ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၀၉ စာ. ၉
  • အမြင်ပြောင်းလဲသွားသော ဆရာမတစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမြင်ပြောင်းလဲသွားသော ဆရာမတစ်ဦး
  • နိုးလော့!—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါအားဝတ်ပြုရန် သူမအသက်မကြီးလွန်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • လတ်ဗီးယားနိုင်ငံက သတင်းကောင်းကိုတုံ့ပြန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆရာနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ဆရာနဲ့အဆင်ပြေအောင် ဘယ်လိုပေါင်းရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၃/၀၉ စာ. ၉

အမြင်ပြောင်းလဲသွားသော ဆရာမတစ်ဦး

◼ လွန်ခဲ့သောနှစ်အနည်းငယ်က ဂျော်ဂျီယာနိုင်ငံ၊ ဘာထူးမီမြို့မှ ဆရာမတစ်ဦးသည် မိမိ၏ကျောင်းသားများအား ပညတ်တော်ဆယ်ပါးကို တန်းစီရေးချစေခဲ့သည်။ သူ့ကျောင်းသားများထဲမှ အန်းနာဟုခေါ်သည့် ကျောင်းသူတစ်ဦးက မှန်ကန်စွာ ရွတ်ပြနိုင်ခဲ့သောကြောင့် ဆရာမ အံ့သြသွားခဲ့သည်။ သူသည် အခြားကျမ်းစာမေးခွန်းများကိုလည်း အထူးစွဲမှတ်စေသည့်နည်းဖြင့် ဖြေဆိုခဲ့သည်။ ဆရာမသည် အလွန်စိတ်ဝင်စားသွားကာ ဤမျှလောက်ကောင်းစွာ မည်သို့သိရှိခဲ့ကြောင်း သူ့ကိုမေးခဲ့သည်။ အန်းနာက ယေဟောဝါသက်သေများနှင့် မိမိကျမ်းစာလေ့လာခဲ့ကြောင်း ပြန်ဖြေသောအခါ ဆရာမက ယေဟောဝါသက်သေများသည် တစ်ယူသန်သမားများဖြစ်သည်ဟု မိမိယူဆကြောင်းပြောကာ စကားဖြတ်လိုက်သည်။

တစ်ကြိမ်တွင် ဆရာမသည် ကျောင်းသားများအား ဂျော်ဂျီယာရှိ အသက်တာ၊ နိုင်ငံရင်ဆိုင်နေရသော ပြဿနာအမျိုးမျိုးတို့နှင့်ပတ်သက်၍ စာစီစာကုံး တစ်ပုဒ် ရေးခိုင်းသည်။ အန်းနာသည် မိမိ၏စာစီစာကုံး နိဂုံးပိုင်းတွင် ဤသို့ရေးခဲ့သည်– “လူ့ဘောင်အဖွဲ့အစည်းကို အခြေခံမှစ၍ ပြုပြင်ရန် လူသားတို့၏ မည်သည့် ကြိုးပမ်းအားထုတ်မှုမဆိုသည် အောင်မြင်မည်မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ယေရမိ ၁၀:၂၃ က ဤသို့ဆိုသည်– ‘လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ် သိပါ၏။’ ပြဿနာအားလုံးကို ဘုရားသခင့်နိုင်ငံတော်ကသာ ဖြေရှင်းပေးပါလိမ့်မည်။”

နောက်တစ်နေ့တွင် ဆရာမသည် အတန်းရှေ့တွင် အန်းနာ၏စာစီစာကုံးအကြောင်း ဤသို့ချီးမွမ်းပြောဆိုခဲ့သည်– “အန်းနာရဲ့ ကိုယ်ပိုင်စကားနဲ့ ရေးသားထားတဲ့ တစ်မူထူးတဲ့လက်ရာကို ဆရာမ နှစ်သက်တယ်။ ကမ္ဘာ့အခြေအနေတွေကို ပြောင်းလဲဖို့ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ နဲ့ပတ်သက်ပြီး သူရှင်းပြထားတယ်။” ဆရာမသည် အန်းနာ၏ အပြုအမူများကိုလည်း စွဲမှတ်သွားကာ သူ၏ အမူအကျင့်ကောင်းများနှင့် ဣန္ဒြေရှိသော ဝတ်စားဆင်ယင်မှုများအတွက် တစ်တန်းလုံးရှေ့တွင် ချီးမွမ်းခဲ့သည်။

ဆရာမ၏အိမ်သို့ ယေဟောဝါသက်သေများ ရောက်လာသောအခါ မိမိသည် အစောပိုင်းက သက်သေခံများအား တစ်ယူသန်သမားများဟု ရှုမြင်ခဲ့ကြောင်း၊ သို့သော် မိမိ၏ကျောင်းသူ အန်းနာကြောင့် မိမိ၏အမြင် ပြောင်းလဲသွားကြောင်း ဆရာမက ပြောပြခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဆရာမသည် ယေဟောဝါသက်သေများနှင့်အတူ ယေရှုခရစ်၏သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခဲ့ပြီး အစီအစဉ်ကို အာရုံစိုက် နားထောင်ခဲ့သည်။

အောက်မေ့ရာပွဲပြီးနောက် အန်းနာ၏ ဆရာမက ယေဟောဝါသက်သေများ ကျမ်းစာကို ကောင်းစွာသိရှိနားလည်ကြသည်ကို မိမိ အလွန်စွဲမှတ်သွားကြောင်း ဝန်ခံခဲ့သည်။ ယခုအချိန်တွင် သက်သေခံများသည် ဆရာမနှင့်အတူ ကျမ်းစာသင်အံမှု ပုံမှန်ကျင်းပနေသည်။ ထိုဆရာမနည်းတူ သင်လည်း အမြင်ကျယ်ကျယ်ဖြင့် အခြားသူတို့၏ ယုံကြည်ချက်များနှင့် အပြုအမူများနောက်ကွယ်ရှိ အရာများကို လေ့လာဆန်းစစ်မည်မှာ သေချာပါသည်။ အခမဲ့အိမ်တွင်း ကျမ်းစာသင်အံမှုအတွက် ယေဟောဝါသက်သေတစ်ဦးကို အကူအညီ တောင်းခံပါလေ။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အန်းနာ စာစီစာကုံး ရေးနေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ