ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၇ စာ. ၇
  • ၃။ အတွင်းသဘောချင်း ကိုက်ညီမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃။ အတွင်းသဘောချင်း ကိုက်ညီမှု
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဤစာအုပ်ကို ယုံကြည်စိတ်ချနိုင်သလော
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ထူးကဲမြင့်မားသည့်ဉာဏ်ပညာ၏ အတုမရှိသောပင်ရင်းအမြစ်
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား
    လူမျိုးအားလုံးအတွက် သတင်းကောင်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁၁/၀၇ စာ. ၇

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချရသည့် အကြောင်းရင်းများ

၃။ အတွင်းသဘောချင်းကိုက်ညီမှု

နောက်ခံအမျိုးမျိုးမှလာသော လူအယောက် ၄၀ အား စာအုပ်တစ်အုပ်မှ အပိုင်းတစ်ပိုင်းစီကို ရေးသားစေသည်ဟု စဉ်းစားကြည့်လိုက်ပါ။ အဆိုပါစာရေးသူတို့သည် ဒေသအသီးသီးတွင် နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး သိကျွမ်းခြင်းလည်းမရှိပေ။ အချို့တို့မှာ အခြားသူများ အဘယ်အပိုင်း ရေးသားခဲ့ကြသည်ကိုပင် မသိရှိကြပေ။ သို့ဆိုလျှင် ၎င်းစာအုပ်သည် ရှေ့နောက်ကိုက်ညီမှုရှိမည်ဟု သင်မျှော်လင့်နိုင်ပါမည်လော။

သမ္မာကျမ်းစာသည် ယင်းသို့သောစာအုပ်မျိုးဖြစ်၏။a အထက်တွင်ဖော်ပြထားသည်ထက် ပို၍ပင်ထူးခြားသော အခြေအနေများတွင် ရေးသားခဲ့ခြင်းကြောင့် အတွင်းသဘောချင်း ကိုက်ညီမည်မှာ သေချာပါသည်။

ယေရှု၏ဝတ်ရုံသည် ခရမ်းရောင်လော၊ ကြက်သွေးရောင်လော

ထူးခြားသောအခြေအနေများ။

သမ္မာကျမ်းစာကို ဘီစီ ၁၅၁၃ မှစ၍ အေဒီ ၉၈ ခန့်အထိ နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်း ရေးသားခဲ့၏။ ထို့ကြောင့် ကျမ်းရေးသူအယောက် ၄၀ ခန့်သည် ရာစုနှစ်ပေါင်းများစွာခြား၍ အသက်ရှင်ခဲ့ကြသည်။ သူတို့၏အလုပ်အကိုင်များသည်လည်း မတူကြချေ။ အချို့မှာ ရေလုပ်သားများဖြစ်ကာ အခြားသူတို့မှာ သိုးထိန်းများ သို့မဟုတ် ဘုရင်များဖြစ်ကြပြီး တစ်ဦးမှာ ဆရာဝန်တစ်ဦးဖြစ်သည်။

ရှေ့နောက်ညီသော သတင်းစကား။

သမ္မာကျမ်းစာကို ရေးသားသူတို့သည် အဓိကအကြောင်းတစ်ခုကို ပေါ်လွင်ထင်ရှားစေခဲ့ကြ၏– လူသားများအပေါ် ဘုရားသခင့်အုပ်ချုပ်ပိုင်ခွင့်ကို သံသယကင်းရှင်းစေခြင်းနှင့် ကမ္ဘာကိုအုပ်ချုပ်မည့် မိမိ၏ကောင်းကင်နိုင်ငံတော်အားဖြင့် မိမိ၏ရည်ရွယ်တော်မူချက်ကို ပြည့်စုံစေခြင်းဖြစ်သည်။ ယင်းအဓိကအကြောင်းကို ကမ္ဘာဦးကျမ်းတွင် စတင်ဖော်ပြထားပြီး နောက်ကျမ်းစောင်များတွင် အကျယ်တဝင့် ဆက်ဖော်ပြကာ ဗျာ.ကျမ်းတွင် အထွတ်အထိပ်ရောက်ရှိသွားသည်။—စာမျက်နှာ ၁၃ရှိ “သမ္မာကျမ်းစာတွင် အဘယ်အကြောင်းများ ပါဝင်သနည်း” ကိုရှု။

အသေးစိတ်ညီညွတ်မှု။

ကျမ်းရေးသူတို့သည် အသေးအဖွဲကိစ္စရပ်များ၌ပင် သဘောချင်းညီညွတ်ကြသော်လည်း ယင်းသည် တမင်ကြံရွယ်ထားခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။ ဥပမာတစ်ခုကို သတိပြုကြည့်ပါ။ လူအုပ်ကြီးတစ်အုပ်သည် ယေရှု၏တရားကိုကြားနာဖို့ ရောက်လာကြသောအခါ ကိုယ်တော်က ဖိလိပ္ပုအား လူအုပ်စားဖို့ စားစရာမုန့်ကို အဘယ်မှာ သွားဝယ်မည်နည်းဟုမေးကြောင်း ကျမ်းရေးသူယောဟန်က ပြောပြ၏။ (ယောဟန် ၆:၁-၅) အပြိုင်မှတ်တမ်းတစ်ခုတွင် အဆိုပါဖြစ်ရပ်သည် ဗက်ဇဲဒမြို့အနီးတွင် ဖြစ်ပေါ်ခဲ့သည်ဟု လုကာကဆို၏။ ယောဟန်ခရစ်ဝင်ကျမ်း အစပိုင်းတွင် ယောဟန်က ဖိလိပ္ပုသည် ဗက်ဇဲဒမြို့သားဖြစ်သည်ဟု ဆိုထား၏။ (လုကာ ၉:၁၀; ယောဟန် ၁:၄၄) ထို့ကြောင့် ထိုမြို့အနီးတွင် နေထိုင်သူတစ်ဦးကို ယေရှုမေးခွန်းထုတ်ခဲ့ခြင်းမှာ သဘာဝကျပါသည်။ အသေးစိတ်အချက်အလက်များသည် လုံးဝမရည်ရွယ်ဘဲ ကိုက်ညီနေခြင်းမှာ အလွန်ထူးခြားလှပေသည်။b

အကျိုးသင့်အကြောင်းသင့်ရှိသော ကွဲပြားမှုများ။

မှတ်တမ်းအချို့တွင် ကွဲပြားမှုအနည်းငယ်ရှိသော်လည်း ယင်းသို့ ဖြစ်မည်ဟု မျှော်လင့်သင့်ပါသည်။ ရာဇဝတ်မှုတစ်ခုနှင့်ပတ်သက်၍ လူတစ်စု သက်သေထွက်ဆိုခဲ့ကြသည်ဟု ဆိုပါစို့။ တစ်ဦးစီသည် အချက်အလက်တစ်မျိုးတည်းကို တစ်ပုံစံတည်းထွက်ဆိုခဲ့ကြမည်ဆိုလျှင် ပူးပေါင်းလိမ်လည်မှုအဖြစ် သင် သံသယဝင်မည်မှာ သေချာပါသည်။ တစ်ဦးစီ၏ သက်သေထွက်ဆိုချက်သည် သူတို့၏ရှုမြင်ပုံပေါ်မူတည်၍ အတော်အတန်ကွဲပြားကြမည်ဖြစ်သည်။ ထို့ကြောင့် ကျမ်းရေးသူများလည်း အလားတူပင်။

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ မာကုနှင့် ယောဟန်တို့ ဖော်ပြခဲ့သည့်အတိုင်း ယေရှုသည် အသတ်ခံရသည့်နေ့တွင် ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသလော။ (မာကု ၁၅:၁၇၊ ကဘ; ယောဟန် ၁၉:၂၊ ကဘ) သို့မဟုတ် မဿဲပြောသည့်အတိုင်း ကြက်သွေးရောင် ဝတ်ရုံလော။ (မဿဲ ၂၇:၂၈၊ ကဘ) အမှန်မှာ နှစ်မျိုးစလုံး မှန်ကန်နိုင်ပါသည်။ ခရမ်းရောင်တွင် အနီစပ်၏။ မြင်တွေ့ ခဲ့သူ၏ရှုထောင့်အရ အလင်းပြန်မှုနှင့် နောက်ခံတို့က အရောင်တချို့ကို မှိန်သွားစေရာ ဝတ်ရုံပေါ်တွင် အရောင်အသွေးအမျိုးမျိုး ဖြစ်နေလေသည်။c

ကျမ်းရေးသူတို့၏ တမင်ကြံရွယ်ထားခြင်းမရှိဘဲ ရှေ့နောက်ညီညွတ်မှုရှိခြင်းအပါအဝင် အတွင်းသဘောချင်းကိုက်ညီမှုတို့က ၎င်းတို့ရေးသားခဲ့ကြသည့် ကျမ်းစောင်များကို ယုံကြည်စိတ်ချထိုက်ကြောင်း ထပ်ဆင့်သက်သေထူသည်။

a သမ္မာကျမ်းစာသည် ကမ္ဘာဦးကျမ်းဖြင့်စတင်ပြီး ဗျာ.ကျမ်းဖြင့် အဆုံးသတ်ထားသော ကျမ်းစောင် ၆၆ စောင်ကို စုစည်းထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။

b ရှေ့နောက်ညီညွတ်မှုနှင့်ပတ်သက်သည့် ထပ်ဆင့်ဥပမာများကို ယေဟောဝါသက်သေများထုတ်ဝေသော လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာ၏ စာမျက်နှာ ၁၆-၁၇ တွင်ရှု။

c ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော စာအုပ်၏ အခန်း ၇၊ “သမ္မာကျမ်းစာသည် အတွင်းသဘောချင်းဆန့်ကျင်သလော” ကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ