ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၄ စာ. ၅
  • ၂ အကျိုးပြုတဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ အကျိုးပြုတဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁ လက်တွေ့ကျကျလုပ်ပါ
    နိုးလော့!—၂၀၁၆
  • အကျင့်စရိုက်သည် သင့်ကိုကောင်းကျိုးပြုပါစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • နိဒါန်း
    နိုးလော့!—၂၀၁၆
  • နိဒါန်း
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၄ စာ. ၅
အားကစားဝတ်စုံ၊ ဖိနပ်၊ ရေဗူး၊ အိတ်ဆောင်အီလက်ထရွန်းနစ် ကိရိယာတွေကို ညကတည်းက အသင့်ပြင်ဆင်ထား

မျက်နှာဖုံးအကြောင်းအရာ | အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နိုင်ပုံ

၂ အကျိုးပြုတဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးပါ

  • အာဟာရရှိတဲ့အစာစားဖို့ သင် ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ရေခဲမုန့်ဘူးက သင့်ကို အကြီးအကျယ် ဆွဲဆောင်နေတယ်။

  • ဆေးလိပ်မသောက်ဖို့ သင် ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ သူငယ်ချင်းက သင်ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေမှန်းသိရက်နဲ့ စီးကရက် လှမ်းပေးတယ်။

  • ဒီနေ့ အားကစားလုပ်ဖို့ သင် စီစဉ်ထားတယ်။ ဒါပေမဲ့ အားကစားဖိနပ်ကို ဗီရိုထဲကနေ မနည်းရှာရမယ့်ပုံ ဖြစ်နေတယ်။

ဒီအခြေအနေတွေမှာ ဘယ်အချက်ကို သတိထားမိသလဲ။ အကျင့်ကောင်းတွေ မွေးမြူပြီး အကျင့်ဆိုးတွေဖြတ်ပစ်ရာမှာ ကိုယ့်ဝန်းကျင် (နေရာနဲ့ အပေါင်းအသင်း) က သက်ရောက်မှုရှိတယ်ဆိုတာ ဖော်ပြနေတယ်။

ကျမ်းစာအကြံပြုချက်– “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။”—သုတ္တံ ၂၂:၃။

ကြိုတင်စဉ်းစားထားဖို့ ကျမ်းစာက အကြံပြုတယ်။ အဲဒါက ပန်းတိုင်မရောက်အောင် တားဆီးတဲ့ အခြေအနေတွေကို သတိထား ရှောင်နိုင်ပြီး ပန်းတိုင်ရောက်အောင် ထောက်ကူတဲ့ အခြေအနေတွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ (၂ တိမောသေ ၂:၂၂) တိုတိုပြောရရင် အကျိုးပြုတဲ့ ဝန်းကျင်ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။

မကောင်းတဲ့အရာကို လုပ်ရခက်အောင် ပြုလုပ်ထားပြီး ကောင်းတဲ့အရာကို လုပ်ရလွယ်အောင် ပြုလုပ်ထားပါ

လုပ်ဆောင်နိုင်ရာ

  • မကောင်းတဲ့အရာကို လုပ်ရခက်အောင် ပြုလုပ်ထားပါ။ ဥပမာ၊ အာဟာရမဖြစ်တဲ့ အစားအစာတွေ စားတဲ့အကျင့်ကို ဖြတ်ချင်တယ်ဆိုရင် အိမ်မှာ အဲဒီအစာတွေ မထားပါနဲ့။ စားချင်စိတ်ပေါ်လာတဲ့အခါ အိမ်ပြင်ထွက်ဝယ်ရမှာဖြစ်လို့ ပိုချုပ်တည်းတတ်လာပါလိမ့်မယ်။

  • ကောင်းတဲ့အရာကို လုပ်ရလွယ်အောင် ပြုလုပ်ထားပါ။ ဥပမာ၊ မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ထားတယ်ဆိုရင် ညကတည်းက အားကစားဝတ်စုံကို အသင့်ပြင်ထားပါ။ စလုပ်တဲ့အချိန်မှာ လွယ်ကူရင် နောက်ပိုင်းဆက်လုပ်ဖို့ အကျင့်ဖြစ်သွားပါလိမ့်မယ်။

  • အပေါင်းအသင်းကို ဂရုတစိုက် ရွေးပေါင်းပါ။ လူတွေက ကိုယ်ပေါင်းသင်းတဲ့သူတွေနဲ့ တူလာတတ်တယ်။ (၁ ကောရိန္သု ၁၅:၃၃) သင် ကြိုးစားဖြတ်နေတဲ့အကျင့်ကို လုပ်ဖို့အားပေးတဲ့သူတွေနဲ့ မပေါင်းဘဲ ကောင်းတဲ့အကျင့်တွေ လုပ်ဖို့အားပေးတဲ့သူတွေနဲ့ ပေါင်းသင်းပါ။

သက်ဆိုင်တဲ့ ကျမ်းစာအကြံပြုချက်များ

“ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။”—သုတ္တံ ၁၃:၂၀။

‘ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။’—သုတ္တံ ၂၁:၅၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ