ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၁၀/၈ စာ. ၂၁
  • ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် အနာဂတ် အဘယ်သို့ရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် အနာဂတ် အဘယ်သို့ရှိ
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထိမခံသောကမ္ဘာဂြိုဟ်—အနာဂတ် မည်သို့ရှိသနည်း
    နိုးလော့!—၁၉၉၇
  • တဖြည်းဖြည်း မွန်းကျပ်လျက်ရှိသော မြို့ကြီးများ
    နိုးလော့!—၁၉၉၆
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၁၀/၈ စာ. ၂၁

ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် အနာဂတ် အဘယ်သို့ရှိ

“ရှေးပဝေသဏီကာလကတည်းက လူတို့သည် ရေလွှမ်းမိုးမှုနှင့် မိုးခေါင်မှုကဲ့သို့သော ‘မိုးကောင်းကင်၏ဘေးများ’ ကို ကြောက်ရွံ့လာခဲ့ကြသော်လည်း” ယခုအခါ သာ၍ဆိုးရွားသော ‘လူ့သဘာဝဘေးများ’ ၏ဒဏ် ခံနေကြရသည်” ဟုကနေဒါနိုင်ငံမှ ဂလို့ဘ် အဲန် မေးလ်သတင်းစာက ဖော်ပြသည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ် (UNEP) သည် အချိန်မနှောင်းမီ ပတ်ဝန်းကျင်ကို ဘေးဖြစ်စေသည့် လုပ်ရပ်များ ရပ်တန်းကရပ်ရေးအတွက် အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းထားသည့် အစီရင်ခံစာအပြည့်အစုံတစ်ခုကို ထုတ်ပြန်ခဲ့သည်။ UNEP ၏အမှုဆောင်ဒါရိုက်တာ ကလောက်စ် တိုဖာ,က ဤသို့ဆိုသည်– “ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ ဒါမှမဟုတ် လုပ်ဆောင်ဖို့ပျက်ကွက်မှုတွေကြောင့် ခရစ်နှစ် ၂၀၃၂ မှာ ထူးခြားလှတဲ့ ဒီအပြာရောင်ကမ္ဘာဂြိုဟ်ရဲ့ ပတ်ဝန်းကျင်နဲ့ သတ္တဝါတွေကို ဘယ်လိုထိခိုက်နိုင်မလဲဆိုတာ အခု ကျွန်တော်တို့ လုံလုံလောက်လောက် သိမြင်နေကြပါပြီ။”

၁၉၇၂ ခုနှစ်တွင် UNEP တည်ထောင်ခဲ့ချိန်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရာတွင် တိုးတက်မှု အနည်းငယ်ရှိခဲ့သည်။ တိုရွန်တိုစတားတွင် အစီရင်ခံထားသည့်အတိုင်း “လေထုနှင့် ရေထုသည် ဥရောပနှင့် မြောက်အမေရိကတို့တွင် အရည်အသွေးတိုးတက်ကောင်းမွန်လာခဲ့ပြီး အိုဇုန်းလွှာပျက်စီးမှု ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဓာတုထုတ်လွှတ်မှုကိုလည်း အတတ်နိုင်ဆုံး ကန့်သတ်ထားနိုင်ခဲ့ပြီ။” ထို့အပြင် ကနေဒါ၊ ဖင်လန်၊ နော်ဝေးနှင့် ယူနိုက်တက်စတိတ်စသည်တို့တွင် တည်ရှိသည့် သစ်တောထိန်းသိမ်းရေးအစီအစဉ်များသည် “သစ်များ အလွန်အကျွံခုတ်ထွင်မှုကြောင့် ထိခိုက်မှုကို လျှော့ချတော့မည်ဖြစ်ကြောင်း အာမခံထားသည်။” သို့သော်ငြားလည်း စီးပွားရေးတိုးတက်မှုကို ဆက်လက်ကန့်သတ်မထားဘဲ မြေပြင်များစွာကို မြို့ကြီးများအဖြစ် တိုးချဲ့မြဲတိုးချဲ့နေမည်ဆိုလျှင် တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးပေါင်းစုအပေါ် ဆိုးကျိုးသက်ရောက်ပါလိမ့်မည်ဟု UNEP အစီရင်ခံစာတွင် ဖော်ပြထား၏။ ဂလို့ဘ်တွင် ဤသို့ဖော်ပြထားသည်– “ကမ္ဘာ့မြစ် ထက်ဝက်ခန့်သည် ညစ်ညမ်းနေ သို့မဟုတ် ဆိုးရွားစွာ ရေလျော့လျက်ရှိသည်။ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းရှိသော နိုင်ငံရှစ်ဆယ်သည် ရေရှားပါးမှုဒဏ်ခံနေကြသည်။”

“ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်” သည်ဟု တိုဖာ,က ယုံကြည်သည်။ သူက ဤသို့ထပ်ဆိုသည်– “ကျွန်တော်တို့ တိကျတဲ့ အရေးယူဆောင်ရွက်မှု အစီအစဉ် . . . တိကျတဲ့စီမံချက် . . . နဲ့ အရေးအကြီးဆုံးကတော့ ရှင်းလင်းပြတ်သားတဲ့ ကြေညာချက် လိုအပ်တယ်။” သို့သော် ကမ္ဘာ့ခေါင်းဆောင်များသည် ကမ္ဘာဂြိုဟ်၏အကျိုးကို မသယ်ပိုးလိုကြလျှင် အဘယ်မျှော်လင့်စရာရှိသနည်း။

“ရှင်းလင်းပြတ်သားတဲ့ကြေညာချက်” ပြုထားပြီး “ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်” မည့်သူ ယေဟောဝါဘုရားသခင်ရှိကြောင်း စိတ်ချပါလေ။ ကိုယ်တော်သည် ကြားဝင်ကာ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဖြစ်ကြောင်း အတိအလင်း မှတ်တမ်းတင်ဖော်ပြထားသည်။ (ဗျာ. ၁၁:၁၈) ထို့အပြင် မြေကြီး၏ဂေဟစနစ်သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ဘုရားသခင်က အာမခံထား၏။ သဲကန္တာရများ ပွင့်လန်းလာကြမည်။ (ဟေရှာယ ၃၅:⁠၁) အစာရေစာများ ပေါကြွယ်လာမည်။ မြစ်များ ညစ်ညမ်းမှုမရှိတော့။ (ဆာလံ ၇၂:၁၆; ၉၈:⁠၈) မြေကြီးပေါ်ရှိ သက်ရှိသတ္တဝါတိုင်းကို ကောင်းချီးပေးမည်ဟု ဘုရားသခင် အာမခံထားသည်။—⁠ဆာလံ ၉၆:၁၁၊ ၁၂။

[Picture Credit Line on page 21]

NASA photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ