ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၁၁/၈ စာ. ၂၃
  • ဗြိတိသျှပြတိုက်၏အသွင်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗြိတိသျှပြတိုက်၏အသွင်သစ်
  • နိုးလော့!—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူမျိုးတော်ကို ယေဟောဝါ ကာကွယ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ကဲသရိနှင့် ကနဦးခရစ်ယာန်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ဘယ်လို အကျိုးပြုနိုင်သလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • သီအိုကရက်တစ် စာကြည့်တိုက်တစ်ခု ဖွဲ့စည်းပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၂
န၀၂ ၁၁/၈ စာ. ၂၃

ဗြိတိသျှပြတိုက်၏အသွင်သစ်

ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်သည် နှစ်စဉ် ဧည့်သည်ခြောက်သန်းနီးပါးကို လက်ခံကြိုဆိုလျက်ရှိသည်။ လွန်ခဲ့သောတစ်နှစ်ခန့်က ဤလူအုပ်ကြီးအတွက် အဆင်ပြေစေရန် ယင်း၏နေရာကို ၄၀ ရာခိုင်နှုန်း ထပ်မံတိုးချဲ့ခဲ့သည်။ ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။

ဗြိတိသျှပြတိုက်စာကြည့်တိုက်နှင့် ဗြိတိသျှပြတိုက်တို့ကို ပြည်သူလူထုအတွက် ၁၇၅၉ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့သည်။ ယင်းတို့ထားရှိရာ လက်ရှိအဆောက်အဦကို ၁၈၅၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ သို့သော် ၁၉၉၇ ခုနှစ်တွင် ဗြိတိသျှစာကြည့်တိုက်ဟုခေါ်သည့် စာကြည့်တိုက်ကို အနီးအနားရှိ အဆောက်အဦ၏ဥပစာသစ်သို့ ပုံနှိပ်စာအုပ် ၁၂ သန်း၊ ထောင်ပေါင်းများစွာသော လက်ရေးစာမူ၊ တံဆိပ်များနှင့်အတူ ပြောင်းရွှေ့ခဲ့သည်။ ယင်းသို့ပြောင်းရွှေ့မှုကြောင့် နှစ်ပေါင်း ၁၅၀ နီးပါး ပြည်သူလူထု မဝင်ရောက်နိုင်သည့် ဗဟိုရင်ပြင်ကို ဖွင့်ပေးကာ ဗြိတိသျှပြတိုက်ကို တိုးချဲ့ရန် လမ်းဖွင့်ပေးလိုက်သကဲ့သို့ဖြစ်သွားသည်!

ရင်ပြင်ကြီးဟုခေါ်တွင်ခဲ့သည့် ယခုဖျက်သိမ်းလိုက်သောဤရင်ပြင်၏ ဗဟိုချက်နေရာသည် လိပ်ခုံးပုံစာကြည့်ခန်းဖြစ်သွားလေပြီ။ ယင်းကို ၁၈၅၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သောကြောင့် ဤစာကြည့်ခန်းသည် ကမ္ဘာအရပ်ရပ်မှ သုတေသီများအကြိုက်တွေ့သည့်နေရာ ဖြစ်ခဲ့သည်။ မိုဟမ်းဒပ်စ် ဂန္ဒီ၊ ချားလ်စ်ဒါဝင်နှင့် ကားလ်မာ့ခ်စ်တို့သည် ဂုဏ်ထူးဆောင်စာကြည့်တိုက်၏ ဆိတ်ငြိမ်သောဤအခန်းတွင် လေ့လာမှုပြုခဲ့ဖူးသည့် နာမည်ကျော်ပုဂ္ဂိုလ်များအနက် အနည်းငယ်သာဖြစ်ကြသည်။ ဤအခန်းကို ပြည်သူလူထုအတွက် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ယခုအခါ ယင်းစာကြည့်တိုက်သည် စာအုပ်ပေါင်း ၂၅,၀၀၀ စုဆောင်းထားသည်။

ဤလိပ်ခုံးပုံသမိုင်းဝင်အခန်းကို ပြန်လည်မွမ်းမံထားသည်။ စာဖတ်ခန်းအပါအဝင် ဤရင်ပြင်ကြီးကို ယခုအခါ အလေးချိန်တန် ၈၀၀ ရှိသော ခမ်းနားလှသော မျက်နှာကြက်ကြီးတစ်ခုဖြင့် မိုးထား၏။ ယင်းသည် သုံးထောင့်ပုံမှန်ချပ် ၃,၃၁၂ ချပ်ကို ကွပ်ထားသည့် သံမဏိဘောင်တစ်ခုဖြစ်ပြီး မှန်တစ်ချပ်စီ၏အရွယ်အစားကို ကွန်ပျူတာဖြင့် ဂရုတစိုက်ကိုက်ညှိထားသည်။

ယခုအခါ ဗြိတိသျှပြတိုက်၊ စာဖတ်ခန်းတွင် ယင်း၏အဖိုးမဖြတ်နိုင်သည့် ထောင်နှင့်ချီသောသုတရတနာသိုက်များကို ကွန်ပျူတာဖြင့် ဖတ်ရှုနိုင်သည်။ လန်ဒန်တိုင်းမ်စ်က အသစ်ပြန်လည်ဆောက်လုပ်ထားသည့် အဆောက်အဦကို ထူးကဲပြောင်မြောက်သည့်လက်ရာဟု ခေါ်ထားသည်။ ဧည့်သည်များက လှိုက်လှိုက်လှဲလှဲသဘောတူကြသည်!

[Picture Credit Lines on page 23]

Center top and bottom: Copyright The British Museum; all others: Copyright Nigel Young/The British Museum

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ