ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၀၉ စာ. ၂၂
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘတ်စကားများ ဘုရားသခင်မရှိဟူသောဝါဒကို မြှင့်တင်
  • စောစီးစွာကလေးမွေးဖွားရန်စီစဉ်ခြင်းနှင့် ဆက်နွှယ်သည့်အန္တရာယ်များ
  • လှေကားတက်ခြင်းသည် ကျန်းမာရေးကိုပိုကောင်းစေ
  • ကိုယ်လက်လှုပ်ရှားဖို့ အမှန်တကယ်လို အပ်သလော
    နိုးလော့!—၂၀၀၅
  • ကျန်းမာသောမိခင်များ၊ ကျန်းမာသောကလေးများ
    နိုးလော့!—၂၀၀၉
  • ဘေးအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်မည်နည်း
    နိုးလော့!—၁၉၉၇
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၁၁/၀၉ စာ. ၂၂

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ ဂျာမနီတွင် လူ ၂,၀၀၀ ခန့်ကိုလေ့လာဆန်းစစ်ရာတွင် ၁၄ မှ ၁၉ နှစ်အရွယ်ဆယ်ကျော်သက် ၄၀ ရာခိုင်နှုန်းနီးပါးက ဖုန်းနှင့်စာတိုပို့ခြင်းဖြင့် သို့မဟုတ် အီးမေးလ်ဖြင့် ဆက်ဆံရေးကိုအဆုံးသတ်လိုက်ခြင်းသည် ကောင်းသည်ဟု ယူမှတ်ခဲ့ကြသည်။ အသက် ၅၀ မှ ထိုထက်အသက်ကြီးသူ ၈၀ ရာခိုင်နှုန်းကျော်က ယင်းသည်လုံး၀လက်မခံသင့်ကြောင်း ယူဆခဲ့ကြသည်။—FRANKFURTER NEUE PRESSE, ဂျာမနီ။

◼ ၂၀၀၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဖုန်းဖြင့်စာတိုပို့ခြင်းသည် ၂.၃ ထရီလီယံရှိခဲ့သည်ဟု ခန့်မှန်းရသည်။—HITU NEWS, တဟီတီ။

◼ “ဆေးလိပ်သောက်ခြင်းသည် လူတစ်ဦး၏အသက်ကို မည်မျှတိုစေသနည်း။ ပျမ်းမျှအားဖြင့် ငါးနှစ်မှဆယ်နှစ်ကြားဖြစ်သည်။”—UC BERKELEY WELLNESS LETTER, ယူ.အက်စ်.အေ။

◼ အမေရိကန်ပြည်ထောင်စုတွင် ရုံးများ၌ကိုယ်ပိုင် ကွန်ပျူတာသုံးသူ ၆၀ ရာခိုင်နှုန်းအထိသည် တစ်ညလုံးကွန်ပျူတာများကိုဖွင့်ထားခဲ့သည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် နှစ်စဉ် ၁၄.၄ မီလီယံတန်ခန့် ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မလိုအပ်ဘဲထုတ်လွှတ်ခဲ့သည်။—WORLD WATCH, ယူ.အက်စ်.အေ။

ဘတ်စကားများ ဘုရားသခင်မရှိဟူသောဝါဒကို မြှင့်တင်

“ဘုရားသခင်မရှိဖြစ်နိုင်သည်။ ယခု မစိုးရိမ်တော့ဘဲ သင့်ဘ၀ကိုမွေ့လျော်ပါ။” ယင်းဆောင်ပုဒ်ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဘတ်စကား ၂၀၀၊ နိုင်ငံအနှံ့မှ နောက်ထပ်ဘတ်စကား ၆၀၀ နှင့် လန်ဒန်မြို့၊ အောက်စဖို့ဒ်လမ်းရှိ ဖန်သားပြင်ကြီးနှစ်ခုပေါ်တွင် ဖော်ပြထားသည်ဟု လန်ဒန်သတင်းစာတစ်စောင် (The Guardian) ကဆိုသည်။ ယင်းဆောင်ပုဒ်ဖန်တီးသူများက သူတို့၏ကင်ပိန်းသည် မယုံကြည်သူများ ငရဲကျမည်ဟုပြစ်တင်ပြောဆိုသော ဝတ်ပြုရေးသမားများ၏ပြောဆိုချက်ကို တန်ပြန်ရန်ဖြစ်သည်ဟုပြောသည်။ ဘုရားသခင်မရှိကြောင်း သက်သေပြရန်မဖြစ်နိုင်သောကြောင့် ဗြိတိန်ကြော်ငြာလုပ်ငန်းစံနှုန်းများအာဏာပိုင်၏ ဥပဒေများနှင့်ကိုက်ညီရန် “ဖြစ်နိုင်” ဟူသောစကားလုံးကို အသုံးပြုခဲ့သည်။ ကင်ပိန်း၏ရည်ရွယ်ချက်တစ်ခုမှာ ဘုရားသခင်မရှိဟုပြောသူများပို၍ “ထွက်လာကြပြီး” မိမိတို့၏ယူဆချက်များကို ဖော်ထုတ်ပြောဆိုဖို့ အားပေးရန်ဖြစ်သည်။

စောစီးစွာကလေးမွေးဖွားရန်စီစဉ်ခြင်းနှင့် ဆက်နွှယ်သည့်အန္တရာယ်များ

အမေရိကန်ပြည်ထောင်စုတွင် အဆင်မပြေမှုများကြောင့် ဆေးသွင်းခြင်းဖြင့် သို့မဟုတ် ဗိုက်ခွဲခြင်းဖြင့် ရင်သွေးငယ်များစွာကို မွေးထုတ်ခဲ့ကြသည်။ သို့သော် “ကိုယ်ဝန်ဆောင်သည့် နောက်ဆုံးသီတင်းပတ်များသည် တစ်ချိန်ကထင်ခဲ့သည်ထက် ပို၍အရေးကြီး” ကြောင်းအမေရိကန်သတင်းစာတစ်စောင် (The Wall Street Journal) ကဖော်ပြသည်။ မွေးကင်းစကလေး ၁၅,၀၀၀ ခန့်ကို လေ့လာဆန်းစစ်ရာ မိခင်၏ဝမ်းဗိုက်ထဲတွင် ၃၂ ပတ် နှင့် ၃၉ ပတ်ကြား ရှိနေသောကလေးငယ်တစ်ဦးသည် ရုတ်တရက်တက်ခြင်း၊ အသားဝါရောဂါ၊ အသက်ရှူရခက်ခဲခြင်းနှင့် ဦးနှောက်တွင်း သွေးယိုစိမ့်ခြင်းတို့ ခံစားရမှုမှာ သီတင်းပတ်တိုင်း ၂၃ ရာခိုင်နှုန်း လျော့ကျသွားကြောင်း လေ့လာမှုကဖော်ပြသည်။ ၃၂ ပတ်နှင့် ၃၆ ပတ်အတွင်းမွေးဖွားသော ရင်သွေးငယ်များသည် ကြင်နာတတ်သောအပြုအမူပြဖို့၊ သင်ယူနားလည်နိုင်ဖို့ ပို၍ခက်ခဲသည်။ အမေရိကန်ကောလိပ်ရှိ သားဖွားဆရာဝန်နှင့် အမျိုးသမီးရောဂါအထူးကုများက ရင်သွေးငယ်များကို “ဆေးဘက်ဆိုင်ရာအကြောင်းပြချက်မရှိဘဲ ၃၉ ပတ်မတိုင်မီ” မမွေးထုတ်သင့်ကြောင်း အကြံပြုကြသည်ဟု ယင်းသတင်းစာကဆိုသည်။

လှေကားတက်ခြင်းသည် ကျန်းမာရေးကိုပိုကောင်းစေ

“လှေကားတက်ခြင်းကိုမှန်မှန်ပြုလုပ်ခြင်းသည် ကျန်းမာရေးပိုကောင်းရန် ရိုးရှင်းပြီးလက်တွေ့ကျသည်အရာဖြစ်သည်” ဗြိတိန်မှဆေးဂျာနယ်တစ်စောင် (The Lancet) တွင်ဖော်ပြထားသည်။ သုတေသီများက အထိုင်များသည့်လုပ်သား ၆၉ ဦးအား သူတို့၏အလုပ်ခွင်တွင် ဓာတ်လှေကားများကို အသုံးပြုမည့်အစား လှေကားကိုသာအသုံးပြုရန် တောင်းဆိုခဲ့သည်။ ၁၂ ပတ်ကြာပြီးနောက် အလုပ်သမားများ၏သွေးထဲသို့အောက်ဆီဂျင်ပိုရောက်စေနိုင်စွမ်း ၈.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယင်းသည် သူတို့အား “သေစေနိုင်သည့်အန္တရာယ် ၁၅ ရာခိုင်နှုန်းလျော့ကျ” စေခဲ့သည်။ အလုပ်သမားများသည် သူတို့၏ “သွေးတိုးရောဂါ၊ ကိုလက်စထရော၊ ကိုယ်အလေးချိန်၊ အဆီနှင့် ခါး” သိသိသာသာကျလာခြင်းကိုလည်း တွေ့မြင်ခဲ့ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ