ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၈/၈ စာ. ၂၁
  • ‘သင့်အရေပြားသည် မြို့ရိုးတစ်ခုနှင့်တူ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သင့်အရေပြားသည် မြို့ရိုးတစ်ခုနှင့်တူ’
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏အရေပြားကို ထိန်းသိမ်းကာကွယ်လော့!
    နိုးလော့!—၂၀၀၅
  • မာတိကာ
    နိုးလော့!—၂၀၀၅
  • မြွေအရေခွံ
    နိုးလော့!—၂၀၁၄
  • သားရေဘူးထဲမှ မျက်ရည်စက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၈/၈ စာ. ၂၁

‘သင့်အရေပြားသည် မြို့ရိုးတစ်ခုနှင့်တူ’

ရှေးခေတ်မြို့သူမြို့သားများသည် ကျူးကျော်သူများ၏ရန်မှ အကာအကွယ်ရရန် မြို့ရိုးများ တည်ဆောက်ခဲ့ကြသည်။ ထိုမြို့ရိုးသည် ရန်သူများကိုတားဆီးသည့် အကာအကွယ်တံတိုင်းလည်းဖြစ်၊ ခံစစ်ဆင်သည့်တပ်များ မြို့တော်ကိုကာကွယ်ပေးနိုင်ဖို့ ကတုတ်ရင်တားလည်းဖြစ်သည်။ သင့်ကိုယ်ခန္ဓာသည်လည်း အကာအကွယ်ပေးသော “မြို့ရိုး” နှင့်တူသည့် သင့်အရေပြားရှိသည်။ သင့်အရေပြားသည် ကျူးကျော်သူများရန်မှ သင့်အား မည်သို့ကာကွယ်ပေးသနည်း။

သင့်အရေပြားမျက်နှာပြင်ပေါ်တွင် ဗက်တီးရီးယားနှင့် အခြားသောအဏုဇီဝရုပ်များဖြင့် ဖုံးအုပ်လျက်ရှိသည်၊ ၎င်းတို့အနက် အချို့သည် ရောဂါကူးစက်စေကာ ရောဂါရစေနိုင်သည်။ သင့်အရေပြားသည် ခုခံခြင်းမရှိသော အကွယ်အကာတစ်ခုမျှ မဟုတ်ပေ။ အကာအကွယ်ပေးသည့် အဏုဇီဝရုပ်ဆန့်ကျင် ပရိုတင်းများကို အရေပြားက ထုတ်ပေးခြင်းဖြင့် ကျူးကျော်ဝင်ရောက်သည့်အရာများကို တွန်းလှန်တိုက်ခိုက်ပေးပုံရသည်။ ၎င်းတို့မှ အချို့သည် တာဝန်မပြတ်ထမ်းဆောင်ကြသည်။ အခြားတို့မူ အရေပြားထိခိုက်ပျက်စီးချိန်မှ ပေါ်လာတတ်သည်။

အရေးပေါ်သည့်အခါ ကာကွယ်ပေးသောအရာများဖြစ်ကြောင်း ထင်ရှားသည့် ဒီဖန်းစင် (defensins) နှင့် ကက်သီလီစီဒင် (cathelicidins) ဟုခေါ်သော အဏုဇီဝရုပ်ဆန့်ကျင် ပက်ပတိုက်များ၏ ပထမအုပ်စုနှစ်စုကို ရှာဖွေတွေ့ရှိခဲ့ကြပြီ။ ဒဏ်ရာဒဏ်ချက်များရသည့်အခါ၊ ရောင်ရမ်းနာဖြစ်သည့်အခါ အရေပြားအပေါ်လွှာရှိဆဲလ်များက ထိုအုပ်စုနှစ်စုလုံးကို ထုတ်ပေးသည်။ ၎င်းတို့က ကျူးကျော်ရာများ၏ ဆဲလ်အမျှင်များတွင် အပေါက်များဖြစ်ပေါ်စေခြင်းဖြင့် နှိမ်နင်းကြသည်။

၂၀၀၁ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ တူဘင်ဂန်မြို့ရှိ တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့သည် အချိန်ပြည့်အလုပ်လုပ်နေသော ဒါမာစိုင်ဒင် (dermicidin) ဟုခေါ်သည့် ရောဂါပိုးဆန့်ကျင် ပရိုတင်းတစ်မျိုးကို တွေ့ရှိခဲ့ကြသည်။ အခြားအုပ်စုနှစ်စုနှင့်မတူဘဲ ကျန်းမာသည့် အရေပြားရှိ ချွေးဂလင်းများမှ ဒါမာစိုင်ဒင် ကို ထုတ်ပေးသည်။ ထိုပရိုတင်း၏ လုပ်ဆောင်ပုံကိုမူ ယခုတိုင် မသိကြသေးချေ။ သို့တိုင် ချွေးက ရောဂါပိုးတားဆီးရန် ထောက်ကူပေးသည်ဟူသည့်အချက်ကိုထောက်၍ မကြာခဏ ဆေးကြောသုတ်သင်ကြသူများသည် အရေပြားရောဂါများနှင့် နှင်းခူကဲ့သို့သောရောဂါ ပိုဖြစ်လေ့ရှိခြင်းဖြစ်မည်။

ရှေးမြို့ရိုးတစ်ခုကဲ့သို့ပင် ကျွန်ုပ်တို့၏အရေပြားသည် ကျူးကျော်လာသောအရာများကို တားဆီးပေးသည်။ “အိုထာဝရဘုရား[သခင်] ကိုယ်တော်စီရင်ပြုပြင်တော်မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏” ဟုဆိုခဲ့သူ ဆာလံဆရာနှင့် သင် အမှန်ပင် သဘောတူပေလိမ့်မည်။—⁠ဆာလံ ၁၀၄:၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ