ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၄ စာ. ၁၂-၁၃
  • ကွန်စတင်တိုင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကွန်စတင်တိုင်း
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချာ့ချ်တွေကို တရားဝင်ခွင့်ပြုခဲ့ပြီး အသုံးချခဲ့
  • ဘယ်လိုခရစ်ယာန်ဘာသာလဲ
  • မဟာ ကွန်စတင်တိုင်း—ခရစ်ယာန်ဘာသာကို ခုခံကာကွယ်သူလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခရစ်ယာန်ဘောင်သည် ဤလောက၏အဝင် မည်သို့ဖြစ်လာပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားရှင်အား ချစ်ခြင်းဟူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သုံးပါးပေါင်းတစ်ဆူအယူဝါဒ မည်သို့ပေါ်ပေါက်လာသနည်း
    သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည် သင့်သလော
နိုးလော့!—၂၀၁၄
န ၂/၁၄ စာ. ၁၂-၁၃
ကွန်စတင်တိုင်း ကြေးရုပ်တု

အတိတ်မှပုံရိပ်များ

ကွန်စတင်တိုင်း

ကွန်စတင်တိုင်းဟာ ခရစ်ယာန်ဘာသာထဲ ပြောင်းဝင်ခဲ့တဲ့ ပထမဆုံး ရောမဧကရာဇ်မင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ အရင်က အပယ်ခံ၊ နှိပ်စက်ခံခဲ့ရတဲ့ ဘာသာကို လက်ကမ်းကြိုဆိုခဲ့ပြီး ခရစ်ယာန်ဘောင်ဆိုပြီး ဖြစ်တည်လာအောင် လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် စွယ်စုံကျမ်းတစ်ကျမ်း (The Encyclopædia Britannica) အရ အမည်ခံခရစ်ယာန်ဘာသာဟာ သမိုင်းတစ်လျှောက်မှာ “နိုင်ငံရေးနဲ့ လူမှုရေးမှာ ဩဇာအရှိဆုံး” အဖြစ် ရပ်တည်လာခဲ့ပါတယ်။

ရှေးခေတ် ရောမဧကရာဇ်မင်းတစ်ပါးအကြောင်း ဘာကြောင့် သိဖို့လိုတာလဲ။ ခရစ်ယာန်ဘာသာကို စိတ်ဝင်စားသူဖြစ်မယ်ဆိုရင် ကွန်စတင်တိုင်းဟာ ဘာသာရေးကိုအမှီပြုပြီး နိုင်ငံရေးအမြတ်ထုတ်ခဲ့မှုကြောင့် ဒီနေ့အချိန်အထိ ချာ့ချ်တွေရဲ့အယူဝါဒနဲ့ ဓလေ့ထုံးတမ်းတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့တယ်ဆိုတာကို သိထားသင့်ပါတယ်။ သုံးသပ်ကြည့်ရအောင်။

ချာ့ချ်တွေကို တရားဝင်ခွင့်ပြုခဲ့ပြီး အသုံးချခဲ့

အေဒီ ၃၁၃ မှာ ကွန်စတင်တိုင်းဟာ အနောက်ရောမအင်ပါယာကို အုပ်စိုးနေပြီး လင်စီနီးယပ်စ်နဲ့ မက်စီမီနပ်စ်တို့က အရှေ့ဖက်အခြမ်းကို အုပ်စိုးနေပါတယ်။ ကွန်စတင်တိုင်းနဲ့ လင်စီနီးယပ်စ်ဟာ ခရစ်ယာန်ဘာသာအပါအဝင် ဘာသာအားလုံးကို ဘာသာရေးလွတ်လပ်ခွင့် ပေးခဲ့တယ်။ ဘာသာရေးက အင်ပါယာကို စည်းလုံးစေမယ်လို့ ယုံကြည်ပြီး ကွန်စတင်တိုင်းဟာ ခရစ်ယာန်ဘာသာကို ကာကွယ်ပေးခဲ့တယ်။a

ချာ့ချ်ဟာ အယူဝါဒပိုင်းဆိုင်ရာကိစ္စတွေနဲ့ ကွဲပြားနေတာကို ကွန်စတင်တိုင်း သိပြီး စိုးရိမ်လာတယ်။ စည်းလုံးညီညွတ်ဖို့ သူကြိုးစားခဲ့ပြီး အယူဝါဒတွေ တစ်ပြေးညီယုံကြည်လာအောင် “ပြုပြင်” ဖို့ အတင်းဖိအားပေးခဲ့တယ်။ ဘုန်းတော်ကြီးတွေဟာ ဧကရာဇ်ရဲ့ မျက်နှာသာရဖို့ ဘာသာရေးညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အဲဒီလိုလုပ်တဲ့သူတွေဟာ အခွန်ကင်းလွတ်ခွင့်နဲ့ အထောက်အပံ့တွေ ရရှိခဲ့ကြတယ်။ ‘ခရစ်ယာန်အယူဝါဒကို တစ်ပြေးညီဖြစ်အောင်လုပ်တာက ဘာသာရေးကိစ္စလောက်ပဲ မဟုတ်တော့ဘူး။ ငွေကြေးကိစ္စ၊ အခွင့်အာဏာနဲ့လည်း သက်ဆိုင်လာပါတယ်’ ဆိုပြီး သမိုင်းပညာရှင် ချားလ်စ် ဖရီးမန်းက ဆိုပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ လောကီရေးရာကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်နိုင်ခွင့် ရှိလာကြတယ်။ “ချာ့ချ်ကို ကာကွယ်ပေးတဲ့သူ ဖြစ်လာသလို လက်ဝါးကြီးအုပ်ချုပ်သူလည်း ဖြစ်လာတယ်” ဆိုပြီး သမိုင်းပညာရှင် အေ. အိတ်ချ်. အမ်. ဂျုန်းစ်က ပြောပါတယ်။

“ချာ့ချ်ကို ကာကွယ်ပေးတဲ့သူ ဖြစ်လာသလို လက်ဝါးကြီးအုပ်ချုပ်သူလည်း ဖြစ်လာတယ်” —အေ. အိတ်ချ်. အမ်. ဂျုန်းစ်၊ သမိုင်းပညာရှင်

ဘယ်လိုခရစ်ယာန်ဘာသာလဲ

ကွန်စတင်တိုင်းနဲ့ ဘုန်းတော်ကြီးတွေ မိတ်ဖွဲ့ပြီးဖြစ်တည်လာတဲ့ ဘာသာက ခရစ်ယာန်တစ်ပိုင်း၊ အယူမှားဝတ်ပြုရေးတစ်ပိုင်း ဖြစ်တယ်။ ဧကရာဇ်ရဲ့ ရည်ရွယ်ချက်ကိုက စစ်မှန်တဲ့ဘာသာရေးအမှန်တရား ရှာဖို့မဟုတ်ဘဲ သူ့ရဲ့အင်ပါယာ စည်းလုံးစေဖို့သာဖြစ်တယ်။ နောက်ဆုံးမှာ သူဟာ အယူမှားဝတ်ပြုရေးအင်ပါယာရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တယ်။ ခရစ်ယာန်ဘာသာရော တခြားသာသာတွေပါ စိတ်ကျေနပ်စေဖို့ “မပြတ်မသားလုပ်ဆောင်ခဲ့ပြီး လူအများလက်ခံနိုင်တဲ့ပုံနဲ့ အုပ်ချုပ်ခဲ့တယ်” ဆိုပြီး သမိုင်းပညာရှင်တစ်ဦး ရေးခဲ့တယ်။

ကွန်စတင်တိုင်းဟာ ခရစ်ယာန်ဘာသာကို ကာကွယ်ပေးသူအဖြစ် အမည်ခံထားပြီး တစ်ချိန်တည်းမှာ အယူမှားဝတ်ပြုရေးဘက် ရပ်တည်ခဲ့သူလည်းဖြစ်တယ်။ ဥပမာ၊ သမ္မာကျမ်းစာ တားမြစ်ထားတဲ့ နက္ခတ်ဗေဒင်၊ နတ်ဝိဇ္ဇာနဲ့ အတိတ်နိမိတ် ဖတ်တာတွေကို လိုက်စားခဲ့တယ်။ (တရားဟောရာ ၁၈:၁၀-၁၂) ရောမမှာရှိတဲ့ ကွန်စတင်တိုင်းမုခ်ခုံးပေါ်မှာ အယူမှားနတ်ဘုရားတွေကို ယဇ်ပူဇော်နေတဲ့ပုံတွေ တွေ့နိုင်တယ်။ နေနတ်ဘုရားပုံကို ဒင်္ဂါးပေါ်မှာ ရိုက်နှိပ်ခြင်းအားဖြင့် နေနတ်ဘုရားကို ဆက်ဂုဏ်တင်ခဲ့ပြီး အဲဒီဝတ်ပြုရေးကို ဆက်မြှင့်တင်ပေးခဲ့တယ်။ သူ့အသက်တာအဆုံးပိုင်းမှာ အီတလီနိုင်ငံ၊ အမ်ဘရီယာပြည်နယ်မှာရှိတဲ့ မြို့ငယ်လေးမှာ သူနဲ့သူ့မိသားစုအတွက် ဘုရားကျောင်းဆောက်စေပြီး တာဝန်ထမ်းဆောင်ဖို့ နတ်ဆရာတွေကိုတောင် ခန့်အပ်ခဲ့တယ်။

ကွန်စတင်တိုင်းဟာ အေဒီ ၃၃၇၊ သူသေဆုံးခါနီး ရက်အနည်းငယ်ကျမှ နှစ်ခြင်းခံခဲ့တယ်။ သူ့အင်ပါယာအတွင်းမှာရှိတဲ့ ခရစ်ယာန်တွေရော၊ အယူမှားဝတ်ပြုသူတွေပါ သူ့ကိုဆက်ထောက်ခံစေဖို့ အခုလို ရွှေ့ဆိုင်းခဲ့တာဖြစ်တယ်ဆိုပြီး ပညာရှင်တော်တော်များများ ယူဆကြတယ်။ သူ့ဘဝမှတ်တမ်းနဲ့ နှစ်ခြင်းခံတာနောက်ကျခြင်းကြောင့် ခရစ်တော်ကို ယုံကြည်ပါတယ်ဆိုတဲ့ သူ့ရဲ့အပြောဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ ကွန်စတင်တိုင်း တရားဝင်ဖြစ်စေခဲ့တဲ့ ချာ့ချ်ဟာ နိုင်ငံရေးနဲ့ ဘာသာရေးမှာ အခွင့်အာဏာရှိလာခဲ့တဲ့အတွက် ခရစ်တော်ရဲ့သွန်သင်ချက်တွေကို လိုက်နာမယ့်အစား လောကရေးရာဘက် ခြေဦးလှည့်စေခဲ့တယ်။ ယေရှုက တပည့်တွေနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့ပါတယ်– “ကျွန်ုပ်သည် ဤလောကနှင့်မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့်မသက်ဆိုင်” ကြပါ။ (ယောဟန် ၁၇:၁၄) အဲဒီချာ့ချ်ကနေအစပြုခဲ့တာ အခုဆိုရင် မရေမတွက်နိုင်တဲ့ ခရစ်ယာန်ဂိုဏ်းကွဲတွေ ကမ္ဘာအနှံ့မှာ ပျံ့နှံ့လို့နေပါပြီ။

ဖော်ပြခဲ့တဲ့အရာတွေက ကျွန်ုပ်တို့နဲ့ ဘယ်လိုသက်ဆိုင်ပါသလဲ။ ချာ့ချ်တစ်ခုရဲ့ အယူဝါဒကို အလျင်စလို လက်ခံလိုက်တာမျိုးမဟုတ်ဘဲ သမ္မာကျမ်းစာနဲ့ သေသေချာချာ ဆန်းစစ်ရမယ်ဆိုတဲ့ သင်ခန်းစာ ရရှိပါတယ်။ —၁ ယောဟန် ၄:၁။

a ကွန်စတင်တိုင်းရဲ့ ခရစ်ယာန်ဘာသာအပေါ် ယုံကြည်မှုနဲ့ပတ်သတ်ပြီး များစွာဝေဖန်ခံခဲ့ရတယ်။ အကြောင်းကတော့ ပညာရှင်တစ်ဦးရဲ့အဆိုအရ “သူအုပ်စိုးချိန် အဆုံးပိုင်းအထိ အယူမှားဝတ်ပြုထုံးတမ်းတွေကို အလျှော့ပေးလိုက်လျောခဲ့လို့ဖြစ်တယ်။”

အချက်အလက်အကျဉ်း

  • ကွန်စတင်တိုင်းဟာ အေဒီ ၃၀၆ မှာ အနောက်ရောမအင်ပါရာရဲ့ ဧကရာဇ်မင်း ဖြစ်လာ။ အရှေ့နဲ့အနောက် ရောမအင်ပါရာတစ်ခုလုံးကို အေဒီ ၃၂၄ ကနေ ၃၃၇ အထိ အုပ်စိုးခဲ့။

  • ခရစ်ယာန်တွေရဲ့ ဘုရားသခင်က စစ်ပွဲမှာ ကူညီပေးမယ်လို့ အိပ်မက် ဒါမှမဟုတ် ရူပါရုံ ကနေ သူ့ကိုပြောခဲ့တယ်လို့ ကွန်စတင်တိုင်းပြော။

  • ဘုရားသခင်ကြောင့် တိုက်ပွဲနိုင်တယ်လို့ယူမှတ်ပြီး “ရောမက လူအစည်ကားဆုံးနေရာမှာ” ရှိတဲ့သူ့ရဲ့ရုပ်တုလက်ထဲမှာ လက်ဝါးကားတိုင်ပုံလှံ ထပ်ထည့်ဖို့ ကွန်စတင်တိုင်း “ချက်ချင်းအမိန့်ထုတ်ပြန်” ခဲ့။—သမိုင်းပညာရှင် ပေါလ် ကရီစတန်ရှ်။

  • ကွန်စတင်တိုင်းဟာ တိတ္ထိဘာသာရေးဘွဲ့ဖြစ်တဲ့ ပေါန်တီဖစ် မက်စီမတ်စ် (pontifex maximus) ဒါမှမဟုတ် ဘုန်းတော်ကြီးချုပ်ဘွဲ့ ခံယူခဲ့ပြီး သူအုပ်ချုပ်တဲ့ ဒေသမှာရှိတဲ့ ဘာသာအားလုံးကို ဦးစီးခဲ့။

ကွန်စတင်တိုင်းမုခ်ခုံး

တိုက်ပွဲအောင် အထိမ်းအမှတ်ဖြစ်တဲ့ ကွန်စတင်တိုင်းမုခ်ခုံး

  • “ဧကရာဇ်မင်းကောင်းတစ်ပါး၊ ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ရင်တောင် ဘုရားသခင်ရဲ့ မျက်နှာသာကို အဆုံးရှုံးခံမလား၊ အခွင့်အာဏာကို အဆုံးရှုံးခံမလားဆိုတာကို မဖြစ်မနေ ရွေးချယ်ရပါလိမ့်မယ်။ ဘုရင်တစ်ယောက်အနေနဲ့ ကွန်စတင်တိုင်းဟာ အခွင့်အာဏာကို လုံးဝလက်လွတ်မခံခဲ့ဘူး၊ အခွင့်အာဏာကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ရင် အပြစ်ကျူးလွန်ခဲ့တယ်။”—ရစ်ချက် ရူဘင်စတင်၊ ဂျော့ချ် မေဆင် တက္ကသိုလ်က ပါမောက္ခ။

  • “ကွန်စတင်တိုင်းဟာ သူမသေဆုံးခင်လေးမှာ ခရစ်ယာန်တစ်ယောက်အဖြစ် ခံယူခဲ့တယ်ဆိုတာ သေချာပေမဲ့ ခရစ်ယာန်စစ်တစ်ယောက်ဖြစ်တယ်လို့တော့ ဘယ်သူမှသေချာပေါက် မပြောနိုင်ဘူး။”—ပေါလ် ကရီစတန်ရှ်၊ ဂရိနဲ့ ရောမစာပေနဲ့ သမိုင်းဆိုင်ရာ ပါမောက္ခ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ