ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၄/၈ စာ. ၂၁-၂၂
  • ထာဝစဉ်သင်ယူရန် ဖန်ဆင်းခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထာဝစဉ်သင်ယူရန် ဖန်ဆင်းခံရ
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကောင်းဆုံး စိတ်ဓာတ်အစာ
  • သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ဘုရားပေးလက်ဆောင်တွေအတွက် ကျေးဇူးတင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • သေခြင်းသည် အမှန်ပင် ဘဝနိဂုံးလော
    နိုးလော့!—၂၀၀၇
  • အသက် (ဘဝ)
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၄/၈ စာ. ၂၁-၂၂

ထာဝစဉ်သင်ယူရန် ဖန်ဆင်းခံရ

“ဦးခေါင်းတိုင်းမှာ ကျွန်ုပ်တို့လေ့လာလေလေ၊ အကန့်အသတ်မဲ့ တိုးချဲ့နိုင်စွမ်းရှိလေလေဖြစ်တဲ့ အံ့ဖွယ်စွမ်းအင်၊ ကျစ်လျစ်သိပ်သည်းပြီး စွမ်းဆောင်ရည်ရှိတဲ့ အင်္ဂါတစ်ခုစီရှိကြတယ်။”—သိပ္ပံစာရေးဆရာ တိုနီဘူဇန်နှင့် ထဲရင့်ဒစ်ဇန်။

လူ့ဦးနှောက်သည် မည်မျှသင်ယူလေ့လာနိုင်သနည်း။ ယင်းမေးခွန်းသည် သုတေသီများအတွက် စိတ်ဝင်စားစရာနှင့် အကြံအိုက်စရာဖြစ်နေဆဲပင်။ ဦးနှောက်စာအုပ်တွင် ပီတာရပ်စယ်က ဤသို့ရေးသားခဲ့၏– “လူ့ဦးနှောက်အကြောင်း လေ့လာလေလေ၊ ယင်း၏စွမ်းပကားသည် အစောပိုင်းမှန်းဆထားသည်ထက် ပိုများလေလေဖြစ်သည်။”

ဥပမာ၊ မှတ်ဉာဏ်နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ဦးနှောက်တွင် ဧရာမစွမ်းပကားရှိထားသည်။ “မှတ်ဉာဏ်ဟူသည် တဖြည်းဖြည်းပြည့်လာသည့် ဘူးတစ်ဘူးနှင့်မတူပါ၊ မှတ်ဉာဏ်များကို တွဲလောင်းချိတ်ပေးသော ချိတ်များထွက်လာသည့်သစ်ပင်တစ်ပင်နှင့် ပိုတူ၏။ သင့်မှတ်ဉာဏ်တိုင်းလိုလိုတွင် မှတ်ဉာဏ်အသစ်များ တွယ်ကပ်နိုင်ရန် နောက်ထပ်ချိတ်များရှိနေသည်။ ထို့ကြောင့် မှတ်ဉာဏ်၏စွမ်းပကားမှာ တိုးပွားမြဲတိုးပွားနေရခြင်းဖြစ်၏။ သင် ပိုမိုသိရှိထားလေလေ၊ ပိုသိရှိနိုင်လေလေဖြစ်သည်” ဟုရပ်စယ်ပြောခဲ့သည်။ ယင်းက လူ့ဦးနှောက်သည် အဘယ့်ကြောင့် စွမ်းပကားကြီးမားရသနည်းဟူသည့် အစပိုင်းမေးခွန်းကို ပြန်ပေါ်စေသည်။

ဆင့်ကဲသီအိုရီသည် ကျိုးကြောင်းခိုင်လုံသော အဖြေပေးမထားချေ။ ယင်းသည် အသင့်တော်ဆုံးသာ ကြွင်းကျန်တည်ရှိသည်ဟူသော အယူအဆအပေါ် များစွာအခြေပြုထားရာ လူ့ဦးနှောက်ကို အဘယ်အရာက ဧရာမစွမ်းပကားရှိစေသည်နှင့်ပတ်သက်၍ ဆင်ခြင်ဉာဏ်ရှိလူသားများအား စဉ်းစားရခက်စေသည်။ ဥပမာ၊ သင်သည် သဲတစ်ဂေါ်စာမျှသာ အမြဲသယ်စရာအကြောင်းရှိမည်ဆိုလျှင် ကုန်တင်ကားကြီးတစ်စီး လိုပါမည်လော။

သို့သော် သမ္မာကျမ်းစာတွင် အားသစ်လန်းစေသည့် ယုတ္တိရှိသောရှင်းပြချက်ရိုးရိုးလေး ဖော်ပြထားသည်။ ပထမအချက်မှာ၊ ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရပြီး ဘုရားသခင်၏အံ့ဖွယ်ဂုဏ်ရည်တော်များကို ရောင်ပြန်ဟပ်နိုင်ကြကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဒုတိယအချက်မှာ၊ သူတို့သည် ထာဝစဉ် အသက်ရှင်ပြီး သင်ယူလေ့လာရန် ဖန်ဆင်းခံရသည်ဟု ရှင်းပြပေးထားသည်။ (ကမ္ဘာဦး ၁:၂၇; ၂:၁၆၊ ၁၇) လူ့မိသားစုထဲသို့ အပြစ်တရားဝင်ရောက်လာသောကြောင့် လက်ရှိအချိန်တွင် မစုံလင်ကြသော်လည်း လူ့ဦးနှောက်သည် ဘုရားသခင်၏ရည်ရွယ်ချက်ကို စဉ်းစားတွေးတောနိုင်သည်။—ရောမ ၅:၁၂။

သို့သော် ပရဒိသုတွင် ဘုရားသခင်ကိုကြောက်ရွံ့သူ စုံလင်သောလူသားများနှင့် ပြည့်စေမည်ဟူသည့် ကမ္ဘာမြေအတွက် ဘုရားသခင့်မူလရည်ရွယ်ချက်မှာ အမှန်တကယ်ဖြစ်လာပါလိမ့်မည်။ မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့ ထာဝရအသက်ရရှိရေးအတွက် မိမိ၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်ကို ရွေးနုတ်ဖိုးပူဇော်ရာအဖြစ် ပေးတော်မူခဲ့သည်။—မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆။

အကောင်းဆုံး စိတ်ဓာတ်အစာ

ယေဟောဝါသည် ကိုယ်တော်၏မှုတ်သွင်းခံ သန့်ရှင်းသောကျမ်းစာကိုလည်း ပေးထားသည်။ (၂ တိမောသေ ၃:၁၆; ၂ ပေတရု ၁:၂၁) ဤအဖိုးတန်စာအုပ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်လာကြောင့် လူသားများအတွက် အကောင်းဆုံး စိတ်ဓာတ်အစာနှင့် ဝိညာဉ်အစာပါရှိသည်ဟုဆိုခြင်းမှာ ချဲ့ကားနေခြင်းမဟုတ်ပါ။ (ဆာလံ ၁၉:၇-၁၀) မှန်ပါသည်၊ ယေရှုခရစ်ကိုယ်တိုင် ဤသို့မိန့်ဆိုခဲ့၏– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။”—မဿဲ ၄:၄။

ထို့ကြောင့် သင်သည် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ ဘုရားသခင်၏အဖိုးတန်လှသော ‘နှုတ်ထွက်စကားများ’ ကို နေ့စဉ်ဖတ်ရှုရန် အချိန်အနည်းငယ်ဖယ်ထားပါလေ။ ယင်းသို့ဖတ်ရှုကာ လေ့လာသိရှိထားရာကို ကျင့်သုံးသူတို့သည် ယခုနှင့် နောင်အနာဂတ်တွင်ပါ အကျိုးခံစားကြရပါလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ ကနဦးရည်ရွယ်ချက်အတိုင်း ထာဝစဉ် အသက်ရှင်ပြီး သင်ယူနိုင်မည့်အလားအလာ ရရှိနိုင်ကြသည်။ အလွန်ကောင်းသည့် မျှော်လင့်ချက်ပင်တည်း!—ဒေ. ၃:၁၁; ယောဟန် ၁၇:၃။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လူ့ဦးနှောက်သည် ထာဝစဉ်သင်ယူရန် ဖန်တီးခံရကြောင်း ဘုရားသခင့်ရည်ရွယ်ချက်က ပေါ်လွင်စေ

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာတွင် သင့်အတွက် အကောင်းဆုံး စိတ်ဓာတ်အစာပါရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ