ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၄ စာ. ၁၆
  • မြွေအရေခွံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြွေအရေခွံ
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏အရေပြားကို ထိန်းသိမ်းကာကွယ်လော့!
    နိုးလော့!—၂၀၀၅
  • မြွေများနှင့်ပတ်သက်၍ အများယုံမှားမှုများ
    နိုးလော့!—၁၉၉၉
  • ကြေးဝါမြွေရုပ်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မာတိကာ
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၃/၁၄ စာ. ၁၆
သစ်ပင်ပေါ်ကမြွေ

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

မြွေအရေခွံ

မြွေတွေမှာ သွားလာဖို့ ခြေလက်တွေမရှိတဲ့အတွက် ပွတ်တိုက်အားကို ခံနိုင်ရည်ရှိတဲ့ အရေခွံဗိုက်သားတွေနဲ့ သွားလာကြပါတယ်။ တချို့မြွေမျိုးစိတ်တွေက သစ်ပင်ကြီးတွေပေါ်တက်နိုင်ပြီး တချို့မျိုးစိတ်တွေကျတော့ သဲပေါ်မှာ သွားလာနိုင်ကြတယ်။ မြွေအရေခွံဟာ ဘာကြောင့် အဲဒီလောက် အကြမ်းခံရတာလဲ။

သုံးသပ်ကြည့်ပါ– မြွေအရေခွံတည်ဆောက်ပုံ၊ အထူအပါးက မျိုးစိတ်တစ်ခုနဲ့တစ်ခု ကွဲပြားခြားနားပါတယ်။ ဒါပေမဲ့ မြွေအရေခွံအားလုံးမှာ တူညီတာတစ်ခု ရှိပါတယ်။ အဲဒါကတော့ အရေခွံရဲ့အပြင်ဘက်ပိုင်းက မာကြောပြီး အတွင်းပိုင်းက တဖြည်းဖြည်းပျော့ပျောင်းသွားပါတယ်။ ဒီလိုဖြစ်နေတာက မြွေတွေအတွက် ဘာထောက်ကူပေးသလဲ။ “အရေခွံရဲ့ အပြင်ပိုင်းက မာကြောပြီး အတွင်းပိုင်းက ပျော့ပျောင်းနေတဲ့အတွက် မာကြောကြမ်းတမ်းတဲ့နေရာမှာ ထိခိုက်မှုမရှိဘဲ သွားလာနိုင်ပါတယ်” လို့ သုတေသီ မာရီ ခရစ္စတင်း ကလင်း က ပြောပြတယ်။ မြွေတွေရဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့ အရေခွံတည်ဆောက်ထားပုံက မြေပြင်ပေါ် ရွေ့လျားသွားလာတဲ့အခါ သွားလာရလွယ်ကူစေတဲ့ ကုပ်အားကို ဖြစ်ပေါ်စေတယ်။ ချွန်ထက်စူးရှတဲ့ကျောက်ဆောင်တွေပေါ် သွားလာတဲ့အခါမှာလည်း အရေခွံထိခိုက်မှု နည်းပါတယ်။ မြွေတွေဟာ နှစ်လ၊ သုံးလတစ်ကြိမ်ကျမှ အရေခွံအသစ်လဲတဲ့အတွက်ကြောင့် တာရှည်ခံတဲ့ အရေခွံရှိဖို့ လိုပါတယ်။

မြွေအရေခွံရဲ့ ဂုဏ်သတ္တိမျိုးရှိတဲ့ ပစ္စည်းတွေဟာ ဆေးဝါး နယ်ပယ်မှာ အသုံးပြုလျက်ရှိပါတယ်။ ဥပမာ၊ တာရှည်ခံပြီး ပွတ်တိုက်အားကိုခံနိုင်မယ့် ပစ္စည်းတွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အစားထိုးကုသရာမှာ အသုံးပြုပါတယ်။ စက်ရုံတွေမှာ ပစ္စည်းတွေကို တစ်နေကနေ တစ်နေရာကို အလိုအလျောက်သယ်ပို့ပေးတဲ့ ရွေ့လျားစက်ခါးပတ်တွေဟာ မြွေအရေခွံကိုတုပထားပြီး အင်ဂျင်ဝိုင်အနည်းငယ်ပဲ လိုအပ်ပါတယ်။

ဘယ်လိုထင်ပါသလဲ– မြွေအရေခွံတည်ဆောက်ပုံက သူ့ဘာသာသူဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ