ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၉ ၁၀/၈ စာ. ၁၅
  • မြွေများနှင့်ပတ်သက်၍ အများယုံမှားမှုများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြွေများနှင့်ပတ်သက်၍ အများယုံမှားမှုများ
  • နိုးလော့!—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြွေအရေခွံ
    နိုးလော့!—၂၀၁၄
  • ကြေးဝါမြွေရုပ်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နိုးလော့!—၁၉၉၉
န၉၉ ၁၀/၈ စာ. ၁၅

မြွေများနှင့်ပတ်သက်၍ အများယုံမှားမှုများ

အိန္ဒိယမှ နိုးလော့!သတင်းထောက်ပေးပို့သည်

သွယ်လျသောမြွေဟောက်သည် မိန်းမငယ်လေး၏ခေါင်း၌ ပန်ဆင်ထားသော စံပယ်ပန်းရနံ့၏သွေးဆောင်မှုကြောင့် သူ့ဆီသို့လျှောဆင်းလာ၏။ ၎င်း၏ရှည်လျားသော ခန္ဓာကိုယ်မှာ ပင်လယ်လှိုင်းကဲ့သို့ပင် နိမ့်တုံမြင့်တုံဖြစ်နေသည်။ ယင်း၏ နဖူးတွင် ရတနာကဲ့သို့တောက်ပသည့် ပြိုးပြိုးပြက်ပြက်အရာတစ်ခု တွေ့လိုက်ရပြီး ယင်းက မိန်းမငယ်အား စိတ်ညှို့သကဲ့သို့ စူးစိုက်ကြည့်ရှုစေသည်။ ရုတ်တရက် ၎င်းသည် လေထဲသို့အရှိန်ပြင်းပြင်းနှင့်ကိုယ်ကို ပစ်လွှတ်ကာ သူ၏လက်မောင်းကို ယင်း၏မြွေစွယ်ဖြင့် စိုက်ထားလိုက်၏။

ဖြစ်ရပ်မှန်လော၊ ယုံမှားမှုလော။ အထက်ပါ ရုပ်လုံးဖော်ပြထားချက်တစ်ခုလုံးမှာ မှားယွင်းနေပြီး အများလက်ကိုင်ထားသည့် အယူအဆမှားပေါ် အခြေခံထားခြင်းဖြစ်၏။ ဤယုံမှားမှုများမှအချို့ကို သုံးသပ်ကြည့်ကြစို့။

၁။ စံပယ်၊ စန္ဒကူးနှင့် အခြားမွှေးပျံ့သောသင်းရနံ့များက မြွေတို့ကို ဆွဲဆောင်၏။ မှားသည်။ မွှေးပျံ့သောရနံ့က အင်းဆက်များကို သွေးဆောင်လေသည်၊ အင်းဆက်များက ဖားတို့ကိုဆွဲဆောင်ရာ မြွေတို့၏အစာတစ်မျိုးဖြစ်သောဖားတို့က မြွေတို့ကို ဆွဲဆောင်သည်။

၂။ မြွေများသည် ယင်းတို့၏ကိုယ်ခန္ဓာများကိုထောင်လိုက် လှိုင်းတွန့်ရွေ့လျားကြ၏။ မှားသည်။ ဤဖော်ပြချက်မှာ ကျောက်တုံးကြီးများကို ဖြတ်ကျော်ရာ၌ဖြစ်သည်။ မြွေဟောက်များနှင့် အခြားကုန်းတွင်းနေမြွေများ၏ ပုံမှန်ရွေ့ရှားသွားလာမှုမှာ မျဉ်းဖြောင့်တစ်ခုအတိုင်း အပြားလိုက်ဖြစ်၏။ ၎င်းတို့သည် ယင်းတို့၏ခန္ဓာကိုယ်အရှေ့ပိုင်းကို အရှေ့သို့ အလျားလိုက်ဆန့်တန်းလိုက်ပြီး အနောက်ပိုင်းကိုဆွဲယူလိုက်သည် သို့မဟုတ် မြေကြီးပေါ်မှထိုးထွက်နေသော အရာတစ်ခုခုကိုအားပြုကာ ဘေးဘက်များနှင့် အရှေ့ဘက်တွန်းထိုးလိုက်ကာ အင်္ဂလိပ်အက္ခရာ အက်စ်ပုံသဏ္ဌာန်သွားလာသည်။

၃။ အချို့မြွေများ၏ဦးခေါင်းတွင် အဖိုးတန်သောကျောက်တစ်လုံးရှိ၏။ မှားသည်။ ရှေးခေတ်အိန္ဒိယရှိ ထင်ရှားကျော်ကြားသူတို့မှာ မြွေဟောက်များ၏အကာအကွယ်ပေးခြင်းကိုခံရသည်ဟူသော ယုံကြည်ချက်နှင့်အတူ ဒဏ္ဍာရီတစ်ခုလည်းဖြစ်သည်။

၄။ မြွေဟောက်များသည် မိမိတို့၏သားကောင်များကို စိတ်ညှို့တတ်၏။ မှားသည်။ မြွေသည် ကြောက်ရွံ့မှုနှင့်ကြုံသောအခါ စူးစူးစိုက်စိုက်ကြည့်ရှုတတ်သဖြင့် စိတ်ညှို့ခြင်းကဲ့သို့ စူးစိုက်ကြည့်နေသည့်မြွေတစ်ကောင်ကို တွေ့ရှိသည့်လူသားတို့က ထိုသို့ထင်မှတ်သွားခြင်းသာဖြစ်သည်။ သို့သော် ယင်းသည် သားကောင်ကို ဖမ်းဆီးရာ၌ အသုံးပြုသောနည်းလမ်းတစ်ခုမဟုတ်ချေ။

၅။ မြွေဟောက်များသည် ၎င်းတို့၏သားကောင်ထံ မိမိကိုယ်ကို အရှိန်နှင့်ပစ်လွှဲ၏။ မှားသည်။ မြွေဟောက်သည် မိမိ၏သားကောင်ကိုတိုက်ခိုက်ရန် ခန္ဓာကိုယ်အရှေ့ပိုင်းကို ရှေ့သို့ထိုးလွှတ်တတ်သော်လည်း သာ၍ရှည်သောခန္ဓာကိုယ်အစိတ်အပိုင်းက ကုတ်တွယ်ထားရန် မြေပြင်ပေါ်တွင်ရှိနေသည်။ အများဆုံး ကိုယ်ခန္ဓာ၏သုံးပုံတစ်ပုံမှာ ထောင်မတ်နေပြီး လှမ်း၍တိုက်ခိုက်လေသည်။

၆။ မြွေဟောက်များအပါအဝင် မြွေတို့၏အရေခွံမှာ ချောမွေ့ ချွဲကျိနေပြီး အမြဲပင်အေးလျက်ရှိ၏။ မှားသည်။ မြွေရေခွံနှင့်အတူ ယင်း၏ထပ်လျက်ရှိသောအကြေးခွံတို့မှာ ခြောက်သွေ့နေပြီး နူးညံပျော့ပျောင်းသောသားရေဟုထင်ရသည်။ မြွေတို့သည် သွေးအေးသတ္တဝါများဖြစ်သည်; ၎င်းတို့၏ကိုယ်ခန္ဓာအပူချိန်သည် ပြင်ပအပူချိန်ကိုလိုက်၍ ပြောင်းလဲတုံ့ပြန်လေ့ရှိသည်။

၇။ မြွေဟောက်များသည် နားပင်းနေ၏။ မှားသည်။ များစွာသူတို့က ယုံမှားကြခြင်းဖြစ်သည်။ မြွေတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာဖြင့် သိရှိခံစားရသည့် မြေပြင်တုန်ခါမှုမှတစ်ဆင့် သာကြားရသည်ဟု သူတို့ယူမှတ်ကြသည်။ သမ္မာကျမ်းစာပါ ဆာလံ ၅၈:၄၊ ၅ တွင် မြွေဟောက်များနားမပင်းခြင်းနှင့် အမှန်ပင်သက်ဆိုင်ပေသည်။ မကြာသေးမီက သုတေသနပြုချက်အရ မြွေဟောက်များသည် လေထဲမှအသံကိုကြားနိုင်ပြီး မြွေအလပ်မာယ်ဆရာ၏သီချင်းသံကိုကြားလျှင် တုံ့ပြန်ကြကြောင်းဖော်ပြသည်။—၁၉၉၃၊ ဇူလိုင် ၂၂ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၃၁ ကိုလည်းရှု။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အပေါ်ဆုံးမြွေ– Animals/Jim Harter/Dover Publications, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ