ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၄ စာ. ၂-၆
  • အမှန်တကယ်အကျိုးပြုမယ့် ဝက်ဘ်ဆိုက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တကယ်အကျိုးပြုမယ့် ဝက်ဘ်ဆိုက်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဇနီးမောင်နှံတွေအတွက်
  • မိဘတွေအတွက်
  • ဆယ်ကျော်သက်တွေအတွက်
  • သမ္မာကျမ်းစာအကြောင်း လေ့လာလိုသူတွေအတွက်
  • မာတိကာ
    နိုးလော့!—၂၀၁၅
  • ကျမ်းစာကိုနားလည်စေနိုင်မယ့် အကူအညီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဝက်ဘ်ဆိုက်ဝေစာအသစ်ကို အသုံးပြုပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • မာတိကာ
    နိုးလော့!—၂၀၁၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁/၁၄ စာ. ၂-၆
အမျိုးသမီးငယ်တစ်ယောက် jw.org ဝက်ဘ်ဆိုက်ကို ဝင်ကြည့်နေ

မျက်နှာဖုံးအကြောင်းအရာ

အမှန်တကယ်အကျိုးပြုမယ့် ဝက်ဘ်ဆိုက်

  • ဖတ်ရှုနိုင်ရာ– သမ္မာကျမ်းစာကို ဘာသာစကား ၅၀ ခန့်နဲ့ ဖတ်ရှုနိုင်တယ်။ ကျမ်းစာအခြေပြုအကြောင်းအရာတွေကို ဘာသာစကား ၅၀၀ ကျော်နဲ့ ဖတ်ရှုနိုင်တယ်။

  • လက်သင်္ကေတပြ ဘာသာစကား– လက်သင်္ကေတပြဘာသာစကား ၇၀ နီးပါး ကြည့်ရှုနိုင်ပါတယ်။

  • ကြည့်လိုတဲ့ဘာသာစကား– ဘာသာစကား နှစ်ရာကျော်နဲ့ တင်ထားတဲ့ အတွက် မိမိကြိုက်နှစ်သက်ရာဘာသာစကားကို ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။

  • နားဆင်စရာ– သမ္မာကျမ်းစာထဲက စိတ်ဝင်စားဖွယ်ဖြစ်ရပ်တွေကို အသံပြဇာတ်ပုံစံနဲ့ အသံသွင်းထားတာတွေကို နားဆင်နိုင်ပါတယ်။

  • မြင်ယောင်ကြည့်စရာ– ကျမ်းစာအဖြစ်အပျက်တွေကို ကာတွန်းပုံစံနဲ့ ပုံဖော်ထားတဲ့အတွက် ကျမ်းစာဇာတ်လမ်းတွေကို မြင်ယောင်ကြည့်နိုင်ပါတယ်။

  • ကြည့်ရှုနိုင်ရာ– ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အထောက်အကူပေးနိုင်တဲ့ ကျမ်းစာဇာတ်လမ်းဗီဒီယိုတွေနဲ့ တခြားဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါတယ်။

  • ကူးယူနိုင်ရာ– jw.org ဝက်ဘ်ဆိုက်ကနေ စာအုပ်တွေ၊ မဂ္ဂဇင်းဆောင်းပါးတွေ၊ အသံဖိုင်တွေကို ဘယ်သူမဆို အခမဲ့ ကူးယူနိုင်ပါတယ်။

  • ရှာဖွေလေ့လာနိုင်ရာ– ဘာသာစကား ၁၀၀ ကျော်နဲ့တင်ထားတဲ့ ကင်းမျှော်စင် အွန်လိုင်းစာကြည့်တိုက် ကနေ အကြောင်းအရာ အချက်အလက်အမျိုးမျိုးကို ရှာဖွေလေ့လာနိုင်ပါတယ်။

ဇနီးမောင်နှံတွေအတွက်

“ကျွန်တော့်ရဲ့မိသားစုကို ပျော်ရွှင် သာယာတဲ့ မိသားစုဖြစ်စေချင်တယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးမှာ အိမ်ထောင်ရေးပြဿနာတချို့ရှိတယ်၊ ကလေးရလာတော့ ပိုဆိုးလာတယ်။ ကျွန်တော်တို့ အကူအညီလိုနေတယ်”

သမ္မာကျမ်းစာပြောဆိုရာ–

“ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။”—သုတ္တံ ၂၄:၃။

ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အကူအညီဖြစ်စေမယ့် အကြောင်းအရာများ

မောင်နှံတစ်စုံဟာ jw.org ဝက်ဘ်ဆိုက်ထဲက ဇနီးမောင်နှံများနဲ့ မိဘများအပိုင်းကို ဝင်ကြည့်နေ

“ဇနီးမောင်နှံများနဲ့ မိဘများ” ဆိုတဲ့အပိုင်းက အောက်ဖော်ပြပါအချက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကူညီပေးပါတယ်–

  • အိမ်ထောင်ရေးကတိသစ္စာကို စောင့်ထိန်းခြင်း

  • အိမ်ထောင်ရေးကတောက်ကဆများကို ဖြေရှင်းခြင်း

  • ငွေကြေးစီမံသုံးစွဲခြင်း

  • ကလေးရလာချိန်မှာကြုံရတဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်ဖြေရှင်းခြင်း

  • သားသမီးတွေကို ကိုယ်ကျင့်တရားစံနှုန်း သင်ပေးခြင်း

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > ဇနီးမောင်နှံနဲ့ မိဘများ)

မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက် စာအုပ်မှာ တစ်ကိုယ်ရေဘဝ အိမ်ထောင်ပြုဖို့ပြင်ဆင်ခြင်း အကြောင်းအရာကနေ သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်း ကိစ္စတွေအထိ မိသားစုနဲ့သက်ဆိုင်တဲ့ အကြောင်းအရာများစွာ ပါရှိပါတယ်။

(www.pr2711.com/mya ကနေ အဲဒီစာအုပ်ကို ကူးယူနိုင်ပါတယ်၊ ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– စာအုပ်စာပေများ > စာအုပ်ကြီးနဲ့ စာစောင်များ)

မိဘတွေအတွက်

“ကျွန်မအတွက် အရေးအကြီးဆုံးကတော့ ကလေးတွေပဲ။ ငါ့သား၊ ငါ့သမီးဆိုပြီး ဂုဏ်ယူချင်တယ်”

သမ္မာကျမ်းစာပြောဆိုရာ–

“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်။”—သုတ္တံ ၂၂:၆။

ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အကူအညီဖြစ်စေမယ့် အကြောင်းအရာများ

ဖခင်နဲ့ သားငယ်ဟာ jw.org ဝက်ဘ်ဆိုက်ထဲက ကလေးများအပိုင်းကို ဝင်ကြည့်နေ

“ကလေးများ” အပိုင်းမှာ ကျမ်းစာရုပ်ပြဇာတ်လမ်း၊ ရုပ်ပုံမှာ လုပ်စရာများ၊ ဗီဒီယိုများနဲ့ ကျမ်းစာသင်ခန်းစာများ စတာတွေ ပါရှိပါတယ်။ အဲဒါတွေက ကလေးတွေကို

  • မိဘစကားနားထောင်သူဖြစ်အောင်

  • ကြင်နာတတ်သူဖြစ်အောင်

  • သင့်သင့်မြတ်မြတ် နေတတ်သူဖြစ်အောင်

  • “ကျေးဇူးတင်ပါတယ်” လို့ပြောတတ်အောင် ကူညီပေးနိုင်ပါတယ်။

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > ကလေးများ)

ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ် နဲ့ ကြီးမြတ် သောဆရာထံမှ သင်ယူပါ စာအုပ်တွေမှာ လှပတဲ့ရုပ်ပုံတွေ ဝေဝေဆာဆာပါပြီး ကလေးနဲ့အတူဖတ်ဖို့ ရည်ရွယ်ထားပါတယ်။

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– စာအုပ်စာပေများ > စာအုပ်ကြီးနဲ့ စာစောင်များ)

ဆယ်ကျော်သက်တွေအတွက်

“ကျောင်း၊ မိဘ၊ သူငယ်ချင်း၊ သမီးရည်းစား စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အကြံဉာဏ်လိုချင်တယ်။ ကျွန်တော်က ကလေးတစ်ယောက်လည်းမဟုတ်တော့ ဒါလုပ်၊ ဒါမလုပ်နဲ့လို့ ပြောတာမျိုးလည်း မလိုချင်ဘူး”

သမ္မာကျမ်းစာပြောဆိုရာ–

“လူငယ်လူရွယ်တို့၊ ပျိုရွယ်ချိန်၌ ပျော်ပျော်နေကြလော့။”—ဒေသနာ ၁၁:၉၊ ခမ။

ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အကူအညီဖြစ်စေမယ့် အကြောင်းအရာများ

ဆယ်ကျော်သက်တစ်ယောက်ဟာ jw.org ဝက်ဘ်ဆိုက်ထဲက ဆယ်ကျော်သက်များအပိုင်းကို ဝင်ကြည့်နေ

“ဆယ်ကျော်သက်များ” အပိုင်းမှာ ဆောင်းပါးတွေ၊ ဗီဒီယိုတွေပါတယ်။ အဲဒါတွေက အောက်ဖော်ပြပါအခြေအနေနဲ့ ရင်ဆိုင်နေရသူတွေကို အကူအညီပေးနိုင်ပါတယ်။

  • အဖော်မဲ့နေရင်

  • ကျောင်းမှာ ပြဿနာတွေကြုံရရင်

  • အိမ်စည်းကမ်းချိုးဖောက်မိရင်

  • အနိုင်ကျင့်ခံနေရရင် ဒါမှမဟုတ် လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှုခံရရင်

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ)

လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်မှာ လူငယ်တွေမေးတတ်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေရဲ့အဖြေကို တွေ့နိုင်ပါတယ်။

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– စာအုပ်စာပေများ > စာအုပ်ကြီးနဲ့ စာစောင်များ)

သမ္မာကျမ်းစာအကြောင်း လေ့လာလိုသူတွေအတွက်

“ကျမ်းစာကို နားလည်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ။”

သမ္မာကျမ်းစာပြောဆိုရာ–

“ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း . . . တွင် အကျိုးရှိ၏။”—၂ တိမောသေ ၃:၁၆။

ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ အကူအညီဖြစ်စေမယ့် အကြောင်းအရာများ

ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ (New World Translation of the Holy Scriptures) ဟာ တိကျမှန်ကန်ပြီး ဖတ်ရှုရလွယ်ကူတဲ့ ကျမ်းစာဖြစ်ပါတယ်။

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– PUBLICATIONS > BIBLE)

“သမ္မာကျမ်းစာမေးခွန်းတွေရဲ့အဖြေ” အပိုင်းက “ကမ္ဘာ့ငြိမ်းချမ်းရေးရဖို့ ဘာကြောင့် ဒီလောက်ခက်ရတာလဲ” နဲ့ “သေသွားရင် ဘာဖြစ်မလဲ” စတဲ့မေးခွန်းတွေရဲ့ ရှင်းလင်းတဲ့အဖြေတွေကို ဖော်ပြပေးထားပါတယ်။

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– သမ္မာကျမ်းစာသွန်သင် ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ)

“ကျမ်းစာလေ့လာဖို့ တောင်းခံခြင်း” စာမျက်နှာကနေ အခမဲ့ကျမ်းစာလေ့လာမှုပြုလုပ်နိုင်တဲ့ အခွင့်အရေးကို သင်ရယူနိုင်ပါတယ်။

(ပင်မစာမျက်နှာမှာရှိတဲ့ “ကျမ်းစာလေ့လာဖို့တောင်းခံခြင်း” ကိုနှိပ်ပါ။)

“ကျမ်းစာဖတ်တာ နားမလည်တော့ ဆက်မဖတ်တော့ဘူး။ ‘သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ’ ဆိုတဲ့စာအုပ်ကိုသုံးပြီး ကျမ်းစာလေ့လာတဲ့အခါ သမ္မာကျမ်းစာဟာ တကယ်ကိုရိုးရှင်းပြီး နားလည်နိုင်တဲ့စာအုပ်ဖြစ်တယ်ဆိုတာ သိလိုက်ရတော့တယ်။” —ခရစ္စတီးနား။

ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးချင်တာ ရှိပါသလား

“မေးတတ်တဲ့ မေးခွန်းများ” အပိုင်းမှာ “သင်တို့ ဘာကြောင့် ကိုယ်ပိုင်ဘာသာရှိပြီးသားသူတွေဆီ သွားတာလဲ၊” “သင်တို့ရဲ့လုပ်ငန်း ဘယ်ကငွေနဲ့ လည်ပတ်နေသလဲ” စတဲ့ ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့မေးခွန်းတွေကို ဖြေဆိုထားပါတယ်။

(ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– ကျွန်ုပ်တို့အကြောင်း > မေးတတ်တဲ့မေးခွန်းများ)

နေ့စဉ်နေ့တိုင်း လူအယောက် ၇၀၀,၀၀၀ ခန့်ဟာ jw.org ဝက်ဘ်ဆိုက်ကို ဝင်ကြည့်နေကြပါတယ်။ သင်လည်း ဝင်ကြည့်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ