ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၇
  • အဖြူရောင်လိပ်ပြာတစ်မျိုးရဲ့ ဗွီပုံသဏ္ဌာန် အနေအထား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖြူရောင်လိပ်ပြာတစ်မျိုးရဲ့ ဗွီပုံသဏ္ဌာန် အနေအထား
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • လိပ်ပြာတောင်ပံ
    နိုးလော့!—၂၀၁၄
  • အလင်းရောင်ကို စုပ်ယူတဲ့ လိပ်ပြာတောင်ပံ
    နိုးလော့!—၂၀၁၄
  • ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သင်ခန်းစာ ၁
    ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၇
ပန်းတစ်ပွင့်ပေါ်နားနေတဲ့ လိပ်ပြာဖြူ

အလိုလို ဖြစ်လာနိုင်ပါ့မလား

အဖြူရောင်လိပ်ပြာတစ်မျိုးရဲ့ ဗွီပုံသဏ္ဌာန် အနေအထား

လိပ်ပြာတစ်ကောင် မပျံသန်းခင် တောင်ပံကြွက်သားတွေ နွေးအောင် အရင်လုပ်ရပါတယ်။ ဒီအနွေးဓာတ်ကို နေရောင်ခြည်ကနေ ရယူလေ့ရှိတယ်။ မိုးအုံ့တဲ့နေ့တွေမှာတော့ လိပ်ပြာဖြူတစ်မျိုးဟာ တခြားလိပ်ပြာတွေထက် အရင်ဆုံး ထပျံတတ်တယ်။ ဘာကြောင့် ဒီလိုပျံသန်းနိုင်သလဲ။

စဉ်းစားကြည့်ပါ။ လိပ်ပြာမျိုးစိတ်များစွာဟာ မပျံသန်းခင် နေပူဆာလှုံတဲ့အခါ တချို့က အတောင်ပံကို ကိုယ်ပေါ် ထောင်ထားကြတယ်။ တချို့က တောင်ပံ ဖြန့်ထားကြတယ်။ လိပ်ပြာဖြူတစ်မျိုးကတော့ တောင်ပံကို ဗွီပုံသဏ္ဌာန် ဖွင့်ထားတယ်။ အပူရှိန်အမြှင့်ဆုံး ရနိုင်ဖို့ တောင်ပံတွေကို ၁၇ ဒီဂရီလောက် တစောင်းလေး ဖွင့်ထားဖို့ လိုမှန်း လေ့လာတွေ့ရှိကြတယ်။ ဗွီပုံသဏ္ဌာန် ဖွင့်ထားရင် နေရောင်ခြည်က တောင်ပံကြွက်သား အရင်းပိုင်းဆီ တိုက်ရိုက် စီးဝင်သွားတယ်။

ဆိုလာပြားတွေကို အဲဒီလိပ်ပြာတောင်ပံတွေလို ဗွီပုံသဏ္ဌာန် တပ်ဆင်လိုက်ရင် စွမ်းအင်ပမာဏ ပိုရနိုင်မလားဆိုတာ အင်္ဂလန်နိုင်ငံ၊ အက်စက်တာ တက္ကသိုလ်က သုတေသီတွေ လေ့လာခဲ့ကြတယ်။ စမ်းသပ်ကြည့်တဲ့အခါ စွမ်းအင်ပမာဏ ၅၀ ရာခိုင်နှုန်းနီးပါး တိုးလာတာကို တွေ့ရှိကြတယ်။

လိပ်ပြာတောင်ပံ မျက်နှာပြင်မှာ အလင်းပြန်နိုင်စွမ်း ရှိတာကိုလည်း သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ လိပ်ပြာတောင်ပံ ဗွီပုံသဏ္ဌာန် အနေအထားနဲ့ အလင်းပြန်နိုင်တဲ့ တောင်ပံဖွဲ့စည်းပုံတို့ကနေ နည်းပညာ ယူပြီး ပိုမိုပေါ့ပါးတဲ့၊ အရည်အသွေး ပိုမြင့်တဲ့ ဆိုလာပြားတွေ ထုတ်လုပ်ကြတယ်။ ဒါကြောင့် သုတေသနအဖွဲ့ဝင် ပါမောက္ခ ရစ်ချတ် ဖရန့်ကောစတန့်က အဲဒီလိပ်ပြာဖြူကို “နေစွမ်းအင် စုပ်ယူရာမှာ ကျွမ်းကျင်သူ” လို့ ခေါ်ဆိုတယ်။

ဘယ်လို ထင်ပါသလဲ။ လိပ်ပြာဖြူရဲ့ ဗွီပုံသဏ္ဌာန် အနေအထားဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ