ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၅/၈ စာ. ၁၁-၁၃
  • အကျိုးပြုမည့် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျိုးပြုမည့် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်
  • နိုးလော့!—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီဖြေရှင်းမှုအမျိုးမျိုး
  • ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—ကျွန်ုပ်တို့၏ ပြဿနာများကို အမှန် ဖြေရှင်းပေးနိုင်မည်လော
    နိုးလော့!—၂၀၀၃
  • ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—မျှော်လင့်နိုင်စရာများနှင့် စိုးရိမ်ပူပန်စရာများ
    နိုးလော့!—၂၀၀၃
  • မာတိကာ
    နိုးလော့!—၂၀၀၃
  • ရာသီဥတု မည်သို့ ဖြစ်ပျက်နေသနည်း
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၅/၈ စာ. ၁၁-၁၃

အကျိုးပြုမည့် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်

“ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ် အောင်မြင်ဖို့ဆိုလျှင် ဆင်းရဲချမ်းသာမရွေး သာတူညီမျှဖြစ်ရေးတွင် အောင်မြင်မှုရှိရမည်ဖြစ်သည်။ ချမ်းသာသူများနည်းတူ တန်းတူအခွင့်အရေးများပေးရမည်။ လူမှုမျှတရေးနှင့် တန်းတူညီမျှရေးတို့ကို စီးပွားရေးအောင်မြင်မှု၊ ဆက်သွယ်ရေးတိုးတက်မှုတို့နှင်အတူ တစ်တန်းတည်းစီမံပေးရမည်။”—ကိုဖီအာနန်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်။

ကိုဖီအာနန်ထောက်ပြခဲ့သည့်အတိုင်းပင် အမှန်အောင်မြင်သည့် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် ကမ္ဘာချီရပ်ကွက်တွင် နေထိုင်သူအားလုံးတို့၏ အသက်တာကို တိုးတက်စေရမည်ဖြစ်ပေသည်။ သို့သော် မကြာသေးမီနှစ်များက ကျွန်ုပ်တို့တွေ့ရှိခဲ့ရသည့်အရာတို့သည် အဆိုပါစံနှုန်းကို လက်လှမ်းမမီကြချေ။ လူ့အခွင့်အရေးနှင့် လူမှုသာတူညီမျှရေးတို့မှာ စက်မှုအတတ်ပညာနှင့် ရုပ်ပစ္စည်းတိုးတက်အောင်မြင်မှုနောက်ဝယ် နောက်ကောက်ကျကျန်ရစ်ခဲ့ပေပြီ။

အဓိကကျသည့်ပြဿနာမှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသည် အမြတ်အစွန်းရလိုသည့် လောဘကြီးခြင်း၏ လှုံ့ဆော်မှုကိုခံနေရခြင်းဖြစ်သည်။ အမြတ်အစွန်းရရှိဖို့ မျှော်လင့်ချက်သည် လူဆင်းရဲများ၊ ချို့ငဲ့သူများ သို့မဟုတ် ကမ္ဘာဂြိုဟ်နှင့်ပတ်သက်သည့် ရေရှည်လိုအပ်ရာများကို ထည့်တွက်မပေးကြချေ။ “ငွေကိုသာ အဓိကတန်ဖိုးထားသည့် စီးပွားရေးကုမ္ပဏီများ၏ လွှမ်းမိုးချုပ်ကိုင်မှုကိုခံရသည့် အထိန်းအကွပ်မဲ့ ကမ္ဘာချီစီးပွားရေးသည် အခြေခံအားဖြင့် မတည်မငြိမ်ဖြစ်နေကာ . . . လူတို့ကိုလည်း အဘက်ဘက်မှ ချွတ်ခြုံကျနေစေသည်” ဟု ဒေါက်တာ ဒေးဗိဒ် စီ. ကော်တန်က ဆင်ခြင်ပြောဆိုလိုက်သည်။

ကမ္ဘာ့အစိုးရများသည် လူမှုမျှတရေးကို စီမံပေးရန် ကမ္ဘာချီစီးပွားရေးကို ထိန်းချုပ်ပေးနိုင်ပါမည်လော။ ထိန်းချုပ်ပေးနိုင်ပုံမရချေ။ ယခုထက်ထိ အစိုးရများသည် အဘယ်ကမ္ဘာချီပြဿနာကိုမဆို—ကမ္ဘာချီရာဇဝတ်မှု၊ ကမ္ဘာချီပူနွေးလာမှု သို့မဟုတ် ကမ္ဘာချီဆင်းရဲမွဲတေမှုပင်ဖြစ်ပါစေ—မဖြေရှင်းပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီဖြစ်၏။ “ကမ္ဘာချီအကျိုးကို ကာကွယ်ရန် စုပေါင်းလုပ်ဆောင်ဖို့လိုအပ်သည်၊ သို့သော် ယနေ့ခေတ်၏ ကမ္ဘာနှင့်ချီ၍ ဆက်စပ်ဆောင်ရွက်နေသည့်လောကတွင် ကမ္ဘာချီလုပ်ဆောင်နိုင်သော လုပ်ထုံးလုပ်နည်းများမှာ ကနဦးအဆင့်ထက် မပိုချေ” ဟုအာနန်ကရှင်းပြသည်။

ကမ္ဘာချီပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကမ္ဘာချီလုပ်ထုံးလုပ်နည်းများသည် တစ်ခုတည်းသောတောင်းဆိုချက်မဟုတ်ပေ။ ထို့အပြင် ကမ္ဘာလောကသည် လူ့ကျင့်ဝတ်ဆိုင်ရာစံများလည်း လိုအပ်ကြောင်း ကမ္ဘာချီအစိုးရစနစ်ဆိုင်ရာကော်မရှင်aက ကျိုးကြောင်းဆင်ခြင်ပြသည်။ “ကမ္ဘာချီလူ့ကျင့်ဝတ်မရှိလျှင် ကမ္ဘာချီရပ်ကွက်တွင်နေထိုင်ရခြင်းမှ သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများ ပြန့်ပွားလာမည်; အကောင်းဆုံး ပုံစံပြုထားသည့် ဥပဒေသထုံးနည်းများနှင့် မဟာဗျူဟာများပင်လျှင် ဦးဆောင်မှုမရှိဘဲနှင့်တော့ အောင်မြင်မည်မဟုတ်” ဟု ၎င်းတို့၏ အစီရင်ခံစာက ထောက်ပြလိုက်သည်။

အဘယ်ကမ္ဘာချီလူ့ကျင့်ဝတ်ကို သူတို့ထောက်ခံပြောဆိုခဲ့ကြသနည်း။ “လူတို့သည် မိမိတို့ဆက်ဆံခံလိုသည့်အတိုင်း အခြားသူများကို ဆက်ဆံသင့်သည်” ဟူ၍ အဆိုပါအစီရင်ခံစာကဖော်ပြခဲ့၏။ ကမ္ဘာပေါ်တွင် တစ်ခါမျှမပေါ်ခဲ့ဖူးသည့် အကြီးမြတ်ဆုံးခေါင်းဆောင် ယေရှုခရစ်သည် အဆိုပါကိုယ်ကျင့်တရားစံနှုန်းကို လွန်ခဲ့သောအနှစ်နှစ်ထောင်လောက်က သွန်သင်ပေးခဲ့သော်လည်း အဆိုပါမူသည် ကျိုးကြောင်းညီညွတ်နေဆဲပင်။ (မဿဲ ၇:၁၂) ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်သည် ၎င်းမူအပေါ် တည်မှီနေပါက လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမည်မှာ သံသယမရှိချေ။ ယင်းသို့ဖြစ်လာနိုင်ပါမည်လော။

ကမ္ဘာချီဖြေရှင်းမှုအမျိုးမျိုး

မဝေးတော့သည့်အနာဂတ်တွင် ကမ္ဘာချီအစိုးရတစ်ခုသည် လူသားထုကို ငွေကြေး သို့မဟုတ် နည်းပညာအပေါ် အခြေခံမည့်အစား တစ်ကိုယ်ကောင်းမဆန်မှုအပေါ်အခြေခံ၍ စည်းလုံးစေတော့မည်ဖြစ်ကြောင်း သမ္မာကျမ်းစာက တင်ကူးပြောပြသည်။ ယင်းသည် အောင်မြင်မှုရရှိပေလိမ့်မည်၊ အကြောင်းမှာ လူသားထုတစ်ရပ်လုံးအတွက် ကမ္ဘာနှင့်အဝန်းလုပ်ဆောင်ပေးရန် ယင်း၌ အစွမ်းခွန်အားနှင့် လုပ်ထုံးလုပ်နည်းများရှိနေခြင်းကြောင့်ဖြစ်၏။ ယေရှုခရစ်ကိုယ်တော်တိုင်က ‘ဘုရားသခင့်နိုင်ငံတော်လာစေရန်နှင့် ဘုရားသခင့်အလိုတော်သည် ကမ္ဘာမြေကြီးပေါ် ပြီးမြောက်စေရန်’ ဆုတောင်းကြဖို့ မိမိ၏နောက်တော်လိုက်များကို သွန်သင်ပေးခဲ့သည့်အချိန်က ဤကမ္ဘာချီအစိုးရကို အဓိကအာရုံစိုက်ခဲ့သည်။—မဿဲ ၆:၁၀၊ ကဘ။

ယေရှုခရစ်လက်ဝယ်ရှိ ကောင်းကင်ဆိုင်ရာအစိုးရ၊ ဘုရားသခင့်နိုင်ငံတော်သည် ယေရှုမြေကြီးပေါ်ရှိစဉ်က ကိုယ်တော်တိုင် သွန်သင်ပေးခဲ့သည့်အရာနှင့် တစ်ပုံစံတည်းဖြစ်သည့် ကမ္ဘာချီလူ့ကျင့်ဝတ်အသစ်ကို စံပြဖြစ်စေမည်။ ဘုရားသခင်ကိုချစ်ခြင်းနှင့် အိမ်နီးချင်းကိုချစ်ခြင်းတို့သည် ဦးဆောင်လမ်းညွှန်ပေးသည့် မူများဖြစ်ပေလိမ့်မည်။ (မဿဲ ၂၂:၃၇-၃၉) သမ္မာကျမ်းစာတွင်ပါရှိသည့် ပရောဖက်ပြုချက်များစွာတို့က အဆိုပါအစိုးရသစ် လုပ်ဆောင်ပေးမည့်အရာကို ဖော်ပြပေးသည်။ ၎င်း၏အုပ်စိုးရှင်၊ ယေရှုခရစ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာကဤသို့ကတိပေးသည်– “ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။” (ဟေရှာယ ၁၁:၄) ချမ်းသာကြွယ်ဝသူများနှင့် ဩဇာအာဏာရှိသူများသည် ချို့ငဲ့သူများကို ကုပ်သွေးစုပ်တော့မည်မဟုတ်ချေ။ ယေရှုသည် “ဆင်းရဲသူနှင့် နွမ်းပါးသူကို သနား၍ . . . သူတို့ . . . အသက်ကို ညှဉ်းဆဲခြင်းနှင့် ကြမ်းကြုတ်ခြင်း၏လက်မှ ရွေးနုတ်တော်မူ” မည်။—ဆာလံ ၇၂:၁၃၊ ၁၄၊ သမ္မာ။

ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကိုလည်း ချက်ချင်း အရေးယူကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်။ တစ်စတစ်စတိုး၍ သဲကန္တာရဖြစ်လာစေမည့်အစား “တောနှင့်သွေ့ခြောက်သောမြေသည် ဝမ်းမြောက်လိမ့်မည်။ သဲကန္တာရလည်း ရွှင်လန်း၍အပွင့်ပွင့်လိမ့်မည်။” (ဟေရှာယ ၃၅:၁၊ သမ္မာ) အစာရေစာခေါင်းပါးစေမည့်အစား “ပြည်တော်၌ များစွာသောစပါးရှိ . . . မည်။”—ဆာလံ ၇၂:၁၆။

ဘုရားသခင့်နိုင်ငံတော်သည် နောက်ခံအားလုံးမှလူတို့ကို စည်းလုံးစေသည်။ ဘုရားသခင်သည် “သိုးခြံ၌ သိုးများကဲ့သို့ . . . သူတို့ကို ငါစု၍ထားမည်” ဟုကတိထားတော်မူ၏။ ‘လူမျိုးအပေါင်းတို့သည် အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း . . . စင်ကြယ်သောဘာသာစကားကို သူတို့အားငါပေးမည်။’ (မိက္ခာ ၂:၁၂; ဇေဖနိ ၃:၉၊ ကဘ) အများသိထားသည့် ကိုယ်ကျင့်တရားဆိုင်ရာသတ်မှတ်ချက်များနှင့် ဘာသာရေးစံနှုန်းများပါဝင်သည့် ဤ “စင်ကြယ်သောဘာသာစကား” သည် ယခုတွင်ပင် လူတို့ကို စည်းလုံးနေစေသည်။

ကမ္ဘာချီခရီးသွားလာမှု လျင်မြန်လွယ်ကူလာသည့်အတွက် ယေဟောဝါသက်သေများသည် လူမျိုးမတူ၊ နိုင်ငံမတူသည့်အပြင် ယဉ်ကျေးမှုချင်းမတူညီကြသည့် အုပ်စုများအကြား နှောင်ကြိုးများကို ခိုင်ခံ့စေသည့် ကြီးမားသော အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများကို ပုံမှန်ကျင်းပပေးကြသည်။ ဤစည်းဝေးကြီးများသည် နည်းပညာနှင့် ကူးသန်းရောင်းဝယ်မှုတို့ ပါဝင်ပတ်သက်နေမည့်အစား စိတ်ရောကိုယ်ပါ ရောယှက်ပတ်သက်နေသည့် စည်းလုံးညီညွတ်မှု၏ လှုပ်ရှားထကြွနေသော သက်သေအထောက်အထားဖြစ်ပေသည်။ (တွဲဖက်လေးထောင့်ကွက်ကိုရှု။) ထိုကဲ့သို့သော စည်းဝေးကြီးများကို တက်ရောက်ခဲ့သည့် စပိန်ဓမ္မပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “ဉာဏ်အလင်းပေးတဲ့ ကျမ်းစာဟောပြောချက်တွေသာမက ဒီလူတွေစပ်ကြားမှာရှိတဲ့ စည်းလုံးမှု၊ သူတို့ရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရားနဲ့ သူတို့ရဲ့ မွန်မြတ်တဲ့အမူအကျင့်တွေကြောင့် ကျွန်မကို တည်ဆောက်မှုဖြစ်စေတယ်လို့ ခံစားရပါတယ်။’

ထို့အပြင် ယေဟောဝါသက်သေများသည် မိမိတို့၏ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကို လွယ်ကူချောမွေ့စေရန် ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ အခြားသောအသွင်အပြင်များကို အခွင့်ကောင်းယူ အသုံးပြုကြသည်။ ဥပမာ၊ ကမ္ဘာတစ်ဝန်းရှိ ဘာသာပြန်သူများစွာတို့သည် ကွန်ပျူတာစနစ်များနှင့် အီလက်ထရောနစ်စာပို့စနစ်ကို အသုံးပြုလျက် နိုးလော့! ကို ဘာသာစကားပေါင်း ၈၇ ဘာသာဖြင့် ပြန်ဆိုခဲ့ကြသည်။ ထိုသို့သောကိရိယာများက ယေဟောဝါသက်သေများ၏ ကျမ်းစာပညာပေးရေးအစီအစဉ်ကို စစ်မှန်သည့် ကမ္ဘာချီအစီအစဉ်တစ်ရပ်ဖြစ်နေစေသည်။ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်၏ ကိရိယာများကို အကျိုးရှိရှိ အသုံးပြုနိုင်သလို ဖျက်ဆီးရေးအတွက်လည်း အသုံးပြုနိုင်သည်မှာ ရှင်းနေပါသည်။

အလားတူ လူသားတို့၏ ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်တွင် ရှိခဲ့သည့်အတိုင်း ပြဿနာများပေါ်ပေါက်စေမည့်အစား ဘုရားသခင်တင်မြှောက်သည့် ကမ္ဘာချီအစိုးရသည် ဖြေရှင်းချက်များကို စီမံပေးမည်ဖြစ်ပေသည်။ ဤကောင်းကင်အစိုးရကို ယုံကြည်ဖို့ ကျွန်ုပ်တို့၌ ခိုင်လုံသောအကြောင်းရှိပါသည်။ “မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင် [ဖြစ်ရပ်များ] . . . ကို မအောက်မေ့ရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်” ဟု ဘုရားသခင်ကတိပြုသည်။ (ဟေရှာယ ၆၅:၁၇၊ ၁၈) ဘုရားသခင်၏ “မြေကြီးသစ်” သည် လူတို့ကို ကမ္ဘာနှင့်ချီ၍ စစ်မှန်စွာ အကျိုးပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

a ကမ္ဘာ့အထင်ကရခေါင်းဆောင် ၂၈ ဦးဖြင့်ဖွဲ့စည်းထားသည့် ဤကော်မရှင်သည် “ကျွန်ုပ်တို့၏ ကမ္ဘာချီရပ်ကွက်” ဟုခေါင်းစဉ်တပ်ထားသည့် ရှည်လျားသော အစီရင်ခံစာတစ်စောင်ကို ၁၉၉၅ ခုနှစ်တွင် ပြင်ဆင်ခဲ့ကြသည်၊ ယင်းတွင် ကမ္ဘာ့အစိုးရစနစ်တိုးတက်စေရေးအတွက် ၎င်းတို့၏ အဆိုပြုချက်များကို ဖော်ပြထားသည်။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

ချိတ်ဆက်နေသော်လည်း စည်းခြားထားဆဲ

နည်းပညာသည် ကမ္ဘာကြီးအား ပို၍သေးငယ်သွားအောင် ပြုလုပ်နိုင်ခဲ့သော်လည်း သဘောထားကွဲလွဲမှုများက ခိုင်မာစွာ အမြစ်တွယ်နေဆဲပင်။ ရုပ်မြင်သံကြား၊ မိုဘိုင်းလ်ဖုန်းများနှင့် အင်တာနက်တို့သည် လူသားအချင်းချင်း ဆက်သွယ်ရာတွင် အသုံးဝင်ခဲ့သော်လည်း လူသားတို့ကို စည်းလုံးစေရေးအတွက်မူ အသုံးမဝင်ခဲ့ချေ။ စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုနှင့် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု အဆုံးသတ်သွားခြင်းက နိုင်ငံများစပ်ကြား စစ်ပွဲအတော်များများကို ယုတ်လျော့စေခဲ့သည်၊ သို့သော် ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းပဋိပက္ခများမူကား နှစ်စဉ် ထောင်သောင်းမကသော လူတို့အား သတ်ဖြတ်ခြင်းနှင့် သေရာပါဒဏ်ရာရစေခြင်းတို့ကို ဆက်လက်ပြုလုပ်နေဆဲပင်။

အဘယ်ကြောင့်နည်း။ ပြိုင်ဘက်လူမျိုးစု၊ အမျိုးအနွယ်နှင့် ဘာသာရေးအုပ်စုများအကြား မုန်းတီးမှု—ပြည်တွင်းစစ်ပွဲများကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်း—က ဆုတ်ယုတ်သွားမည့် လက္ခဏာမရှိကြောင်း ပြသ၏။ ထို့အပြင် ကမ္ဘာချီစီးပွားရေးနှင့် ဒုစရိုက်အသင်းအဖွဲ့များက စစ်ဖက်ပြိုင်သည့်အဖွဲ့များ ကောင်းစွာလက်နက်တပ်ဆင်ထားနိုင်ရန် ဈေးပေါသည့်လက်နက်အမြောက်အမြားကို မပျက်မကွက် ထုတ်လုပ်ပေးကြသည်။ စစ်မှန်သော စည်းလုံးညီညွတ်မှုကို အီလက်ထရွန်နစ်ပညာရပ်က မဖန်တီးပေးနိုင်ပေ၊ စတော့ဈေးကွက်အရောင်းတက်လာခြင်းကလည်း လူမှုမျှတရေးကို မတိုးမြှင့်ပေးနိုင်ပေ။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပေါင်းစပ်ဆောင်ရွက်မှုသည် တစ်နည်းအားဖြင့် စည်းလုံးမှုကို အမှန်ပင် ပျက်ပြားစေနိုင်သည်။ စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာမှုနောက် ယာယီစီးပွားရေးကပ် လိုက်ပါလာသောအခါ လူတို့သည် စီးပွားရေးနစ်နာမှုကို ကိုယ်ကျိုးရှာ အမြတ်ထုတ်ကြသည့် အစွန်းရောက်ဝါဒီ နိုင်ငံရေးသမားများ၏ ဖြားယောင်းသွေးဆောင်ရလွယ်ကူသော သားကောင်ဖြစ်လာနိုင်သည်။ ဖြေရှင်းချက်ကား အဘယ်နည်း။ “အဓိကအရေးကြီးဆုံး အရေးကိစ္စအဖြစ် လူ့ဖွံ့ ဖြိုးတိုးတက်မှုနှင့် တန်းတူညီမျှမှုတို့နှင့်အတူ တိုင်းနိုင်ငံနှင့် ကမ္ဘာချီအုပ်ချုပ်မှုကို ပြန်လည်ဆန်းသစ် ဖန်တီးရမည်ဖြစ်သည်” ဟု လူ့ ဖွံ့ ဖြိုးတိုးတက်မှုအစီရင်ခံစာ ၁၉၉၉ ကဝန်ခံပြောဆိုသည်။ ယင်းသည် ဘုရားသခင့်နိုင်ငံတော်လုပ်ဆောင်မည့်အရာ တိတိကျကျပင်ဖြစ်ပေသည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံများ]

နောက်ခံအသီးသီးမှလူတို့ကို ယေဟောဝါသက်သေများ၏ ကမ္ဘာချီ ကျမ်းစာပညာပေးအစီအစဉ်က စည်းလုံးညီညွတ်စေခဲ့ပြီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ