ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၂ စာ. ၂၉
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘောလုံးကစားတဲ့အခါ “ခေါင်းတိုက်ခြင်း” အန္တရာယ်
  • လျှပ်စစ်/လောင်စာဆီ နှစ်မျိုးသုံးယာဉ်တွေ ပိုအန္တရာယ်များ
  • သမ္မာကျမ်းစာကို သင်မည်မျှ ကောင်းစွာသိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၉
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၁၉၉၈
နိုးလော့!—၂၀၁၂
န ၁၁/၁၂ စာ. ၂၉

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဂျာမနီမှာ ၂၀၁၀ ပြည့်နှစ်အတွင်း မွေးဖွားခဲ့တဲ့ ကလေး ၃၃ ရာခိုင်နှုန်းခန့်က လက်မထပ်ဘဲ ရတဲ့ကလေးဖြစ်တယ်၊ ၁၉၉၃ ခုနှစ်တုန်းက ၁၅ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။—ÄRZTE ZEITUNG and THE LOCAL, GERMANY.

၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ ကလေး ၆၉.၄ ရာခိုင်နှုန်းက မိစုံဖစုံနဲ့နေရတယ်၊ ၂၃.၁ ရာခိုင်နှုန်းက မိခင်တစ်ဦးတည်းနဲ့ပဲ နေရတယ်၊ ၃.၄ ရာခိုင်နှုန်းက ဖခင်တစ်ဦးတည်းနဲ့ပဲ နေရပြီး ၄.၁ ရာခိုင်နှုန်းက မိဘမဲ့တွေဖြစ်ကြတယ်။—U.S. CENSUS BUREAU, U.S.A.

၂၀၁၁ ခုနှစ်မှာ သဘာဝဘေးဒဏ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ဒေါ်လာ ၃၈၀ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့တယ်။ ဂျပန်ငလျင်က “ဖြစ်ခဲ့ဖူးသမျှဘေးတွေထဲမှာ ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖို ယိုစိမ့်မှု မပါတာတောင် အမေရိကန်ဒေါ်လာ ၂၁၀ ဘီလီယံဆုံးရှုံးခဲ့တယ်။—NEW SCIENTIST, BRITAIN.

ကမ္ဘာတစ်ဝန်းမှာ အခိုးအခံရဆုံး အစားအစာက ဒိန်ခဲ(ချီးစ်)ဖြစ်တယ်။ အလစ်သုတ်သမားတွေ၊ အလုပ်သမားတွေခိုးတဲ့အတွက် ကမ္ဘာတစ်ဝန်းမှာ လက်လီရောင်းချတဲ့ချီးစ်တွေထဲက ၃ ရာခိုင်နှုန်းကျော် နှစ်စဉ်ပျောက်ဆုံးနေတယ်။—CENTRE FOR RETAIL RESEARCH, BRITAIN.

ဘောလုံးကစားတဲ့အခါ “ခေါင်းတိုက်ခြင်း” အန္တရာယ်

ဘောလုံးကစားတဲ့အခါ ဘောလုံးကို ခေါင်းနဲ့ဖမ်းထိန်းတာ၊ “ခေါင်းတိုက်တာ” ဟာ ကစားနည်းထဲမှာ ပါတယ်။ ဒါပေမဲ့ အဆင့်မြင့်ပုံရိပ်ဖော် နည်းပညာတွေနဲ့ ဦးနှောက်စွမ်းရည် စမ်းသပ်တဲ့နည်းတွေသုံးပြီး မကြာသေးခင်ကပြုလုပ်တဲ့ လေ့လာမှုတွေအရ ဘောလုံးကို အကြိမ်ကြိမ် ခေါင်းတိုက်ကစားခြင်းရဲ့ စိုးရိမ်စရာအခြေအနေတွေ တွေ့ရှိခဲ့ကြတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက် အဲလ်ဘတ် အိုင်စတိုင်း ဆေးတက္ကသိုလ်က သုတေသီတွေရဲ့အဆိုအရ “ဦးနှောက်ထိခိုက်ဒဏ်ရာရနိုင်၊ မှတ်ဉာဏ်ထိခိုက်နိုင်ခြေ များစေတယ်။” တစ်နှစ်ကို အကြိမ် ၁,၀၀၀ ကနေ ၁,၅၀၀ ခေါင်းတိုက်ကစားသူတွေမှာ မြင်သာတဲ့အနာတရဖြစ်မှုကို တွေ့ရှိခဲ့ကြတယ်။ အဲဒါက “အပျော်တမ်း ပုံမှန်ကစားသူတစ်ယောက်အတွက် တစ်နေ့ကို အကြိမ်အနည်းငယ်” လောက်သာ ခေါင်းတိုက်ခြင်းဖြစ်တယ်။

လျှပ်စစ်/လောင်စာဆီ နှစ်မျိုးသုံးယာဉ်တွေ ပိုအန္တရာယ်များ

“လူ့အကျိုးဆောင်အဖွဲ့တွေက လျှပ်စစ်/လောင်စာဆီ နှစ်မျိုးသုံးယာဉ်တွေက လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်ရှိကြောင်း အဆိုတင်သွင်းကြတယ်။ အဲဒီယာဉ်တွေဟာ အသံသိပ်မထွက်တဲ့အတွက် လမ်းပေါ် ဒါမှမဟုတ် လမ်းချိုးလမ်းထောင့်တွေမှာ ကားသံနားထောင်ပြီးသွားလာနေတဲ့ လမ်းသွားလမ်းလာတွေ၊ စက်ဘီးစီးသူတွေအတွက် သူတို့စိုးရိမ်တာဖြစ်တယ်” လို့ အမေရိကန်က သယ်ယူပို့ဆောင်ရေးဌာနတစ်ခုရဲ့ သတင်းမှာ ဖော်ပြထားတယ်။ တချို့အခြေအနေတွေမှာ ရိုးရိုးကားတွေထက် “လျှပ်စစ်/လောင်စာဆီ နှစ်မျိုးသုံးယာဉ်တွေက လမ်းသွားလမ်းလာတွေကို တိုက်မိနိုင်ခြေ နှစ်ဆရှိတယ်” လို့မှတ်တမ်းက ဖော်ပြတယ်။ ဒါကြောင့် အမျိုးသားအဝေးပြေးလမ်းခရီး လုံခြုံရေးစီမံခန့်ခွဲမှုရုံးက လျှပ်စစ်/လောင်စာဆီ နှစ်မျိုးသုံးယာဉ်တွေ အမြန်နှုန်း လျှော့မောင်းနေချိန်မှာ အသံတစ်မျိုးမျိုး ထွက်အောင်လုပ်ပေးဖို့ အဆိုတင်သွင်းထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ