ခရစ်ယာန်အသက်တာလမ်းစဉ်
လူမျိုးတော်ကို ယေဟောဝါ ကာကွယ်
ပထမဆုံး ပသခါပွဲဟာ အလွန်အရေးကြီးတဲ့ ပွဲတစ်ခုဖြစ်တယ်။ အဲဒီညမှာ ဖာရောဟာ မိမိရဲ့ သားဦး သေဆုံးသွားတာကို တွေ့တဲ့အခါ မောရှေကို “မင်းတို့ရော၊ အစ္စရေးလူတွေရော ဒီကနေ ထွက်သွားကြ။ မင်းတို့ ပြောတဲ့အတိုင်း ယေဟောဝါကို သွားဝတ်ပြုကြ” လို့ ပြောတယ်။ (ထွ ၁၂:၃၁) ယေဟောဝါက မိမိရဲ့ လူတွေကို ကာကွယ်ပေးခဲ့တယ်။
ယေဟောဝါလူမျိုးတော်ရဲ့ ခေတ်သစ်သမိုင်းကို ပြန်ကြည့်လိုက်ရင် သူတို့ကို ယေဟောဝါ အမြဲ လမ်းညွှန်ပေး၊ ကာကွယ်ပေးနေတယ်ဆိုတာ ထင်ရှားတယ်။ ဒါက “ယေဟောဝါနာမည်အတွက် လူမျိုးတစ်မျိုး” လို့ ခေါင်းစဉ်တပ်ထားတဲ့ ကမ္ဘာ့ဌာနချုပ်က ပြတိုက်တစ်ခုရဲ့ ပေါ်လွင်ချက် ဖြစ်တယ်။
ဝေါဝစ်ပြတိုက် လည်ပတ်ကြည့်ရှုခြင်း အစီအစဉ်–“ယေဟောဝါနာမည်အတွက် လူမျိုးတစ်မျိုး” ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ကျမ်းစာကျောင်းသားတွေဟာ ၁၉၁၄ ခုနှစ်ကစပြီး ကျမ်းစာကို ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ဆန်းသစ်ထားတဲ့ ဘယ်ကိရိယာကို သုံးခဲ့သလဲ။ ဘယ်လောက် အောင်မြင်ခဲ့သလဲ။
၁၉၁၆ နဲ့ ၁၉၁၈ ခုနှစ်မှာ ဘယ်စမ်းသပ်မှုတွေ ကြုံခဲ့ရသလဲ။ အဖွဲ့အစည်းကို ယေဟောဝါ လမ်းညွှန်နေတယ်ဆိုတာ ဘာအထောက်အထား ရှိသလဲ။
ယေဟောဝါရဲ့ လူမျိုးဟာ ဆန့်ကျင်မှုကြားမှာ ဘယ်လိုနည်းနဲ့ ဆက်သစ္စာရှိခဲ့ကြသလဲ။
၁၉၃၅ ခုနှစ်မှာ ယေဟောဝါရဲ့ လူမျိုးဟာ ဘယ်နားလည်မှုအသစ်ကို သိရှိခဲ့ကြသလဲ။ သူတို့အပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။
ဒီပြတိုက်ကို သင် လည်ပတ်ပြီးပြီဆိုရင် မိမိရဲ့ လူမျိုးကို ယေဟောဝါ လမ်းညွှန်၊ ကာကွယ်ပေးနေမှန်း ယုံကြည်စိတ်ချစေတဲ့ ဘယ်အချက်ကို တွေ့ခဲ့ရသလဲ။