ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၄ စာ. ၄
  • ၁ လက်တွေ့ကျကျလုပ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၁ လက်တွေ့ကျကျလုပ်ပါ
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကျင့်စရိုက်သည် သင့်ကိုကောင်းကျိုးပြုပါစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နိဒါန်း
    နိုးလော့!—၂၀၁၆
  • ၂ အကျိုးပြုတဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ
    နိုးလော့!—၂၀၁၆
  • မိဘတို့—သင်တို့၏ရင်သွေးများ၌ အသုံးဝင်သောအကျင့်ဓလေ့များကို သွတ်သွင်းပေးလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၄ စာ. ၄
အမျိုးသမီးတစ်ယောက် စာရင်းလုပ်နေ

မျက်နှာဖုံးအကြောင်းအရာ | အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ

၁ လက်တွေ့ကျကျလုပ်ပါ

ဘဝမှာ တစ်ခါတည်းနဲ့ အားလုံးကို ချက်ချင်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ‘ဒီအပတ်ကစပြီး ငါ ဆေးလိပ်မသောက်တော့ဘူး၊ မဆဲဆိုတော့ဘူး၊ ညဉ့်နက်တဲ့အထိမနေတော့ဘူး။ အားကစားလေ့ကျင့်ခန်းလုပ်မယ်၊ အာဟာရရှိအောင်စားမယ်၊ အဘိုးအဘွားတွေနဲ့ ဖုန်းပြောမယ်လို့’ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ဖြစ်ချင်တာအားလုံး တစ်ချိန်တည်းနဲ့ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။

ကျမ်းစာအကြံပြုချက်– ‘စိတ်နှိမ့်ချတဲ့သူတွေမှာ ပညာရှိတယ်။’—သုတ္တံ ၁၁:၂။

နှိမ့်ချတဲ့သူဟာ လက်တွေ့ကျကျ လုပ်တတ်တယ်။ အချိန်၊ ခွန်အားနဲ့ လုပ်ဆောင်နိုင်စွမ်းတွေက အကန့်အသတ်ရှိမှန်း သူအသိအမှတ်ပြုတယ်။ ဒါကြောင့် တစ်ခါတည်းနဲ့ အားလုံးကို ပြောင်းလဲဖို့ ကြိုးစားမယ့်အစား တဖြည်းဖြည်းချင်း တိုးတက်လာအောင် ကြိုးစားတယ်။

ဖြစ်ချင်တာအားလုံး တစ်ချိန်တည်းနဲ့ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်

လုပ်ဆောင်နိုင်ရာ

တစ်ကြိမ်မှာ အကျင့်တစ်ခု၊ နှစ်ခုလောက် လုပ်ကြည့်ပါ။ အောက်မှာဖော်ပြထားတဲ့ အဆင့်တွေက ကူညီပေးပါလိမ့်မယ်–

  1. ၁။ သင် ကြိုးစားမွေးမြူချင်တဲ့ အကျင့်ကောင်းတွေနဲ့ ဖျောက်ပစ်ချင်တဲ့ အကျင့်ဆိုးတွေကို ချရေးဖို့ ‘စာရင်း’ နှစ်ခုထားပါ။ သင်စဉ်းစားမိတာအားလုံးကို စာရင်းမှာ ရေးပါ။ ချန်မထားပါနဲ့။

  2. ၂။ သင်ဦးစားပေးလုပ်ချင်တဲ့အရာကို ထိပ်ကနေစီပြီး ရေးချပါ။

  3. ၃။ စာရင်းနှစ်ခုစလုံးကနေ သင် ဦးစားပေးလုပ်ချင်တဲ့ အကျင့်တစ်ခု၊ နှစ်ခုကိုရွေးပြီး ကြိုးစားလုပ်ဆောင်ပါ။ ပြီးမှ နောက်ထပ် အကျင့်တစ်ခု၊ နှစ်ခုကို ဆက်လုပ်ဆောင်ပါ။

အကျင့်ဆိုးတစ်ခုနေရာမှာ အကျင့်ကောင်းတစ်ခုကို အစားထိုးလုပ်ဆောင်ခြင်းအားဖြင့် တိုးတက်အောင်လုပ်ပါ။ ဥပမာ၊ သင်က တီဗီအလွန်အကျွံကြည့်တာကို အကျင့်ဆိုးစာရင်းမှာ ထည့်ထားပြီး ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်ပြောဆိုတာကို အကျင့်ကောင်းစာရင်းမှာ ထည့်ထားတယ်။ ‘နေ့တိုင်း အလုပ်ကနေ ပြန်လာတာနဲ့ ချက်ချင်းတီဗီဖွင့်မယ့်အစား မိသားစုတွေ ဒါမှမဟုတ် ဆွေမျိုးတွေကို ဆက်သွယ်ပြောဆိုမယ်’ လို့ ဆုံးဖြတ်နိုင်တယ်။

သက်ဆိုင်တဲ့ ကျမ်းစာအကြံပြုချက်များ

‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိမြင်ပါ။’—ဖိလိပ္ပိ ၁:၁၀။

‘ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်။’—ဒေသနာ ၇:၈၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ