ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၄ စာ. ၁၆
  • လိပ်ပြာတောင်ပံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိပ်ပြာတောင်ပံ
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလင်းရောင်ကို စုပ်ယူတဲ့ လိပ်ပြာတောင်ပံ
    နိုးလော့!—၂၀၁၄
  • အဖြူရောင်လိပ်ပြာတစ်မျိုးရဲ့ ဗွီပုံသဏ္ဌာန် အနေအထား
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သင်ခန်းစာ ၁
    ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၄/၁၄ စာ. ၁၆
အပြာရောင် ဆင်လိပ်ပြာကြီး

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

လိပ်ပြာတောင်ပံ

လိပ်ပြာတောင်ပံဟာ အရမ်းနူးညံ့ပြီး ကျိုးကြေလွယ်တဲ့အတွက် လေထုထဲမှာ ဖုန်စဖုန်နတွေရှိရင်၊ ရေမှုန်ရေမွှားတွေရှိနေရင် ပျံသန်းဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ တောင်ပံလေးတွေဟာ အမြဲသန့်ရှင်းပြီး ခြောက်သွေ့နေတယ်။ ဘာလျှို့ဝှက်ချက်များ ရှိလို့လဲ။

Overlapping scales on a butterfly’s wing

လိပ်ပြာတောင်ပံမှာ အလွန့်အလွန် သေးငယ်တဲ့ အကြေးခွံလေးတွေဟာ အထပ်အထပ်ကလေးတွေ ထပ်နေ

စဉ်းစားကြည့်ပါ– အိုဟိုင်းအိုပြည်နယ်တက္ကသိုလ်က သုတေသီတွေဟာ အပြာရောင် ဆင်လိပ်ပြာကြီးတွေကို လေ့လာတဲ့အခါ မျက်စိနဲ့ ဒီအတိုင်းကြည့်ရင်တော့ လိပ်ပြာတောင်ပံဟာ ချောမွေ့နေတယ်လို့ထင်ရပေမဲ့ တကယ်တမ်းတော့ လိပ်ပြာတောင်ပံမှာ အလွန့်အလွန်သေးငယ်တဲ့ အကြေးခွံလေးတွေဟာ အိမ်မိုးအုပ်ကြွပ်ပြားတွေ ထပ်ထားသလို အထပ်အထပ်ကလေးတွေ ဖြစ်နေတာကို တွေ့ရှိရတယ်။ အဲဒီလို အထပ်အထပ်လေး တွေဖြစ်နေတဲ့အတွက် တောင်ပံပေါ်ကျလာတဲ့ အမှိုက်စတွေ၊ ရေစက်တွေဟာ အလွယ်တကူ လိမ့်ဆင်းကျသွားပါတယ်။ အင်ဂျင်နီယာတွေဟာ လိပ်ပြာတောင်ပံကိုကြည့်ပြီး စက်မှုလုပ်ငန်းတွေနဲ့ ဆေးရုံသုံးစက်ပစ္စည်းတွေအတွက် အမှိုက်နဲ့ရေဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အဆင့်မြင့်နည်းပညာသုတ်ဆေးတွေ ထုတ်လုပ်ဖို့ ကြိုးစားနေကြတယ်။

သက်ရှိတွေမှာတွေ့ရတဲ့ ဒီဇိုင်းတွေကို သိပ္ပံပညာရှင်တွေ အတုယူအသုံးပြုကြတယ်။ အဲဒီအထဲမှာ လိပ်ပြာတောင်ပံဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ “သဘာဝလောကကြီးထဲမှာရှိတဲ့ အသေးဆုံးအရာလေးတွေကနေ အကြီးဆုံးအရာတွေမှာ အင်ဂျင်နီယာပညာတွေနဲ့ ပြည့်နေပါတယ်။ ဒါတွေကြောင့် လူသားတွေ စိတ်ကူးစိတ်သန်းကောင်းလေးတွေရခဲ့တာ ရာစုနှစ်ချီကြာခဲ့ပါပြီ” လို့ သုတေသီ ဘာရက် ဘူရှန်ကပြောတယ်။

သင်ဘယ်လိုထင်ပါသလဲ။ လိပ်ပြာတောင်ပံဟာ သူ့အလိုလိုဖြစ်ပေါ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ