ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၄/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝီလျံဝှစ်စတန်—တိတ္ထိလော၊ ရိုးဖြောင့်သောပညာရှင်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဝီလျံ ဝှစ်တန်
    နိုးလော့!—၂၀၁၄
  • အသီး—အကောင်းနှင့်အညံ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ချီဆောင်ခံရခြင်း—ဘုရားသခင်ဖွင့်ပြသောတရားသေအယူဝါဒလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၄/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာမီကထုတ်ဝေသော ကင်းမျှော်စင် စာစောင်များဖတ်ရှုခြင်းကိုနှစ်ခြိုက်ခဲ့ပြီလော။ ပြီးပါက အောက်ပါတို့ကိုပြန်လည်စဉ်းစားခြင်းက သင့်အားစိတ်ဝင်စားမှုတွေ့စေပေမည်–

▫ ဣသရေလသူလျှိုများသည် ပြည့်တန်ဆာရာခပ်အိမ်၌ တည်းခိုရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။

ထိုဣသရေလသူလျှိုများသည် ဘုရားသခင့်ပညတ်တရားနှင့်အညီ နေထိုင်သူများဖြစ်ကြရာ ရာခပ်အိမ်၌ အကျင့်ပျက်လို၍ တည်းခိုခဲ့ခြင်းမဟုတ်ပါ။ ပြည့်တန်ဆာအိမ်တွင် သူတို့ရှိနေခြင်းက ဤမြို့တွင် သူတို့အား မယုံသင်္ကာဖြစ်ဖို့အကြောင်းနည်းမည်ဟု သူတို့တွေးတောခဲ့ပေမည်။ သူမအိမ်သည် မြို့ရိုးပေါ် ရှိနေခြင်းက ထွက်ပြေးရန်လည်း လွယ်ကူစေမည်ဖြစ်သည်။ ထိုထက်ကား ဣသရေလလူမျိုးများနှင့် ဘုရားသခင်ဆက်ဆံခဲ့သည့် သတင်းများကြောင့် ဤမျှစိတ်ထိခိုက်ပြီး နောင်တယူ ပြောင်းလဲခဲ့သော အပြစ်သားတစ်ဦးထံ သူတို့အား ယေဟောဝါ စေလွှတ်တော်မူခဲ့ခြင်းသာဖြစ်ကြောင်း ထင်ရှားပါသည်။—၁၂/၁၅၊ စာမျက်နှာ ၂၄-၅။

▫ ကင်းမျှော်စင်နှင့်နိုးလော့!မဂ္ဂဇင်း ပိုများများ ဝေငှနိုင်ရန် အဘယ်အကြံပေးချက်များက ကျွန်ုပ်တို့အားအထောက်အကူပြုမည်နည်း။

ကင်းမျှော်စင် နှင့် နိုးလော့! တို့ကိုအာရုံစိုက်ပါ; ရိုးရိုးကလေးတင်ပြပေးပါ; တိုတိုတုတ်တုတ်တင်ပြချက်အချို့ကို ပြင်ဆင်ထားခြင်းဖြင့် ပြောင်းသာလွှဲသာရှိစေပါ; ကိုယ်ပိုင်ပန်းတိုင်ထားပါ။—၁/၁၊ စာမျက်နှာ ၂၄-၅

▫ မောရှေသည် ကျွန်ုပ်တို့အတုယူသင့်သော သီအိုကရက်တစ်ပုံသက်သေကောင်း အဘယ်ကြောင့် ဖြစ်သနည်း။

ကိစ္စရပ်များတွင် ယေဟောဝါ၏လမ်းပြညွှန်ကြားမှုကို မောရှေ အမြဲတောင်းခံခဲ့ပါသည်။ ကိုယ်တိုင်ကျော်ကြားထင်ရှားရန်အတွက် သူ၌စိတ်မရှိဘဲ ယေဟောဝါ၏ဘုန်းတော်ထင်ရှားရေးအတွက် စိုးရိမ်မကင်းဖြစ်ခဲ့သည်။ ယုံကြည်ခြင်းခိုင်မြဲသူဖြစ်၍ ဣသရေလလူမျိုး၏ ဘုရင်သည် အမှန်မှာ ယေဟောဝါဖြစ်တော်မူကြောင်းကို သူတစ်ခါမျှ မမေ့ပါ။—၁/၁၅၊ စာမျက်နှာ ၁၁။

▫ မြင့်မြတ်သောသွန်သင်ခြင်း အောင်ပွဲခံသည့်နည်းအချို့ကား အဘယ်နည်း။

ယေဟောဝါ၏လူများအား သမ္မာတရားဆိုင်ရာတိုးတက်သောသိနားလည်မှုကို ဝေမျှပေးခြင်းအားဖြင့် မြင့်မြတ်သောသွန်သင်ခြင်းအောင်ပွဲခံသည်။ လူများကို ဝိညာဏအလင်းထဲသို့ ခေါ်သွင်းပြီး ဘုရားသခင်အား ‘စိတ်နှင့်သမ္မာတရားဖြင့်’ မည်သို့ကိုးကွယ်ရမည်ကို နူးညံ့သိမ်မွေ့သူများအားပြသသည်။ (ယောဟန် ၄:၂၄၊ ကဘ) မြင့်မြတ်သောသွန်သင်ခြင်းက စုံစမ်းမှုများနှင့် ဆိုးသွမ်းသောလောကအပေါ်လည်း အောင်ပွဲခံသည်။—၂/၁၊ စာမျက်နှာ ၁၀-၁၂။

▫ အောင်မြင်သောသွန်သင်ခြင်း၏သော့ချက်ကား အဘယ်နည်း။

သော့ချက်ကား တစ်ဖက်သားနှင့် ဂုဏ်သိက္ခာရှိရှိ၊ ဂရုတစိုက်ဆက်ဆံခံရမည့် သူ၏ရပိုင်ခွင့်ကို တော်လျော်စွာလေးစားခြင်းဖြစ်သည်။ သို့ဖြစ်၍ ခရစ်ယာန်သွန်သင်ပေးသူတစ်ဦးသည် ကြင်နာမှုနှင့် တည်ကြည်ခိုင်မာမှုရှိသင့်သော်လည်း လက်ခံသူအား ဂုဏ်သိက္ခာအဝတ်ဖြင့် ဖုံးအုပ်ပေးသည်။—၂/၁၊ စာမျက်နှာ ၂၈။

▫ ရိုမင်ကက်သလစ်ချာ့ချ်သည် မာရိကောင်းကင်သို့ချီဆောင်ခံရခြင်းကို အယူဝါဒအဖြစ် အဘယ်ကြောင့်လက်ခံလာသနည်း။

ယေရှုသေဆုံးပြီးနောက် ပထမရာစုတွင် မာရိကောင်းကင်သို့ချီဆောင်ခံရခြင်းကို ခရစ်ယာန်များလုံးဝမသိကျွမ်းခဲ့ပါ။ သို့သော်၊ သုံးပါးတစ်ဆူဘုရားအယူဝါဒသည် ချာ့ချ်၏တရားဝင်အယူဝါဒဖြစ်လာပြီးနောက်ပိုင်းတွင် မာရိအား ပို၍ပို၍အရေးပါသော အခန်းကဏ္ဍကို ပေးအပ်လာကြသည်။ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ကျမှသာ တရားသေဝါဒအဖြစ် လက်ခံခဲ့ကြသည်။ ထိုအချိန်တွင် ပုပ်ပိုင်းယပ်စ် ၁၂ က ဤသို့ကြေညာသည်– “ဘုရားသခင်ဖွင့်ပြတော်မူသော တရားသေဝါဒအဖြစ် ၎င်းကို ကျွန်ုပ်တို့အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။”—မူနီဖီကဲန်တစ်စ်အီမုစ်ဒေအုစ်။—၂/၁၅၊ စာမျက်နှာ ၂၆-၇။

▫ ယေရမိ အခန်းကြီး ၂၄ တွင် သင်္ဘောသဖန်းသီးတောင်းနှစ်လုံးပါ ကောင်းသော သင်္ဘောသဖန်းသီးနှင့် ညံ့သောသင်္ဘောသဖန်းသီးများကား အဘယ်အရာကို တင်စားသနည်း။

ကောင်းသောသင်္ဘောသဖန်းသီးများသည် အစအဦးတွင် ဗာဗုလုန်သို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခံရပြီး ထိုနိုင်ငံမှ ယုဒပြည်သို့ ပြန်ခွင့်ရသည့် အကြွင်းအကျန်ကို ပုံဆောင်ပါသည်။ ညံ့သောသင်္ဘောသဖန်းသီးများမူကား ယေဟောဝါ၏နာမတော်ကိုအမှီပြုကာ ဘုရင်နေဗုခဒ်နေဇာကို သစ္စာပြုကျိန်ဆိုပြီးနောက်မှ ပုန်ကန်သော ဇေဒကိနှင့်သူ၏ဘက်သားများကိုဆိုလိုသည်။ နှိုင်းယှဉ်ချက်အနေနှင့် မျက်မှောက်အချိန်တွင် သူတို့၏အသက်တာ၌ ကောင်းသောအသီးများကို ဖြစ်ထွန်းနေကြသော ဝိညာဏဣသရေလအကြွင်းအကျန်နှင့် ယင်းနှင့်ဆန့်ကျင်ဘက် ပုပ်ပျက်သောအသီးများကို သီးပွင့်နေကြသော ခရစ်ယာန်ဘောင်ဓမ္မဆရာများကို ကျွန်ုပ်တို့တွေ့ရှိကြသည်။—၃/၁၊ စာမျက်နှာ ၁၄-၁၆။

▫ ကွာတိုဒက်စမန်စ်များကား မည်သူတို့နည်း။ ဤသူများကို ယနေ့ ခရစ်ယာန်များ အဘယ်ကြောင့် စိတ်ဝင်စားရသနည်း။

တမန်တော်များခေတ်ပြီးနောက် သခင့်ညစာစားပွဲကို နိသန် ၁၄ ရက်နေ့တွင် တမန်တော်များချမှတ်သည့်ပုံစံအတိုင်း နှစ်စဉ်ကျင်းပသူအချို့ရှိပါသည်။ သူတို့ကို “ဆယ့်လေးရက်သမားများ” သို့မဟုတ် ကွာတိုဒက်စမန်စ်ဟုခေါ်လာကြသည်။ တမန်တော်များ ကွယ်လွန်ပြီးနောက်ပင်လျှင် ကိုယ်တော့်သေခြင်းသတိရအောက်မေ့ပွဲကို ကိုယ်တော်ချမှတ်ခဲ့သည့်နေ့စွဲ၊ နိသန် ၁၄ ရက်တွင် တစ်နှစ်တစ်ကြိမ်ကျင်းပကြသူအချို့ ရှိခဲ့ကြောင်းသိရခြင်းက ယနေ့စိတ်ဝင်စားစရာဖြစ်သည်။—၃/၁၅၊ စာမျက်နှာ ၄-၅။

▫ ဝီလျံဝှစ်စတန်ဆိုသူကား မည်သူနည်း။

သူသည် ထူးချွန်ပြောင်မြောက်သော ၁၈ ရာစုက ပညာရှင်တစ်ဦးဖြစ်သည်။ ဆာအိုက်ဇက်နယူတန်၏ အသိအကျွမ်းတစ်ဦးလည်းဖြစ်သည်။ ဝှစ်စတန်သည် ခရစ်ယာန်ဂရိကျမ်းစာများကို ဘာသာပြန်ခဲ့ပါသည်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ပွင့်ပွင့်လင်းလင်းငြင်းပယ်ခဲ့ပြီး နက္ခတ္တနှင့်သင်္ချာပညာရပ်များဆိုင်ရာ ကထိကဖြစ်သည်။ သို့သော် ဂျူးသမိုင်းဆရာ ဖလေးဗီးယပ်ဂျိုစီဖတ်စ်၏ရေးသားချက်များကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုထုတ်ဝေသော သူ၏စာပေများအတွက်ကြောင့် ဝှစ်စတန်အား လူအများမှတ်မိကြပေမည်။—၃/၁၅ စာမျက်နှာ ၂၆-၈။

▫ ဒေါသအမျက်သည် အကျွန်ုပ်တို့၏ ကျန်းမာရေးကို မည်သို့ထိခိုက်သနည်း။

ဒေါသအမျက်သည် ဖိစီးမှုဟော်မုန်း ပိုများများထုတ်လွှတ်တတ်ကြောင်း သုတေသနပြုချက်များက တင်ပြပါသည်။ မကြာခဏ ဒေါသထွက်တတ်သည့်အတွက် အကာအကွယ်ပေးသည့် ကိုလက်စထရောနှင့် အန္တရာယ်ပြုသည့် ကိုလက်စထရော မမျှတမှုဖြစ်ပေါ်လာရာ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်စရာအကြောင်း ပိုများစေသည်။—၃/၁၅၊ စာမျက်နှာ ၃၂။

▫ လူကို ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ မည်သို့ပြုလုပ်ထားသနည်း။ (ကမ္ဘာဦး ၁:၂၇)

ဘုရားသခင်၏ ထူးခြားထင်ရှားသောအရည်အချင်းများဖြစ်သော ချစ်ခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့် တန်ခိုး—အပြင် အခြားအရည်အချင်းများနှင့် ပြုလုပ်ထားသည်။ ၄/၁ စာမျက်နှာ ၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ