ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၀ စာ. ၃
  • သင် ဖိစီးမှုခံနေရသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် ဖိစီးမှုခံနေရသလော
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—မျှော်လင့်နိုင်စရာများနှင့် စိုးရိမ်ပူပန်စရာများ
    နိုးလော့!—၂၀၀၃
  • အလုပ်နှင့်ပတ်သက်၍ မျှတသောအမြင်ကို မွေးမြူပါ
    နိုးလော့!—၂၀၁၀
  • ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်ပါ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ကမ္ဘာ့ဆက်စပ်ပြောင်းလဲမှုဖြစ်စဉ်—ကျွန်ုပ်တို့၏ ပြဿနာများကို အမှန် ဖြေရှင်းပေးနိုင်မည်လော
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၁/၁၀ စာ. ၃

သင် ဖိစီးမှုခံနေရသလော

ကမ္ဘာတစ်ဝန်းတွင် အလုပ်နှင့် မိသားစုဘဝစပ်ကြားပဋိပက္ခသည် အဓိကအရေးကိစ္စတစ်ခုဖြစ်သည်။ စာအုပ်တစ်အုပ်အဆိုအရ ‘ကမ္ဘာလုံးဆိုင်ရာပေါင်းစပ်ဆောင်ရွက်မှု၊ နည်းပညာအသစ်များနှင့် တိုးများလာသောဖိစီးမှု၊ ၂၄/၇ (တစ်ရက်တွင် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး) စီးပွားရေးတို့က အိမ်နှင့် အလုပ်စပ်ကြား ခွဲခြားထားသည့် အစဉ်အလာကိုလိုက်ရန်ခက်ခဲစေသည်။ ယင်းပြောင်းလဲမှုများက မကြုံစဖူးသောကြွယ်ဝချမ်းသာမှုကို ဖြစ်စေခဲ့သည်။ သို့သော် ယင်းအောင်မြင်မှုအတွက် ပေးဆပ်ရသည့်အဖိုးအခမှာ တန်ဖိုးကြီးလှ၏။ စာရေးဆရာတစ်ဦးဤသို့ဆိုသည်– “ကျွန်ုပ်တို့ထဲမှ သန်းပေါင်းများစွာသည် အလုပ်ပိနေကြ၊ လုပ်ငန်းဇယားများဖြင့်ပြည့်ကျပ်နေကြ၊ မခံမရပ်နိုင်အောင်ဖိစီးနေကြသည်။ ကျွန်ုပ်တို့သည် ဖိစီးမှုခံနေရသည်မှာ အထင်းသားပင်။”

မကြာသေးမီက စီးပွားရေးကျဆင်းမှု၏စိတ်ပျက်ဖွယ်အကျိုးဆက်များသည် ယခုအခါ တိုးများလျက်ရှိ၏။ ကမ္ဘာတစ်ဝန်းတွင် ကာယလုပ်သားများနှင့် ရုံးအလုပ်လုပ်သူတို့သည် မိမိတို့အလုပ်များနှင့် အိမ်များကို ဆုံးရှုံးခဲ့ကြသည်။ သူတို့သည် ကြိုးကြိုးစားစား အလုပ်လုပ်လိုသောဆန္ဒရှိကြသည်။

ယင်းပြဿနာများ၏အတိုင်းအတာကို သုံးသပ်ကြည့်ကြစို့–

▶ ဥရောပအလုပ်သမားများထဲတွင် ၁၀ ဦးလျှင် ၆ ဦးသည် အလုပ်ဖိစီးနေသည်။

▶ အမေရိကန်အလုပ်သမားများထဲတွင် ၃ ဦးလျှင် ၁ ဦးသည် ရက်ရှည်လများအလုပ်ပိနေသည်။

▶ ကနေဒါလူမျိုး ၃ ဦးလျှင် ၂ ဦးထက်မကသောသူတို့သည် မိသားစုဘဝနှင့် အလုပ်ကို ဟန်ချက်ညီစေဖို့ခက်ခဲကြောင်း တွေ့ရှိကြသည်။

▶ အလုပ်သမားသန်းပေါင်း ၆၀၀ ကျော် သို့မဟုတ် ကမ္ဘာတစ်ဝန်းအလုပ်သမားအင်အား ၂၂ ရာခိုင်နှုန်းသည် တစ်ပတ်လျှင် ၄၈ နာရီထက်မက အလုပ်လုပ်ကြသည်ဟု ခန့်မှန်းရသည်။

ယင်းစာရင်းဇယားများက လူတို့၏ကြေကွဲဖွယ်အဖြစ်ဆိုးကြီးကို ဖော်ပြနေသည်။ ကြာရှည်ပြီး ပုံမှန်မဟုတ်သော အလုပ်ချိန်များသည် ကျန်းမာရေးထိခိုက်ခြင်း၊ ဆက်ဆံရေးတင်းမာခြင်း၊ မိဘများ၏အုပ်ထိန်းမှုညံ့ဖျင်းခြင်း၊ ခွဲနေခြင်း၊ ကွာရှင်းခြင်းတို့နှင့်ဆက်စပ်နေကြောင်း လေ့လာမှုအချို့က ဖော်ပြသည်။

သင်ကော အသို့နည်း။ သင်သည် အလုပ်လုပ်လွန်းသလော။ သို့မဟုတ် လောလောဆယ်အလုပ်လက်မဲ့ဖြစ်နေကြသော သန်းပေါင်းများစွာထဲမှ တစ်ဦးဖြစ်သလော။ အလုပ်နှင့် မိသားစုဘဝစပ်ကြား ပို၍ဟန်ချက်ညီမှုကို သင်တောင့်တပါသလော။ တောင့်တပါက ယင်းကို မည်သို့ဖြစ်စေနိုင်သနည်း။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“ဒုတိယအလုပ်”

“ကျွန်မအိမ်ပြန်ရောက်တဲ့အခါ ညနေစာ ပြင်ဆင်ရတယ်၊ အိမ်သန့်ရှင်းရေးလုပ်ရတယ်၊ အဝတ်လျှော်ဖွပ်ရတယ်၊ ကလေးတွေရဲ့အိမ်စာကို ဝိုင်းကူလုပ်ပေးရတယ်၊ သူတို့ရေမိုးချိုးမချိုးကြည့်ပေးရတယ်၊ ပြီးတော့ အိပ်ရာဝင်တဲ့အထိ သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ရတယ်။ အဲ့ဒီနောက် ကျွန်မ မောဟိုက်တော့တာပဲ” ဟု အိမ်ပြင်ထွက်အလုပ်လုပ်ရသောမိခင်တစ်ဦးပြောသည်။ များစွာသောအမျိုးသားများနည်းတူ ကမ္ဘာပေါ်ရှိ အလုပ်လုပ်သည့်အမျိုးသမီး ခန့်မှန်းခြေ ၁.၂ ဘီလီယံထဲမှ သန်းပေါင်းများစွာတို့သည် ဤ “ဒုတိယအလုပ်” ၏ဖိစီးမှုကိုရင်ဆိုင်နေရသည်။ သို့သော် အမျိုးသားများသည် အိမ်အလုပ်လုပ်ရန် ငြင်းဆိုလေ့ရှိကြောင်း လေ့လာမှုများကဖော်ပြသည်။ အမျိုးသမီးများသည် အိမ်ပြင်ထွက်အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဤအလုပ်အများစုကို လုပ်ဆောင်ရလေ့ရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ