ဝက်ဘ်ဆိုက်ဝေစာအသစ်ကို အသုံးပြုပါ
ဝေစာရဲ့ခေါင်းစဉ်က ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ ဖြစ်တယ်။ ဝေစာရဲ့ကျောဘက်မှာ မေးခွန်းသုံးခုပါတယ်။ အခွင့်အရေးရမယ်ဆိုရင် ဘယ်မေးခွန်းကို စိတ်ဝင်စားသလဲလို့ မေးပါ။ အဖြေကို ဝက်ဘ်ဆိုက်ထဲက သမ္မာကျမ်းစာသွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့အဖြေ ခေါင်းစဉ်အောက်မှာ ရှာဖို့ပြောပါ။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ၊ ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေလည်းပါကြောင်း ပြောပါ။
ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက် အလွန်ကောင်းတဲ့ အနာဂတ်မျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာဖော်ပြချက်ကို လူတွေသိအောင် ကူညီပေးဖို့ ဝေစာတွေကို အမြဲဆောင်ထားပါ။