ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၁၉
  • ယေဟောဝါသက်သေတွေက ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေက ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တလွဲယူဆလေ့ရှိရာများ
  • ယေဟောဝါသက်သေတွေ ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ
  • အီစတာ သို့မဟုတ် သတိရအောက်မေ့ပွဲ—မည်သည့်ပွဲကို ကျင်းပရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • အီစတာပွဲနဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အီစတာပွဲက ခရစ်ယာန်တွေ ကျင်းပသင့်တဲ့ပွဲလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဘုရားသခင့်အလိုတော်နှင့်မတွေ့သော ယုံကြည်ခြင်းနှင့် ဓလေ့ထုံးစံများ
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၁၉

ယေဟောဝါသက်သေတွေက ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ

တလွဲယူဆလေ့ရှိရာများ

လူအများအထင်လွဲရာ– ယေဟောဝါသက်သေတွေက ခရစ်ယာန်တွေမဟုတ်လို့ အီစတာပွဲ မကျင်းပတာပါ။

အဖြစ်မှန်– ယေရှုခရစ်ဟာ ကယ်တင်ရှင်ဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ ယေရှုရဲ့ “ခြေတော်ရာကို ထပ်ကြပ်မကွာလိုက်လျှောက်” ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။—၁ ပေတရု ၂:၂၁; လုကာ ၂:၁၁။

လူအများအထင်လွဲရာ– ယေရှုဟာ သေခြင်းကနေ ထမြောက်တယ်လို့ သက်သေခံတွေ မယုံကြည်ကြဘူး။

အဖြစ်မှန်– ယေရှုရှင်ပြန်ထမြောက်တယ် ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်တယ်။ အဲဒါက ခရစ်ယာန်ယုံကြည်ချက်ရဲ့ အခြေခံအယူဝါဒတစ်ခုအဖြစ် အသိအမှတ်ပြုပြီး ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းမှာလည်း အဲဒါကို အလေးပေးဖော်ပြပါတယ်။—၁ ကောရိန္သု ၁၅:၃၊ ၄၊ ၁၂–၁၅။

လူအများအထင်လွဲရာ– သက်သေခံတွေရဲ့ ကလေးတွေဟာ အီစတာပွဲနေ့ကနေရတဲ့ ရွှင်လန်းမှု လက်လွတ်ဆုံးရှုံးနေတာကို မိဘတွေက ဂရုမစိုက်ကြဘူး။

အဖြစ်မှန်- ကျွန်ုပ်တို့ရဲ့ ကလေးတွေကို ကျွန်ုပ်တို့ ချစ်မြတ်နိုးကြပါတယ်။ ကလေးတွေကို လေ့ကျင့်ပေးဖို့နဲ့ သူတို့လေးတွေ ပျော်ရွှင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။—တိတု ၂:၄။

ယေဟောဝါသက်သေတွေ ဘာကြောင့် အီစတာပွဲ မကျင်းပကြတာလဲ

  • အီစတာပွဲက ကျမ်းစာပေါ်အခြေခံတဲ့ပွဲ မဟုတ်ဘူး။

  • ယေရှုက ရှင်ပြန်ထမြောက်တဲ့နေ့ကို မဟုတ်ဘဲ မိမိရဲ့သေခြင်းကို အောက်မေ့တဲ့ပွဲ ကျင်းပဖို့ မိန့်မှာခဲ့တယ်။ ကျွန်ုပ်တို့ဟာ ကျမ်းစာပြက္ခဒိန်နဲ့အညီ ယေရှုရဲ့သေခြင်း နှစ်ပတ်လည်နေ့ကို နှစ်တိုင်း ကျင်းပကြတယ်။—လုကာ ၂၂:၁၉၊ ၂၀။

  • အီစတာပွဲ ထုံးတမ်းစဉ်လာတွေက ရှေးခေတ် မျိုးအောင်ခြင်းဆိုင်ရာ ဝတ်ပြုထုံးတမ်းတွေကနေ ဆင်းသက်လာတာဖြစ်တဲ့အတွက် ဘုရားသခင် နှစ်သက်လက်ခံမှာ မဟုတ်ဘူးလို့ ကျွန်ုပ်တို့ ယုံကြည်တယ်။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ဖို့ ကျွန်ုပ်တို့ကို တောင်းဆိုထားပြီး ကိုယ်တော်မနှစ်သက်တဲ့ အလေ့အထတွေပါဝင်တဲ့ ဝတ်ပြုရေးကို ဘုရားသခင် မနှစ်သက်ပါဘူး။—မာကု ၁၂:၂၈–၃၀; ၃ ဓမ္မရာဇဝင် ၁၈:၂၁။

အီစတာပွဲ မကျင်းပဖို့ ဆုံးဖြတ်တာက ကျမ်းစာပေါ်လုံးလုံး အခြေခံတယ်လို့ ကျွန်ုပ်တို့ ယုံကြည်တယ်။ “အဆက်ဆက်ခံသော နည်းဥပဒေသ” ကို လိုက်မယ့်အစား ‘ပညာနဲ့ သမ္မာသတိ’ ရှိရှိတွေးတောချင့်ချိန်ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (သုတ္တံ ၃:၂၁; မဿဲ ၁၅:၃) အီစတာပွဲနဲ့ပတ်သက်ပြီး အမေးခံရတဲ့အခါ ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်ကို ဝေမျှပေမဲ့လည်း အီစတာပွဲကျင်းပဖို့ ရွေးချယ်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မလေးမစား မလုပ်ပါဘူး။—၁ ပေတရု ၃:၁၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ