ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၂၀
  • ဒိန ဒုက္ခတွေ့တဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒိန ဒုက္ခတွေ့တဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ကြဉ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ကြပါ”
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ယာကုပ်ရဲ့အိမ်ထောင်စု သိပ်ကြီးတယ်
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားသခင့်လူမျိုးအလယ်တွင် လုံခြုံမှုကိုရှာဖွေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၂၀
ဒိနနဲ့ ရှေခင်

ပုံပြင် ၂၀

ဒိန ဒုက္ခတွေ့တဲ့အကြောင်း

ဒိနဘယ်သူ့ဆီသွားလည်သလဲ တွေ့လား။ ခါနာန်ပြည်မှာနေတဲ့ မိန်းကလေးတချို့ဆီကို သွားလည်တာ။ သူ့ဖေဖေ သဘောကျမယ်ထင်သလား။ ဒီမေးခွန်းရဲ့အဖြေကိုသိရအောင် ခါနာန်အမျိုးသမီးတွေကို အာဗြဟံနဲ့ဣဇာက်တို့ ဘယ်လိုသဘောထားတယ်ဆိုတာကိုပဲ ပြန်သတိရတော့။

ခါနာန်ပြည်က မိန်းကလေးသုံးယောက်

အာဗြဟံဟာ သူ့သားဣဇာက်နဲ့ ခါနာန်ပြည်က မိန်းကလေးတစ်ယောက်ကို ပေးစားချင်သလား။ မပေးစားချင်ဘူးကွဲ့။ ဣဇာက်နဲ့ရေဗက္ကတို့ကော သူတို့သား ယာကုပ်ကို ခါနာန်မိန်းကလေးတစ်ယောက်နဲ့ ယူစေချင်သလား။ မယူစေချင်ဘူး။ ဘာဖြစ်လို့လဲသိလား။

အကြောင်းကတော့ တခြားမဟုတ်ဘူး။ ခါနာန်ကလူတွေဟာ မှားယွင်းတဲ့ဘုရားတွေကို ကိုးကွယ်လို့ပဲ။ လင်လိုမယားလိုပေါင်းဖို့ကောင်းတဲ့လူတွေ မဟုတ်ဘူး။ မိတ်ဆွေသူငယ်ချင်းတွေလို ပေါင်းဖို့ကောင်းတဲ့လူတွေလည်း မဟုတ်ဘူး။ အဲဒါကြောင့် ယာကုပ်ဟာ ခါနာန်အမျိုးသမီးတွေနဲ့ သူ့သမီး သူငယ်ချင်းသွားလုပ်တာကို ဘယ်နည်းနဲ့မှ သဘောကျနိုင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။

ထင်တဲ့အတိုင်းပဲ ဒိနဒုက္ခတွေ့ရော။ ဒိနကို ကြည့်နေတဲ့ ခါနာန်လူကိုပုံမှာတွေ့လား။ သူ့နာမည်က ရှေခင်တဲ့။ တစ်နေ့ ဒိနအလည်လာတဲ့အခါ သူကဒိနကို အတင်းခေါ်ပြီး သူနဲ့အိပ်တယ်လေ။ တကယ်ဆိုရင် ဒီလိုမလုပ်သင့်ဘူး။ ဘာကြောင့်လည်းဆိုတော့ မင်္ဂလာဆောင်ထားတဲ့ယောက်ျားမိန်းမတွေပဲ အတူတူအိပ်နိုင်တယ်။ ဒိနကို ရှေခင် အခုလိုလုပ်မိရာက ဒုက္ခထပ်ပြီး အများကြီးဖြစ်လာပြန်တယ်။

ဒီအဖြစ်အပျက်တွေကို ဒိနအစ်ကိုတွေ ကြားရတော့ အကြီးအကျယ်ဒေါသူပုန်ထတော့တာပဲ။ သူတို့ထဲကနှစ်ယောက်၊ ရှိမောင်နဲ့လေဝိ ဘယ်လောက်တောင်ဒေါသကြီးသလဲဆိုတော့ ဓားကိုယ်စီနဲ့ အလစ်မှာ မြို့ကိုဝင်တိုက်ပါလေရော။ သူတို့နဲ့ သူတို့ရဲ့ညီတွေက ရှေခင်နဲ့ ကျန်တဲ့ယောက်ျားအားလုံးကို သတ်ပစ်လိုက်တယ်။ သားတွေ ဒီလိုဆိုးသွမ်းတဲ့အလုပ်မျိုးကို လုပ်တဲ့အတွက် ယာကုပ်သိပ်စိတ်ဆိုးတယ်ကွဲ့။

ဒီဒုက္ခတွေ ဘယ်လိုလုပ်ပြီး ဖြစ်လာရတာလဲ။ ဘုရားသခင်ရဲ့ပညတ်ကို မစောင့်ထိန်းတဲ့လူတွေနဲ့ ဒိနက သူငယ်ချင်းလုပ်ရာက စတာပေါ့။ ဒီလိုလူတွေနဲ့ တို့မိတ်ဆွေမဖွဲ့ချင်ဘူး။ ဟုတ်တယ်မဟုတ်လား။

ကမ္ဘာဦး ၃၄:၁-၃၁။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ