ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၁၁ စာ. ၂၂-၂၃
  • ဘုရားသခင့်အလိုတော်နှင့်မတွေ့သော ယုံကြည်ခြင်းနှင့် ဓလေ့ထုံးစံများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်အလိုတော်နှင့်မတွေ့သော ယုံကြည်ခြင်းနှင့် ဓလေ့ထုံးစံများ
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • အီစတာ သို့မဟုတ် သတိရအောက်မေ့ပွဲ—မည်သည့်ပွဲကို ကျင်းပရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဘုရားသခင်ကို ဝတ်ပြုဖို့ ရွေးချယ်ပါ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေဟောဝါသက်သေတွေက ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ပွဲနေ့အားလုံးကို ဘုရားသခင် လက်ခံသလား
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၁၁ စာ. ၂၂-၂၃

သင်ခန်းစာ ၁၁

ဘုရားသခင့်အလိုတော်နှင့်မတွေ့သော ယုံကြည်ခြင်းနှင့် ဓလေ့ထုံးစံများ

အဘယ်ကဲ့သို့သော ယုံကြည်ခြင်းနှင့် ဓလေ့ထုံးစံများသည် မှားသနည်း။ (၁)

ဘုရားသခင်သည် သုံးပါးတစ်ဆူဖြစ်သည်ဟု ခရစ်ယာန်များ ယုံကြည်သင့်သလော။ (၂)

ခရစ်ယာန်စစ်များသည် ခရစ္စမတ်၊ အီစတာ သို့မဟုတ် မွေးနေ့ ပွဲများကို အဘယ်ကြောင့် မကျင်းပကြသနည်း။ (၃၊ ၄)

သေလွန်သူများသည် အသက်ရှင်သူများကို ဒုက္ခပေးနိုင်သလော။ (၅)

ယေရှုသည် လက်ဝါးကားတိုင်ပေါ်၌ သေဆုံးခဲ့သလော။ (၆)

ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် မည်မျှအရေးကြီးသနည်း။ (၇)

၁။ ယုံကြည်ချက်နှင့် ဓလေ့ထုံးစံအားလုံးသည် မကောင်းကြခြင်းမဟုတ်။ သို့သော်လည်း ၎င်းတို့သည် မှောက်မှားသောဘာသာမှ ဆင်းသက်လာမည် သို့မဟုတ် ကျမ်းစာသွန်သင်ချက်များနှင့် ဆန့်ကျင်နေမည်ဆိုလျှင် ယင်းတို့ကိုဘုရားသခင် နှစ်သက်တော်မူမည်မဟုတ်ပေ။—မဿဲ ၁၅:၆။

၂။ သုံးပါးတစ်ဆူ– ယေဟောဝါသည် သုံးပါးတစ်ဆူ—⁠ပုဂ္ဂိုလ်သုံးပါးပါဝင်သော ဘုရားတစ်ဆူတည်း—⁠ဖြစ်သလော။ မဟုတ်ပါ! ခမည်းတော်ဖြစ်တော်မူသော ယေဟောဝါသည် “မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူ” ၏။ (ယောဟန် ၁၇:၃; မာကု ၁၂:၂၉) ယေရှုသည် ကိုယ်တော်၏သားဦးဖြစ်ပြီး ဘုရားသခင်၏လက်အောက်ခံဖြစ်တော်မူ၏။ (၁ ကောရိန္သု ၁၁:၃) ခမည်းတော်သည် သားတော်ထက် သာ၍ကြီးမြတ်တော်မူ၏။ (ယောဟန် ၁၄:၂၈) သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးမဟုတ်; ​ဘုရား​သခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်၏။—⁠ကမ္ဘာဦး ၁:၂; တမန်တော် ၂:၁၈။

၃။ ခရစ္စမတ်နှင့် အီစတာ– . . . (လုကာ ၂:၈-၁၂) ယေရှုသည် မိမိ၏မွေးဖွားခြင်းကို ပွဲခံရန် ခရစ်ယာန်များကို မည်သည့်အခါ၌မျှ မိန့်မှာတော်မမူခဲ့ချေ။ သို့အစား ကိုယ်တော်သည် မိမိ၏သေခြင်းကိုအောက်မေ့ရန် သို့မဟုတ် သတိရရန် တပည့်တော်များကို မိန့်တော်မူခဲ့၏။ (လုကာ ၂၂:၁၉၊ ၂၀) ခရစ္စမတ်နှင့် ယင်း၏ဓလေ့ထုံးစံများသည် ရှေးခေတ် . . . ဘာသာများမှ ဆင်းသက်လာရာဖြစ်သည်။ အီစတာဓလေ့ထုံးစံများဖြစ်သည့် ဥများနှင့် ယုန်များကို အသုံးပြုခြင်းသည်လည်း ထိုနည်းတူပင်ဖြစ်၏။ အစောပိုင်းခရစ်ယာန်များသည် ခရစ္စမတ် သို့မဟုတ် အီစတာပွဲများကို မကျင်းပသကဲ့သို့ ယနေ့ [အချို့] သောခရစ်ယာန်များသည်လည်း မကျင်းပကြချေ။

၄။ မွေးနေ့ပွဲများ– ကျမ်းစာထဲတွင်ဖော်ပြထားသည့် နှစ်ခုတည်းသော မွေးနေ့ပွဲကို ယေဟောဝါအား ဝတ်မပြုသည့်သူများက ကျင်းပခဲ့ကြခြင်းဖြစ်၏။ (ကမ္ဘာဦး ၄၀:၂၀-၂၂; မာကု ၆:၂၁၊ ၂၂၊ ၂၄-၂၇) အစောပိုင်းခရစ်ယာန်များသည် မွေးနေ့ပွဲများကို မကျင်းပကြချေ။ မွေးနေ့ပွဲများကျင်းပခြင်း ဓလေ့ထုံးစံသည် ရှေးခေတ် . . . ဘာသာများမှ ဆင်းသက်လာရာဖြစ်၏။ . . . ခရစ်ယာန်များသည် တစ်နှစ်တာကာလအတွင်း အခြားသောအချိန်များတွင် လက်ဆောင်များပေးကြခြင်း၊ ပျော်ရွှင်ကြခြင်းများ ရှိပါသည်။

၅။ သေလွန်သူများကို ကြောက်ရွံ့ ခြင်း– သေလွန်သူများသည် ဘာမျှမလုပ်နိုင် သို့မဟုတ် ဘာမျှမခံစားနိုင်ကြချေ။ သူတို့ကို ကျွန်ုပ်တို့မကူညီနိုင်၊ ကျွန်ုပ်တို့ကိုလည်း သူတို့ဒုက္ခမပေးနိုင်ကြချေ။ (ဆာလံ ၁၄၆:၄; ဒေသနာ ၉:၅၊ ၁၀) ဝိညာဉ်စိုးလ် သေ၏; သေဆုံးပြီး ဆက်လက်၍အသက်ရှင်မနေပါ။ (ယေဇကျေလ ၁၈:၄) သို့သော် နတ်ဆိုးဟုခေါ်သော ဆိုးညစ်သည့်ကောင်းကင်တမန်များသည် တစ်ခါတစ်ရံ သေလွန်သူများ၏ဝိညာဉ်များအဖြစ် ယောင်ဆောင်တတ်ကြ၏။ သေလွန်သူများကို ကြောက်ရွံ့ရသော သို့မဟုတ် ဝတ်ပြုကိုးကွယ်ရသော မည်သည့်ဓလေ့ထုံးစံမဆိုသည် မှား၏။—⁠ဟေရှာယ ၈:၁၉။

၆။ လက်ဝါးကားတိုင်– . . . “စက်ဆုပ်ရွံ့ရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့မသွင်းရ။ သွင်းလျှင် သင်သည်ထိုအရာကဲ့သို့ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင်သည်အကြွင်းမဲ့စက်ဆုပ်ရွံ့ရှာရမည်။ ကျိန်အပ်သောအရာဖြစ်ပေ၏။”—⁠တရားဟောရာ ၇:၂၆; ၁ ကောရိန္သု ၁၀:၁၄။

၇။ အချို့သော ယုံကြည်ချက်များနှင့် ဓလေ့ထုံးစံများကို စွန့်ပစ်ရန် အလွန်ခက်ခဲပေမည်။ ဆွေမျိုးများနှင့် မိတ်ဆွေများက သင်၏ယုံကြည်ချက်များကိုမပြောင်းလဲရန် အယုံသွင်းဖို့ကြိုးစားကြပေမည်။ သို့သော် ဘုရားသခင်၏အလိုတော်နှင့်တွေ့ ခြင်းသည် လူတို့၏အလိုနှင့်တွေ့ ခြင်းထက် သာ၍အရေးကြီး၏။—⁠သု. ၂၉:၂၅; မဿဲ ၁၀:၃၆၊ ၃၇။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ဘုရားသခင်သည် သုံးပါးတစ်ဆူမဟုတ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ္စမတ်နှင့် အီစတာသည် ရှေးခေတ်မှောက်မှားသောဘာသာများမှ ဆင်းသက်လာရာများဖြစ်၏

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သေလွန်သူများကို ကြောက်ရွံ့ရန် သို့မဟုတ် ဝတ်ပြုကိုးကွယ်ရန် မည်သည့်အကြောင်းရင်းမျှမရှိပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ