ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၁၀/၁ စာ. ၂၆
  • သားရေဘူးထဲမှ မျက်ရည်စက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သားရေဘူးထဲမှ မျက်ရည်စက်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏အရေပြားကို ထိန်းသိမ်းကာကွယ်လော့!
    နိုးလော့!—၂၀၀၅
  • မာတိကာ
    နိုးလော့!—၂၀၀၅
  • မြွေအရေခွံ
    နိုးလော့!—၂၀၁၄
  • ‘သင့်အရေပြားသည် မြို့ရိုးတစ်ခုနှင့်တူ’
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၁၀/၁ စာ. ၂၆

သားရေဘူးထဲမှ မျက်ရည်စက်များ

လူငယ်တစ်ဦးသည် ဝရမ်းပြေးဘဝဖြင့် ထွက်ပြေးနေရသည်။ သူသည် စိတ်ဆင်းရဲမှုကို မခံမရပ်နိုင်ဖြစ်လာကာ မျက်ရည်ကျလျက် ယေဟောဝါဘုရားသခင်၏ ကြင်နာမှုနှင့်မေတ္တာကရုဏာအတွက် ဤသို့အသနားခံခဲ့သည်– “အကျွန်ုပ်မျက်ရည်တို့ကို [“သားရေဘူး၊” ကဘ] ထဲမှာ ထည့်တော်မူပါ။” (ဆာလံ ၅၆:၈) ထိုသူမှာ နောက်ပိုင်းတွင် ဣသရေလရှင်ဘုရင်ဖြစ်လာသော ဒါဝိဒ်ဖြစ်သည်။ ဤတွင် သူရည်ညွှန်းနေသော သားရေဘူးကား အဘယ်နည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏မျက်ရည်များကို သားရေဘူးထဲတွင် မည်သည့်နည်းဖြင့် ထည့်ထားနိုင်သနည်း။

သားရေဘူးသည် အဘယ်အရာဖြစ်ကြောင်း ဒါဝိဒ်ကောင်းစွာသိသည်။ ရေ၊ ဆီ၊ ဝိုင် သို့မဟုတ် ထောပတ်တို့ကို ထည့်ရာတွင်အသုံးပြုသည့် ဘူးတစ်မျိုးဖြစ်သည်။ ဆာဟာရသဲကန္တာရတွင် လှည့်လည်သွားလာနေထိုင်ကြသူများဖြစ်သည့် တွားရက်လူမျိုးစုကဲ့သို့သောသူများသည် ယနေ့ထိတိုင် ထိုသားရေဘူးများကို အသုံးပြုနေဆဲဖြစ်သည်။ ယင်းတို့ကို ဆိတ် သို့မဟုတ် သိုးတစ်ကောင်လုံး၏ အရေခွံဖြင့် ပြုလုပ်ထားသည်။ ထိုဘူးများတွင် တိရစ္ဆာန်၏အရေခွံအရွယ်အစားပေါ်မူတည်၍ ရေများစွာ ဝင်ဆံ့နိုင်သည်။ သားရေဘူးများသည် ပူပြင်းသောကန္တာရနေပူရှိန်အောက်တွင်ပင် ရေကိုအေးမြနေစေသောကြောင့် လူသိများကြသည်။ ယခင်ကဆိုလျှင် မြည်း သို့မဟုတ် ကုလားအုတ်များဖြင့် ၎င်းတို့ကို သယ်ဆောင်လေ့ရှိသည်။ ယနေ့အချိန်တွင်မူ လမ်းအနေအထားမျိုးစုံမောင်းနှင်နိုင်သော ယာဉ်များ၏ အရှေ့ဘက်တွင် ထိုသားရေဘူးများ ချိတ်ဆွဲထားသည်ကို သင်တွေ့ မြင်နိုင်သည်။

ထိုသားရေဘူးနှင့်ပတ်သက်သည့် ဒါဝိဒ်၏ထိမိသည့်စကားလုံးများသည် ကျွန်ုပ်တို့အတွက်လည်း အဓိပ္ပာယ်ရှိနိုင်သည်။ မည်သို့အားဖြင့်နည်း။ စာတန်သည် ဤလောကကို ထိန်းချုပ်ထားပြီး ကျွန်ုပ်တို့ခေတ်တွင် “ပြင်းစွာသောဒေါသအမျက်” ထွက်နေကြောင်း ကျမ်းစာရှင်းပြသည်။ ရလဒ်အနေဖြင့် ကမ္ဘာမြေသည် အလွန်ဆိုးရွားသောအမင်္ဂလာများ ကြုံတွေ့နေရ၏။ (ဗျာ. ၁၂:၁၂) ထို့ကြောင့် ဒါဝိဒ်ကဲ့သို့ပင် များစွာသောသူတို့၊ အထူးသဖြင့် ဘုရားသခင်၏နှစ်သက်မှုရရန် ကြိုးစားနေသူများသည် စိတ်ပိုင်းအရ သို့မဟုတ် ကာယရေးအရ ဆင်းရဲဝေဒနာခံစားနေရသည်။ ယင်းတွင် သင်လည်းပါဝင်သလော။ ထိုသစ္စာရှိသူများသည် “မျက်ရည်ကျ” နေသည့်တိုင် သမာဓိစောင့်သိသည့်လမ်းစဉ်တွင် ဆက်အသက်ရှင်နိုင်ရန် ရဲစွမ်းသတ္တိရှိရှိ ကြိုးစားနေကြသည်။ (ဆာလံ ၁၂၆:၆) ကြုံတွေ့ရသည့်ခက်ခဲမှုများကိုသာမက ယင်းကြောင့်ခံစားရသည့် စိတ်နာကျင်မှုကိုပါ ကောင်းကင်ခမည်းတော်သိမြင်ကြောင်း သူတို့စိတ်ချနိုင်ကြသည်။ ကိုယ်တော်သည် မိမိကျေးကျွန်တို့၏မျက်ရည်ကို သားရေဘူးထဲတွင် ထည့်ထားသည့်အလား သူတို့ခံစားရသောနာကျင်မှုကို ကောင်းစွာသိနားလည်ပြီး သူတို့၏ဆင်းရဲခက်ခဲမှုကို ကရုဏာသက်စွာ အမှတ်ရတော်မူသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ