ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၉/၈ စာ. ၉-၁၀
  • ယနေ့ လူငယ်များအတွက် အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယနေ့ လူငယ်များအတွက် အကူအညီ
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်တွေ့ကျပြီး အကျိုးရှိသောလမ်းညွှန်ချက်
  • တော်သင့်သည့် ကန့်သတ်ချက်များ လိုအပ်မှု
  • ပေါင်းကူးတံတားထိုးပေးခြင်း
  • ဆက်သွယ်ရေးလမ်းကြောင်းအစဉ်ဖွင့်ထားပါ
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • သင့်ဆယ်ကျော်သက်ကလေးကို ရင့်သန်ဖွံ့ဖြိုးအောင် ကူညီပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဘများအမေး
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၉/၈ စာ. ၉-၁၀

ယနေ့ လူငယ်များအတွက် အကူအညီ

ယနေ့လူငယ်များ ကြီးပြင်းလာရသော ဤလောကကြီးသည် တစ်ခါတစ်ရံ ထိတ်လန့်ဖွယ်ကောင်းပုံရှိ၏။ လူငယ်တချို့မှာ မိဘများကွာရှင်းပြတ်စဲကြသည်ကို မတတ်သာဘဲ ကြည့်နေရရှာသည်။ အခြားသူတို့မှာ မိမိတို့အတန်းဖော်များ မူးယစ်ဆေးစွဲ၊ ရာဇဝတ်မှုကျူးလွန်သည်ကို မြင်တွေ့နေကြရသည်။ လူငယ်များစွာသည် လိင်ဆက်ဆံရန် ရွယ်တူချင်းကျားမ,မရွေးထံမှ ဖိအားပေးမှုကို ရင်ဆိုင်နေကြရသည်။ မြီးကောင်ပေါက်တိုင်းလိုလိုပင် နားလည်မှုလွဲခံရခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို အခါအားလျော်စွာ ခံစားကြရသည်။

လူငယ်တို့ရင်ဆိုင်ရသော အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အဘယ်အရာလိုအပ်သနည်း။ “ကလေးများသည် တင်းကျပ်သောကျင့်ဝတ်စံနှုန်းများ လိုအပ်သည်၊ ဤအထိန်းအကွပ်မျိုးက အပေါင်းအသင်းကောင်းရွေးချယ်ရန်၊ ဆုံးဖြတ်ချက်ကောင်းချရန်၊ အခြားသူတို့ကိုစာနာတတ်ရန် ကူညီပေးသည်” ဟုဒေါက်တာ ရောဘတ်ရှောက ဆိုသည်။ သမ္မာကျမ်းစာတွင် ဖန်ဆင်းရှင်၏အတွေးအခေါ်များ ပါရှိသောကြောင့် အကောင်းဆုံးကျင့်ဝတ်စံနှုန်းများ ဖော်ပြထားသည်။ ကျွန်ုပ်တို့အသက်ရှင်နေသော ခက်ခဲသည့်ကာလကို အောင်မြင်စွာရင်ဆိုင်နိုင်ရန် အဘယ်အရာလိုအပ်ကြောင်း ယေဟောဝါဘုရားသခင်ထက် မည်သူပိုသိမည်နည်း။

လက်တွေ့ကျပြီး အကျိုးရှိသောလမ်းညွှန်ချက်

သမ္မာကျမ်းစာပါမူများသည် လက်တွေ့ကျပြီး အကျိုးပြုသည်။ ယင်းမူများသည် လူငယ်တို့ကို လူကြီးဘဝသို့ အောင်မြင်စွာတက်လှမ်းစေလိုသော မိဘများနှင့် အခြားလူကြီးများအတွက် တန်ဖိုးမဖြတ်နိုင်ပေ။

ဥပမာ၊ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏” ဟုသမ္မာကျမ်းစာက လက်တွေ့ကျကျအသိအမှတ်ပြုသည်။ ခေတ်သုံးကျမ်းစာတွင် “ကလေးသူငယ်တို့သည် သဘာဝအားဖြင့် ပေါ့ပေါ့ဆဆ၊ မိုက်မဲစွာ ပြုကျင့်တတ်ကြ၏” ဟုဆိုထား၏။ (သု. ၂၂:၁၅) ဆယ်ကျော်သက်တချို့မှာ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်ပုံရှိသော်လည်း အတွေ့အကြုံနုနယ်သည့်လူငယ်များသာ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့သည် ကြီးပြင်းလာစဉ်ကြုံရတတ်သော မလုံခြုံမှု၊ အလိုဆန္ဒ၊ ပူပန်သောကတို့ကို ခံစားကြရသည်။ (၂ တိမောသေ ၂:၂၂) ဤလူငယ်မောင်မယ်များကို မည်သို့ကူညီပေးနိုင်မည်နည်း။

မိဘနှင့်သားသမီး အမြဲဆက်သွယ်နေကြဖို့ သမ္မာကျမ်းစာက အားပေးထားသည်။ “အိမ်၌ ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌ သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကား [ဘုရားသခင့်စံနှုန်းများ] ကိုပြောရမည်” ဟုမိဘများကို တိုက်တွန်းထားသည်။ (တရားဟောရာ ၆:၆၊ ၇) ယင်းသို့ပြောဆိုမှုသည် အကျိုးကျေးဇူးနှစ်မျိုး ရရှိစေသည်။ ပထမအကျိုးကျေးဇူးမှာ ဘုရားသခင်၏နည်းလမ်းတော်များကို သူငယ်အား သိရှိစေ၏။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ဒုတိယအကျိုးကျေးဇူးမှာ မိဘနှင့်ကလေး စကားစမြည်ပြောဆိုဆက်သွယ်စေသည်။ ယင်းသည် အလွန်အရေးကြီးသည်၊ အကြောင်းမှာ လူငယ်များသည် ရှက်ရွံ့ပြီး အထီးကျန်စိတ်ခံစားရနိုင်သော မြီးကောင်ပေါက်အရွယ်ကို ဖြတ်ကျော်ကြရ၍ဖြစ်၏။

မြီးကောင်ပေါက်အများစုသည် ရံဖန်ရံခါ အထီးကျန်စိတ်ခံစားကြရသည်။ အချို့မှာ အထီးကျန်စိတ် အမြဲရှိနေတတ်သည်။ “ဤသို့ခံစားရသော ကလေးများသည် ကျောင်းတွင်မိတ်ဆွေဖွဲ့ရန် ခက်ခဲကြောင်း၊ စကားပြောဖော်မရှိ၊ အထီးကျန်ကြောင်း၊ မိမိတို့ကို အခြားကလေးများ ကြိုက်နှစ်သက်ရန် ပြုလုပ်ဖို့မလွယ်ကြောင်း၊ အကူအညီလိုအပ်ချိန်တွင် ကူညီဖော်မရှိကြောင်း” မြီးကောင်ပေါက် စွယ်စုံကျမ်းတစ်စောင်က ဆိုသည်။a

မိဘများနှင့် စိုးရိမ်ကြောင့်ကြတတ်သော လူကြီးများသည် ဆယ်ကျော်သက်တို့ကို စိတ်ဝင်စားမှုပြပြီး ၎င်းတို့၏အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကူညီလိုပေမည်။ မည်သို့အားဖြင့်နည်း။ “ဆယ်ကျော်သက်တို့၏စိတ်ကို သိနိုင်မည့် တစ်ခုတည်းသောနည်းမှာ ၎င်းတို့ကို မေးမြန်းခြင်းဖြစ်သည်” ဟုဆယ်ကျော်သက်များအတွက် မဂ္ဂဇင်းတစ်စောင်၏ တာဝန်ခံအယ်ဒီတာက ရေးခဲ့၏။ လူငယ်တို့၏စိတ်ထဲမှ စိုးရိမ်မှုများကို ရင်ဖွင့်လာစေရန် အချိန်ပေးဖို့နှင့် စိတ်ရှည်ဖို့လိုမည်မှာ ရှင်းနေပါသည်။ သို့သော် ကြိုးစားရကျိုးနပ်ပါလိမ့်မည်။—သု. ၂၀:၅။

တော်သင့်သည့် ကန့်သတ်ချက်များ လိုအပ်မှု

ဆက်သွယ်ရေးအပြင် လူငယ်များ အမှန်တောင့်တရာမှာ တော်သင့်သောကန့်သတ်ချက်များဖြစ်သည်။ “တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်၏” ဟုသမ္မာကျမ်းစာက ဆိုသည်။ (သု. ၂၉:၁၅) ရှင်းလင်းသောကန့်သတ်ချက်များ မရှိသောကြောင့် သက်ငယ်ပြစ်မှုကျူးလွန်သူဖြစ်သွားရကြောင်း ပညာရှင်တို့ ယူဆကြသည်။ “အလိုလိုက်လွန်းပြီး ‘မလုပ်ရ’ ဟူသောစကားကို လုံးဝမကြား၊ ကန့်သတ်ချုပ်ချယ်မခံရသော ကလေးများသည် အခြားသူတို့တွင် ဘဝ၊ စိတ်လှုပ်ရှားမှု၊ လိုအပ်ရာ၊ ဆန္ဒတို့ရှိကြောင်း မသိရှိဘဲဖြစ်နိုင်၏။ စာနာစိတ်မသွင်းပေးထားသော ကလေးသည် မချစ်တတ်ပေ” ဟုအစောပိုင်းတွင်ကိုးကားခဲ့သော ရှောက ဆိုသည်။

ပြစ်ဒဏ်သင့်နေသောလူငယ်များကို နှစ်ချီ၍ပြန်လည်ထူထောင်ပေးခဲ့သူ ဒေါက်တာ စတန်တန် ဆမ်မနိုကလည်း ထပ်တူဆိုသည်။ “ကလေးများကို ကြိုက်သလိုနေခွင့်ပေးသင့်သည်ဟု မိဘအချို့ ယူဆကြသည်။ တာဝန်ပေးခြင်း၊ တောင်းဆိုချက်များပြုခြင်းက ကလေးအပေါ်ဝန်ပိစေပြီး ကလေးဘဝကို မခံစားစေရာရောက်သည်ဟု အတွေ့အကြုံနည်းသူတို့ ယူဆကြသည်။ သို့သော် ကန့်သတ်ချုပ်ချယ်မှုများ မချမှတ်ခဲ့သောကြောင့် ဆိုးကျိုးခံစားစေနိုင်သည်။ ဆုံးမပဲ့ပြင်မခံရသော ယောက်ျားလေး သို့မဟုတ် မိန်းကလေးသည် ကိုယ့်ကိုယ်ကိုကြပ်မတ်ရန် ခက်ခဲကြောင်း ဤမိဘများ မသိကြပါ” ဟုသူရေးခဲ့၏။

ယင်းကြောင့် မိဘများ စည်းကမ်းတင်းကျပ်ရမည့် သဘောလော။ မဟုတ်ပါ။ ကန့်သက်ချက်များချမှတ်ခြင်းက မိဘဖြစ်ရကျိုးနပ်ခြင်း၏ အသွင်တစ်ခုမျှသာဖြစ်၏။ စည်းကမ်းတင်းကျပ်လွန်းပြန်လျှင်လည်း အိမ်တွင် စိတ်မချမ်းမြေ့စရာဖြစ်စေသည်။ သမ္မာကျမ်းစာက “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟုဆို၏။—ကောလောသဲ ၃:၂၁; ဧဖက် ၆:၄။

ထို့ကြောင့် မိဘတို့သည် မိမိတို့၏သွန်သင်ဆုံးမပုံ၊ စည်းကမ်းကြပ်မတ်ပုံတို့ကို အထူးသဖြင့် ကလေးများကြီးပြင်းလာ၍ ပိုရင့်ကျက်လာသည်နှင့်အမျှ အမြဲဆန်းစစ်နေဖို့ လိုသည်။ ကလေး၏ တာဝန်သိသိစွမ်းဆောင်နိုင်မှုနှင့်အညီ စည်းကမ်းချက် သို့မဟုတ် ကန့်သတ်ချက်အချို့ကို လျှော့ပေးခြင်း၊ ပြုပြင်ပေးခြင်းတို့ လုပ်ဆောင်နိုင်သည်။—ဖိလိပ္ပိ ၄:၅။

ပေါင်းကူးတံတားထိုးပေးခြင်း

ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သကဲ့သို့ပင် ဆိုးသွမ်းမှုကို ဘုရားသခင်ဖယ်ရှားတော်မမူမီ ဤလောကသည် “ခဲယဉ်းသောကာလ” ကိုကြုံတွေ့ရမည်ဟု သမ္မာကျမ်းစာက ကြိုပြောထားသည်။ ကျွန်ုပ်တို့သည် ဘုရားတရားမဲ့သော အစီအစဉ်စနစ်၏ “နောက်ဆုံးကာလ” တွင်အသက်ရှင်နေကြကြောင်း သက်သေထင်ရှားသည်။ လူကြီးများနည်းတူ လူငယ်များလည်း ‘ကိုယ်ကိုကိုယ်ချစ်သောသူ၊ . . . ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ . . . ချုပ်တည်းခြင်းမရှိသောသူတို့၏’ လောကတွင် အသက်ရှင်ရုန်းကန်နေကြရမည်။—၂ တိမောသေ ၃:၁-၅။b

မြီးကောင်ပေါက်အရွယ်သားသမီးများနှင့် အဆက်အသွယ်ပြတ်နေပြီဟုခံစားရသော မိဘတို့သည် စကားစမြည်ပြောဆိုပေးခြင်းဖြင့် ပေါင်းကူးတံတားထိုးပေးနိုင်သည်။ မိဘများစွာသည် မိမိတို့၏ကလေးများအသက်တာတွင် အပြုသဘောပါစွာ တွန်းအားပေးရန်၊ ပါဝင်ပတ်သက်ရန် ကြိုးစားနေကြခြင်းမှာ ချီးမွမ်းစရာပင်။

ယင်းကိစ္စတွင် သမ္မာကျမ်းစာသည် အလွန်အဖိုးထိုက်ကိရိယာဖြစ်သည်။ ကျမ်းစာသည် မိဘများစွာကို တာဝန်ကျေပွန်စေခဲ့ပြီး လူငယ်တို့အား အန္တရာယ်ထောင်ချောက်များကို ရှောင်ရှားစေခဲ့ပြီ။ (တရားဟောရာ ၆:၆-၉; ဆာလံ ၁၉:၉) သမ္မာကျမ်းစာသည် ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ထံတော်မှဖြစ်ရာ ယနေ့ခေတ်လူငယ်များကို အကောင်းဆုံးအကူအညီပေးနိုင်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။c

[အောက်ခြေမှတ်ချက်များ]

a လူငယ်များအမေး—တာသွားသည့်အဖြေ ကျမ်းစာအခြေပြုစာအုပ်သည် အလွန်အထောက်အကူပြုကြောင်း ယေဟောဝါသက်သေများ သိရှိခဲ့ကြသည်။ ဤစာအုပ်၏အခန်းပေါင်း ၃၉ ခန်းတွင် စဉ်းစားစရာမေးခွန်းများကို ဆွေးနွေးထားပြီး ခေါင်းစဉ်တချို့မှာ “မိတ်စစ်ဆွေစစ် ဘယ်လိုဖွဲ့ နိုင်မလဲ။” “ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ။” “အထီးကျန်စိတ်ကို ဘယ်လိုဖျောက်ဖျက် ရပါလိမ့်။” “ငါဟာချိန်းတွေ့ဖို့ အသင့်ရှိပြီလား။” “မူးယစ်ဆေးဝါးကို အဘယ်ကြောင့်ငြင်းပယ်သင့်သနည်း။” “လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ” စသည်တို့ဖြစ်ကြသည်။

b ယေဟောဝါသက်သေများထုတ်ဝေထားသည့် ထာဝရအသက်ရစေသောအသိပညာစာအုပ် အခန်း ၁၁ ကိုရှု။

c ရံဖန်ရံခါမှ အထီးကျန်စိတ်ခံစားရသော လူငယ်များနှင့်မတူဘဲ အထီးကျန်စိတ် အမြဲရှိနေသူတို့သည် တစ်ချိန်လုံးလိုလို၊ အချိန်အတန်ကြာ အထီးကျန်နေတတ်သည်။ “မိတ်ဆွေမဲ့နေခြင်းသည် ထာဝရဖြစ်နေမည်၊ ဟန့်တားနိုင်မည်မဟုတ်၊ မိမိ၏ချွတ်ယွင်းချက်ကြောင့်ဖြစ်သည်၊” ထိုအခြေအနေကို “မပြောင်းလဲနိုင်ပါဟု သူတို့ယူဆကြသည်” ဟုထိုစာအုပ်က ဆိုသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင့်ကိုဂရုစိုက်သော လူကြီးတစ်ဦးအား ရင်ဖွင့်လိုက်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ