်း ဗျာ. ၁၁:၁၈ တွင် မှတ်တမ်းတင်ထားသည့် သမ္မာကျမ်းစာကတိတော်၌ ကမ္ဘာတစ်ဝန်းရှိ မြို့နေလူထုများ နှစ်သိမ့်မှုရယူနိုင်ကြပေသည်။ ယင်းက အဆိုးဖြစ်လာမည့်အစား လူသားများအတွက် ကောင်းသောအနာဂတ်တစ်ခုကို ညွှန်ပြပေးသည်။ ဘုရားသခင်သည် အစိုးရတစ်ခု သို့မဟုတ် နိုင်ငံတော်အားဖြင့် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ စီမံခန့်ခွဲမှုကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းက ကတိပြုသည်။ (ဒံယေလ ၂:၄၄၊ ၄၅) သန်းနှင့်ချီသောသူတို့သည် စဉ်းစား၍မရနိုင်လောက်သော ဆင်းရဲနွမ်းပါးသည့်၊ သင့်လျော်သောအိမ်ရာနှင့် ကျန်းမာသန့်ရှင်းမှုကင်းမဲ့သည့်၊ ဂုဏ်သိက္ခာမဲ့သည့် သို့မဟုတ် မျှော်လင့်ချက်မဲ့သည့်အခြေအနေတွင် နေထိုင်ကြတော့မည်မဟုတ်ချေ။ ဘုရားသခင့်အစိုးရ၏အုပ်ချုပ်မှုအောက်၌ လူတို့သည် ရုပ်ပစ္စည်းကြွယ်ဝမှု၊ စုံလင်သည့်ကျန်းမာရေးနှင့် ကောင်းမွန်သည့်အိမ်ရာတို့ကို ရရှိခံစားရကြမည်။—ဟေရှာယ ၃၃:၂၄; ၆၅:၂၁-၂၃။

ဤကမ္ဘာသစ်သည်သာ ယနေ့မြို့ကြီးများ၏ ပြဿနာများအတွက် တစ်ခုတည်းသော လက်တွေ့ကျသည့်ဖြေရှင်းနည်းဖြစ်သည်။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

မြို့ပြဒေသများစွာတို့တွင် ဘဝကိုတိုးတက်အောင်မြင်စေရန် အကြီးအကျယ် အားထုတ်လုပ်ဆောင်လျက်ရှိ

နေပဲယ်၊ အီတလီ

နယူးယောက်မြို့၊ ယူ.အက်စ်.အေ.

ဆစ်ဒနီ၊ ဩစတြေးလျ

[Credit Line]

SuperStock

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယနေ့မြို့နေလူထု၏ ပြဿနာများအတွက် ဖြေရှင်းနည်းကို ဘုရားသခင့်ကမ္ဘာသစ်က ကမ်းလှမ်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ