ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၄ စာ. ၁၂-၁၃
  • ဝီလျံ ဝှစ်တန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝီလျံ ဝှစ်တန်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝှစ်တန်ရဲ့ ယုံကြည်ချက်များ
  • “နာမည်ကျော်ကြားတဲ့ ဆရာကြီးတစ်ဦးအဖြစ်ကနေ အပယ်ခံဘဝရောက်သွား”
  • ဝီလျံဝှစ်စတန်—တိတ္ထိလော၊ ရိုးဖြောင့်သောပညာရှင်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သင်မှတ်မိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မာတိကာ
    နိုးလော့!—၂၀၁၄
  • ဂျိုစီဖတ်စ် တကယ်ရေးခဲ့သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၈/၁၄ စာ. ၁၂-၁၃
ဝီလျံ ဝှစ်တန်

အတိတ်မှ ပုံရိပ်များ

ဝီလျံ ဝှစ်တန်

ဝီလျံ ဝှစ်တန်ဟာ သိပ္ပံပညာရှင်၊ သင်္ချာပညာရှင်၊ ခရစ်ယာန် တရားဟောဆရာဖြစ်ပြီး စာရေးဆရာတစ်ယောက်လည်း ဖြစ်တယ်။ သူဟာ ရူပဗေဒနဲ့ သင်္ချာပညာရှင် ဆာအိုင်ဇက် နယူတန်ရဲ့ လုပ်ဖော် ကိုင်ဖက် တစ်ယောက်လည်း ဖြစ်တယ်။ ၁၇၀၂ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ကိမ်းဗရစ်တက္ကသိုလ်ရဲ့ လူကေးရှန်ဘွဲ့ရ သင်္ချာပါမောက္ခ နယူတန်ရဲ့ ရာထူးကို ဝှစ်တန်က ဆက်ခံခဲ့တယ်။ ဒီရာထူးကို သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ဉာဏ်ထက်မြက်သူတွေပဲ ရရှိကြတယ်။

ပထမရာစုက ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်ရဲ့ စာအုပ်တွေကို ဝှစ်တန်က အင်္ဂလိပ်လို ဘာသာပြန်ခဲ့တဲ့အတွက် ကျမ်းစာကျောင်းသားတွေက သူ့အကြောင်း ကောင်းကောင်းသိကြတယ်။ ဂျိုစီဖတ်စ်ရဲ့ စာအုပ်တွေမှာ ဂျူးသမိုင်းနဲ့ ပထမရာစုက ခရစ်ယာန်တွေအကြောင်း အများကြီး ဖော်ပြထားတယ်။

ဝှစ်တန်ရဲ့ ယုံကြည်ချက်များ

ဝှစ်တန်က အင်မတန်ဉာဏ်ကောင်းပြီး အထူးသဖြင့် သိပ္ပံပညာနဲ့ ဘာသာရေး အပါအဝင် အကြောင်းအရာ အတော်များများကို လေ့လာခဲ့တယ်။ သမ္မာကျမ်းစာမှာပါတဲ့ ဖန်ဆင်းခြင်းမှတ်တမ်းက တိကျမှန်ကန်တယ်လို့ သူ ယုံကြည်တယ်၊ သဘာဝတရားမှာ ထင်ရှားတဲ့ဒီဇိုင်းပုံစံ၊ တင့်တယ်ပြေပြစ်မှု၊ စည်းစနစ်ကျနမှုတွေက ဗိသုကာပညာရှင်တစ်ယောက်ရဲ့ လက်ရာဖြစ်ရမယ်လို့ သူ ယုံကြည်တယ်။

တရားဟောဆရာတွေက ကျမ်းစာအတိုင်း တိတိကျကျမဟောဘဲ ခရစ်ယာန်ဂိုဏ်းဂဏအသီးသီးရဲ့ ယုံကြည်ချက်တွေနဲ့ ဓလေ့ထုံးစံကိုရောပြွမ်းပြီး ဟောပြောကြလို့ အမည်ခံခရစ်ယာန်တွေရဲ့ ဂိုဏ်းဂဏတွေ ကွဲပြားနေရတာလို့ ဝှစ်တန် ယူဆတယ်။

သမ္မာကျမ်းစာက ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားတွေပါတဲ့ စာအုပ်လို့ သူ လက်ခံထားတဲ့အတွက် မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲခံရတယ်ဆိုတဲ့ အယူအဆကို သူ ငြင်းပယ်ခဲ့တယ်။ မီးငရဲအယူအဆဟာ လုံးဝ ယုတ္တိမရှိ၊ ရက်စက်တဲ့အယူ၊ ဘုရားသခင်ကို စော်ကားတဲ့ အယူအဆအဖြစ် ရှုမြင်ခဲ့တယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကိုလည်း လက်မခံနိုင်လို့ ချာ့ချ်အာဏာပိုင်တွေနဲ့ အတိုက်အခံဖြစ်ခဲ့ရတယ်။ သုံးပါးပေါင်းတစ်ဆူအယူဆိုတာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့ဟာ တန်းတူညီမျှ၊ ထာဝရဖြစ်တယ်၊ သုံးပါးစလုံးက ဘုရားတွေဖြစ်ကြပေမဲ့ တစ်ပါးတည်းဖြစ်တယ်လို့ ယူဆကြတယ်။

“နာမည်ကျော်ကြားတဲ့ ဆရာကြီးတစ်ဦးအဖြစ်ကနေ အပယ်ခံဘဝရောက်သွား”

ဝှစ်တန်က သေသေချာချာ လေ့လာသုတေသနလုပ်တဲ့အခါ ပထမရာစုခရစ်ယာန်တွေက သုံးပါးပေါင်းတစ်ဆူအယူအဆကို လုံးဝ မသွန်သင်ခဲ့ကြဘူးဆိုတာ သိလာတယ်။ ဒါပေမဲ့ မှားယွင်းတဲ့အယူအဆတွေ စစ်မှန်တဲ့ခရစ်ယာန်ဘာသာတရားထဲ စိမ့်ဝင်လာချိန်ကျမှ သုံးပါးပေါင်းတစ်ဆူအယူအဆကို အများစုက လက်ခံလာကြတယ်။a ဝှစ်တန်ရဲ့ မိတ်ဆွေတွေက သူ့ရဲ့ လေ့လာတွေ့ရှိချက်တွေကို ရေးသားထုတ်ဝေတာ မလုပ်ဖို့ သူ့ကို သတိပေးခဲ့ကြတယ်။ ဒါပေမဲ့ ယေရှုခရစ်က ဖန်ဆင်းခံရပြီး ဘုရားသခင့်ရဲ့သားတော်ဖြစ်တယ်ဆိုတာကို ဝှစ်တန် သိလာတော့ အဲဒီအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တယ်။

အဲဒီခေတ်တုန်းက အင်္ဂလီကန်အယူဝါဒနဲ့ မတူတဲ့ အယူအဆတွေကို သွန်သင်သူ ဘယ်သူ့ကိုမဆို ကိမ်းဗရစ်တက္ကသိုလ်ကနေ အလုပ်ဖြုတ်ပစ်တယ်။ အဲဒါကို သူ မစိုးရိမ်ဘဲ သူ့ရဲ့ခံယူချက်ကို ထုတ်ဖော်ပြောခဲ့တယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒဟာ မှားတယ်ဆိုတာ နယူတန်သိပေမဲ့ ဝှစ်တန်လို မဖော်ထုတ်ခဲ့ဘူး။ “ဘယ်လောကီ ရည်ရွယ်ချက်ကမှ . . . ငါ့ကို တားဆီးလို့ ရမှာ မဟုတ်ဘူး” ဆိုပြီး ဝှစ်တန် ရေးသားခဲ့တယ်။

ဝှစ်တန်က သူ့ရဲ့ယုံကြည်ချက်ကို မစွန့်လွှတ်တဲ့အတွက် “နာမည်ကျော်ကြားတဲ့ ဆရာကြီးတစ်ဦးအဖြစ်ကနေ အပယ်ခံဘဝရောက်သွား”

၁၇၁၀ ခုနှစ်မှာ ကိမ်းဗရစ်တက္ကသိုလ်က ဝှစ်တန်ကို အလုပ်ဖြုတ်ပစ်လိုက် တယ်။ သူ့ရဲ့ယုံကြည်ချက်ကို မစွန့်လွှတ်တဲ့အတွက် “နာမည်ကျော်ကြားတဲ့ ဆရာကြီးတစ်ဦးအဖြစ်ကနေ အပယ်ခံဘဝရောက်သွားတယ်။” အလုပ်ပြုတ်သွားတာတောင်မှ သူ မတုန်လှုပ်ပါဘူး။ အယူဖောက်ပြန်သူလို့ စွပ်စွဲခံနေရချိန်မှာတောင် ရှေးဦးခရစ်ယာန်သာသနာ ပြန်လည်ရှင်သန်ခြင်း လို့ ခေါ်တဲ့ ဆောင်းပါးတွဲတွေကို ရေးခဲ့သေးတယ်။ “ရှေးဦးခရစ်ယာန်” ဆိုတာက ယေရှုရဲ့ ကနဦး နောက်လိုက်တွေ ကျင့်သုံးခဲ့တဲ့ ခရစ်ယာန်ဘာသာတရားကို ဆိုလိုတယ်။ နောက်ပိုင်းမှာ ဝှစ်တန်က ရှေးဦးခရစ်ယာန်သာသနာ ပြန်လည်ရှင်သန်လာရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လန်ဒန်မြို့မှာရှိတဲ့ သူ့ရဲ့အိမ်မှာ အစည်းအဝေးလုပ်ခဲ့ကြတယ်။

ပါမောက္ခရာထူးပြုတ်သွားလို့ ဝင်ငွေမရှိတော့တဲ့အချိန်မှာတောင် ဝှစ်တန်က စာစောင်တွေဆက်ရေးပြီး လန်ဒန်မြို့ရှိ ကော်ဖီဆိုင်တွေမှာ ဟောပြောချက်တွေပေးခဲ့တယ်။ ခရစ်ယာန်ဘာသာဖြစ်ပေါ်လာခဲ့ပုံ သမိုင်းကြောင်းကို လူတွေသိနိုင်ဖို့ ၁၇၃၇ ခုနှစ်မှာ သူ ဘာသာပြန်ထားတဲ့ ဂျိုစီဖတ်စ်ရဲ့ စာအုပ်တွေကို ထုတ်ဝေခဲ့တယ်။ အခုထိ အဲဒီစာအုပ် ရှိနေသေးတယ်။

သတ္တိရှိရှိ ဝှစ်တန် ရပ်တည်ခဲ့တာကို လူကြိုက်မများဘူး။ တချို့က သူ့ကို “အူကြောင်ကြောင်နိုင်တဲ့သူ” ဆိုပြီးတော့ ယူမှတ်ကြတယ်လို့ စာရေးဆရာ ဂျိမ်း အီး ဖို့စ်က ပြောတယ်။ သူ့ကို ကျမ်းပညာရှင်၊ စစ်မှန်တဲ့ဘာသာကို စိတ်ရင်းမှန်နဲ့ ရှာဖွေသူ၊ ယုံကြည်ချက်အတိုင်း အသက်ရှင်ခဲ့သူအဖြစ် တချို့ကတော့ လေးစားသဘောကျကြတယ်။

a ဘုရားသခင်ရဲ့ သဘောသဘာဝနဲ့ပတ်သက်ပြီး ကျမ်းစာ ဖော်ပြချက်က ရှင်းလင်းပြတ်သားပါတယ်။ ဒီအကြောင်းပိုသိချင်တယ်ဆိုရင် www.pr2711.com/mya မှာကြည့်ပါ။ ဒီခေါင်းစဉ်အောက်မှာ ကြည့်ပါ– သမ္မာကျမ်းစာသွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ။

အချက်အလက်အကျဉ်း

  • ဝီလျံ ဝှစ်တန် (၁၆၆၇-၁၇၅၂) ဟာ ဆာအိုင်ဇက် နယူတန်ရဲ့ အသိအကျွမ်းတစ်ယောက်ဖြစ်တယ်။ ဝှစ်တန်နဲ့ နယူတန်ဟာ ဘာသာရေးယုံကြည်ချက် အတော်များများ တူကြတယ်။

  • နယူတန်က ဝှစ်တန်ရဲ့ လုပ်ငန်းကို အချိန်အတော်ကြာ ထောက်ပံ့ကူညီပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နယူတန်က သူ့ကို အပေါင်းအသင်း မလုပ်တော့ဘူး။

  • ဝှစ်တန်ကို အယူဖောက်ပြန်သူလို့ စွပ်စွဲခဲ့ကြပေမဲ့ သူ့ကို တစ်ခါမှ စီရင်ချက်မချခဲ့ကြဘူး။

  • “ဝှစ်တန်ရဲ့ ထူးခြားတဲ့ အရည်အသွေးတစ်ခုက လိမ်ညာမှုကင်းမဲ့ပြီး ရိုးသားဖြူစင်တာ ဖြစ်တယ်။”—English Versions of the Bible.

ရေလိုက်ငါးလိုက် မလုပ်တတ်တဲ့ ယုံကြည်ချက်ပြင်းထန်သူ

ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်ရဲ့ စာအုပ်တွေကို ဝှစ်တန်က အင်္ဂလိပ်လို ဘာသာပြန်

“ဝှစ်တန်ရဲ့ အလုပ်ဖော်တွေက သူ့ကို ခံယူချက်အတွက် အလုပ်ကိုတောင် မနှမြောဘဲစွန့်လွှတ်ဝံ့သူလို့ မြင်ကြတယ်။ ဝှစ်တန်ကတော့ သူ့ရဲ့အလုပ်ဖော်တွေဟာ ကိုယ့် တိုးတက်ရေးအတွက် ခံယူချက်အားလုံးကို စွန့်နိုင်တဲ့သူတွေလို့ မြင်တယ်။” —ရိုးသားတဲ့ နယူတန်ရဲ့နောက်လိုက် ဝီလျံ ဝှစ်တန်။

“ဝှစ်တန်က သူ့ရဲ့ဉာဏ်စွမ်းကို အသုံးပြုပြီး ဘာသာတရားကို ဆန်းစစ်လေ့လာခဲ့တယ်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ငြင်းပယ်ပြီး ရှေးဦးခရစ်ယာန်ဘာသာတရားကို သူ လက်ခံထားတာက စာပေတွေကို နှံ့နှံ့စပ်စပ်လေ့လာပြီး စဉ်းစား တွေးတောတာကြောင့် ဖြစ်တယ်။” —ပါမောက္ခ ရောဘတ် ဘရူယန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ