ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၄ စာ. ၃
  • အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျင့်စရိုက်သည် သင့်ကိုကောင်းကျိုးပြုပါစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နိဒါန်း
    နိုးလော့!—၂၀၁၆
  • ၁ လက်တွေ့ကျကျလုပ်ပါ
    နိုးလော့!—၂၀၁၆
  • သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၄ စာ. ၃
အမျိုးသမီးတစ်ယောက် ​တီဗီကြည့်ပြီး အာဟာရမဖြစ်တဲ့ သရေစာတွေ စားနေ

မျက်နှာဖုံးအကြောင်းအရာ

အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ

  • နှိုးစက်နာရီ

    အော်စတန် အိပ်လို့ကောင်းနေတုန်း နှိုးစက်မြည်လာတယ်။ ချက်ချင်းထ၊ ညကတည်းက အသင့်ပြင်ထားတဲ့ အားကစားဝတ်စုံလဲပြီး မနက်စောစော ထပြေးတယ်။ မနှစ်ကစပြီး တစ်ပတ်မှာသုံးရက် ပြေးလာခဲ့တာ။

  • သကြားလုံးအိတ်

    လော်ရီ သူ့ယောက်ျားနဲ့ စကားများထားလို့ ဒေါသထွက်နေတယ်။ ဒါနဲ့ စိတ်ပျက်ပျက်နဲ့ မီးဖိုချောင်ထဲကိုဝင်၊ ချောကလက်သကြားလုံးအိတ်ကိုယူပြီး အားလုံးစားပစ်လိုက်တယ်။ လော်ရီ စိတ်ဆိုးတိုင်း အဲဒီလိုအမြဲလုပ်တယ်။

အော်စတန်နဲ့လော်ရီမှာ ဘာတူညီချက်ရှိသလဲ။ သူတို့သတိထားမိတာဖြစ်ဖြစ် မထားမိတာဖြစ်ဖြစ်၊ နှစ်ယောက်စလုံးဟာ အကျင့်ပါနေတဲ့ လုပ်ရပ်ကို လုပ်မိနေကြတယ်။

သင်ကော။ ကျန်းမာရေး လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ချစ်ခင်ရသူတွေနဲ့ ပိုရင်းနှီးအောင်လုပ်တာ စတဲ့ ကောင်းတဲ့အလေ့အကျင့်တွေရှိအောင် လုပ်ဖို့လိုနေသလား။

စီးကရက်သောက်တာ၊ အာဟာရမဖြစ်တဲ့အစာတွေကို အလွန်အကျွံစားတာ၊ အင်တာနက်သုံးပြီး အချိန်ဖြုန်းတာစတဲ့ အကျင့်ဆိုးတွေကိုတော့ ဖျောက်ပစ်ချင်နေတာ ဖြစ်နိုင်တယ်။

အကျင့်ဆိုးတွေကို ဖျောက်ပစ်ဖို့ မလွယ်ကူဘူးဆိုတာ လက်ခံပါတယ်။ အကြောင်းကတော့၊ အကျင့်ဆိုးဆိုတာ အရမ်းအေးနေတဲ့အချိန်မှာ နွေးတဲ့အိပ်ရာပေါ် အိပ်ရတာနဲ့တူတယ်။ အိပ်ရာထဲဝင်ဖို့ လွယ်ပေမဲ့ ပြန်ထဖို့တော့ ခက်လို့ပဲ။

ဒါဆို၊ အကျင့်ဆိုးတွေကို ထိန်းချုပ်ပြီး အကျင့်ကောင်းတွေရှိလာအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ။ သမ္မာကျမ်းစာမှာပါတဲ့ အကြံပြုချက်သုံးခုကို သုံးသပ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ