ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၄ စာ. ၁၆
  • အလင်းရောင်ကို စုပ်ယူတဲ့ လိပ်ပြာတောင်ပံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလင်းရောင်ကို စုပ်ယူတဲ့ လိပ်ပြာတောင်ပံ
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • လိပ်ပြာတောင်ပံ
    နိုးလော့!—၂၀၁၄
  • အဖြူရောင်လိပ်ပြာတစ်မျိုးရဲ့ ဗွီပုံသဏ္ဌာန် အနေအထား
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သင်ခန်းစာ ၁
    ကလေးတို့အတွက် ကျမ်းစာသင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၈/၁၄ စာ. ၁၆
လိပ်ပြာလေးတစ်ကောင်

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

အလင်းရောင်ကို စုပ်ယူတဲ့ လိပ်ပြာတောင်ပံ

စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာတွေကို မှီခိုအားထား နေရတာကို လျှော့ချပြီး နေရောင်ခြည်မှတစ်ဆင့် စွမ်းအင်ထုတ်တဲ့နည်းစနစ်ကို မြှင့်တင်ပေးနိုင်ဖို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြတယ်။ “ဒီပြဿနာရဲ့အဖြေက ကျွန်တော်တို့ မျက်စိရှေ့မှာပဲ မျက်ဝါးထင်ထင် ရှိနေတယ်” လို့ သိပ္ပံပညာရှင်တစ်ဦး ပြောခဲ့တယ်။

ပျားလပို့ပုံ အကြေးခွံရှိတဲ့ လိပ်ပြာတောင်ပံ

လိပ်ပြာတောင်ပံပေါ်မှာရှိတဲ့ အကြေးခွံလေးတွေမှာ ပျားလပို့ပုံစံအပေါက်လေးတွေရှိ

စဉ်းစားကြည့်ပါ– နေရောင်အောက်မှာ လိပ်ပြာလေးတွေ သူတို့ရဲ့တောင်ပံတွေကို ဖြန့်ထားတာက ရာသီဥတုအေးလာတဲ့အခါ အနွေးဓာတ်ဆက်ရနေဖို့ ဖြစ်တယ်။ လိပ်ပြာမျိုးစိတ် (swallowtail) တချို့ရဲ့ တောင်ပံတွေက နေရောင်ခြည်ကို စုပ်ယူသိုလှောင်နိုင်စွမ်းရှိတယ်။ ဒီအင်းဆက်တွေရဲ့ လျှို့ဝှက်ချက်က သူတို့ရဲ့ နဂိုအနက်ရောင်သာမက တောင်ပံအပေါ်မှာရှိတဲ့ အလွန့်အလွန်သေးငယ်လှပြီး တစ်ခုနဲ့တစ်ခု ထပ်နေတဲ့ အကြေးခွံလေးတွေပါပဲ။ ပျားလပို့ပုံစံ အပေါက်လေးတွေ အတန်းလိုက်ရှိတဲ့ အကြေးခွံလေးတွေကို ကတော့ပုံစံရှိ အမြှောင်းလေးတွေနဲ့ ခွဲထားတယ်။ အဲဒီအပေါက်လေးတွေထဲကနေတစ်ဆင့် အလင်းရောင်ဝင်လာတဲ့အခါ အဲဒီအလင်းရောင်ကို စုပ်ယူလိုက်တာနဲ့ အတောင်ပံလေးတွေက မည်းသည်ထက်မည်းလာပြီး လိပ်ပြာတစ်ကိုယ်လုံးကို နွေးလာစေတယ်။

“လိပ်ပြာတောင်ပံတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက အင်မတန်နူးညံ့သိမ်မွေ့ပြီး လုံးဝ အကြမ်းမခံနိုင်ဘူး။ ဒါပေမဲ့ ရေနဲ့ နေရောင်ခြည်ကနေ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ လောင်စာကို နှစ်ဆတိုးထုတ်လုပ်နိုင်ဖို့ ပညာရှင်တွေက လိပ်ပြာလေးတွေဆီကနေ နည်းပညာ ယူနေရတယ်” ဆိုပြီး သတင်းစာတစ်စောင် (Science Daily) မှာ ဖော်ပြထားတယ်။ အဲဒီအပြင် ထပ်ပြီးထုတ်နိုင်တဲ့ကိရိယာတွေထဲမှာ အလင်းရောင်သုံးပစ္စည်းတွေနဲ့ အရည်အသွေးပိုမြင့်တဲ့ ဆိုလာပြားတွေ ပါဝင်တယ်။

သင်ဘယ်လိုထင်ပါသလဲ။ လိပ်ပြာတောင်ပံရဲ့ အလင်းရောင်စုပ်ယူနိုင်စွမ်းက သူ့အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြုဖန်ဆင်းထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ