ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • rq သင်ခန်းစာ ၁၄ စာ. ၂၈-၂၉
  • ယေဟောဝါသက်သေများ ဖွဲ့စည်းထားပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေများ ဖွဲ့စည်းထားပုံ
  • ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့် ရှိရသလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘုရားသခင်မှာ အဖွဲ့အစည်းတစ်ခု ဘာကြောင့်ရှိရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သူတို့၏ ကမ္ဘာချီအဖွဲ့အစည်း နှင့်လုပ်ငန်း
    ယေဟောဝါသက်သေများ သူတို့မည်သူများနည်း သူတို့ဘာကိုယုံကြည်ကြသနည်း
  • ဘုရားသခင့် မျက်မြင်ရ အဖွဲ့အစည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
rq သင်ခန်းစာ ၁၄ စာ. ၂၈-၂၉

သင်ခန်းစာ ၁၄

ယေဟောဝါသက်သေများ ဖွဲ့စည်းထားပုံ

မျက်မှောက်ခေတ်၌ ယေဟောဝါသက်သေများသည် မည်သည့်အချိန်တွင် စတင်တည်ရှိခဲ့ကြသနည်း။ (၁)

ယေဟောဝါသက်သေများ၏ စည်းဝေးများကို မည်သို့ကျင်းပကြသနည်း။ (၂)

ကုန်ကျစရိတ်များကို မည်သို့ခံကြသနည်း။ (၃)

အသင်းတော်တစ်ခုစီ၌ မည်သူတို့ ဦးစီးဦးဆောင်ပြုကြသနည်း။ (၄)

နှစ်စဉ် အဘယ်သာ၍ကြီးသောစည်းဝေးများကို ကျင်းပကြသနည်း။ (၅)

သူတို့၏ဌာနချုပ်နှင့် ဌာနခွဲများတွင် အဘယ်လုပ်ငန်းများကို လုပ်ဆောင်ကြသနည်း။ (၆)

၁။ မျက်မှောက်ခေတ်၌ ယေဟောဝါသက်သေများသည် ၁၈၇၀ ပြည့်လွန်နှစ်များတွင် စတင်တည်ရှိခဲ့ကြ၏။ ပထမ၌ သူတို့ကို ကျမ်းစာကျောင်းသားများဟု ခေါ်ဆိုကြ၏။ သို့သော် ၁၉၃၁ ခုနှစ်တွင် ယေဟောဝါသက်သေများဟူသည့် ကျမ်းစာအမည်ကို သူတို့ခံယူခဲ့ကြသည်။ (ဟေရှာယ ၄၃:၁၀) ဤအဖွဲ့အစည်းသည် သေးငယ်သောအစပြုမှုမှ ၂၃၀ ကျော်သည့်တိုင်းနိုင်ငံတို့တွင် ဟောပြောခြင်း၌အလုပ်များနေကြသော သက်သေခံသန်းပေါင်းများစွာအဖြစ်သို့ တိုးပွားလာခဲ့၏။

၂။ ယေဟောဝါသက်သေများ၏ အသင်းတော်အများတွင် ပတ်စဉ် စည်းဝေးသုံးကြိမ်ရှိ၏။ ၎င်းတို့အနက်မှ တစ်ခုခုကိုတက်ရောက်ရန် သင့်အားဖိတ်ခေါ်ပါသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သွန်သင်ချက်များ၏အခြေခံသည် သမ္မာကျမ်းစာဖြစ်၏။ စည်းဝေးများကို ဆုတောင်းခြင်းဖြင့် ဖွင့်ပိတ်၏။ စည်းဝေးအများတွင် “ဓမ္မသီချင်း” များကိုလှိုက်လှိုက်လှဲလှဲ သီဆိုကြပါသည်။ (ဧဖက် ၅:၁၈၊ ၁၉) အခမဲ့တက်ရောက်ခွင့်ရှိပြီး အလှူငွေများကောက်ခံမှုမရှိပါ။—⁠မဿဲ ၁၀:၈။

၃။ အသင်းတော်အများသည် စည်းဝေးများကို ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု၌ ကျင်းပကြ၏။ ယင်းတို့မှာ သက်သေခံစေတနာ့ဝန်ထမ်းများ ဆောက်လုပ်ထားကြသည့် များသောအားဖြင့် ပုံစံရိုးရိုးရှိအဆောက်အအုံများဖြစ်ကြ၏။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ရုပ်ပုံများ၊ လက်ဝါးကားတိုင်ပေါ်မှ ခရစ်တော်ပုံများနှင့် ယင်းတို့နှင့်တူသည့်အရာများကို သင်တွေ့ရှိရလိမ့်မည်မဟုတ်ပါ။ ကုန်ကျစရိတ်များကို စေတနာဖြင့်ထည့်ဝင်သော အလှူငွေများဖြင့် ပေးချေကြ၏။ အလှူငွေထည့်ဝင်လိုသူများအတွက် ထိုတွင် အလှူငွေပုံးရှိ၏။—⁠၂ ကောရိန္သု ၉:၇။

၄။ အသင်းတော်တိုင်း၌ အကြီးအကဲများနှင့် ကြီးကြပ်မှူးများရှိ၏။ သူတို့သည် အသင်းတော်၌ သွန်သင်ရာတွင် ဦးစီးဦးဆောင်ပြုကြသည်။ (၁ တိမောသေ ၃:၁-၇; ၅:၁၇) သူတို့ကို ဓမ္မအမှုထမ်းများက ကူညီကြ၏။ (၁ တိမောသေ ၃:၈-၁၀၊ ၁၂၊ ၁၃) ဤလူများကို အသင်းတော်၏ကျန်ရှိသူအားလုံးတို့အထက် မြှင့်တင်ထားခြင်းမဟုတ်ပါ။ (၂ ကောရိန္သု ၁:၂၄) သူတို့ကို အထူးဘွဲ့နာမများ ပေးအပ်ထားခြင်းမရှိပါ။ (မဿဲ ၂၃:၈-၁၀) အခြားသူများနှင့် ထူးခြားကွဲပြားသောအဝတ်အစားများကို သူတို့မဝတ်ဆင်ကြပါ။ သူတို့၏လုပ်ဆောင်မှုများအတွက်လည်း အခမရကြပါ။ အကြီးအကဲများသည် အသင်းတော်၏ဝိညာဉ်ရေးလိုအပ်ရာများကို စိတ်လိုကိုယ်လျောက်ဂရုစိုက်စောင့်ရှောက်ပေးကြ၏။ အခက်အခဲရောက်ချိန်များ၌ နှစ်သိမ့်မှုနှင့် လမ်းညွှန်မှုများကို သူတို့ပေးနိုင်ကြ၏။—⁠ယာကုပ် ၅:၁၄-၁၆; ၁ ပေတရု ၅:၂၊ ၃။

၅။ ယေဟောဝါသက်သေများသည် သာ၍ကြီးသောစည်းဝေးများ သို့မဟုတ် စည်းဝေးကြီးများကိုလည်း နှစ်စဉ်ကျင်းပကြ၏။ ဤအချိန်အခါမျိုး၌ များစွာသောအသင်းတော်တို့သည် အထူးကျမ်းစာသွန်သင်မှု အစီအစဉ်အတွက် စုရုံးရောက်ရှိလာကြ၏။ စည်းဝေး သို့မဟုတ် စည်းဝေးကြီးအစီအစဉ်တိုင်း၌ တပည့်သစ်များကို နှစ်ခြင်းပေးခြင်းသည် ပုံမှန်အစီအစဉ်တစ်ရပ်ဖြစ်၏။—⁠မဿဲ ၃:၁၃-၁၇; ၂၈:၁၉၊ ၂၀။

၆။ ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်သည် နယူးယောက်မြို့၌ရှိ၏။ ထိုနေရာ၌ ကမ္ဘာတစ်ဝန်းရှိ အသင်းတော်များကို ကြီးကြပ်သော အတွေ့အကြုံရှိအကြီးအကဲများပါဝင်သည့် ဗဟိုအဖွဲ့ ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့ရှိ၏။ ကမ္ဘာတစ်ဝန်း၌ ဌာနခွဲရုံး ၁၀၀ ကျော်တို့လည်း ရှိသေး၏။ ဤနေရာများ၌ စေတနာ့ဝန်ထမ်းများသည် ကျမ်းစာစာပေများကို ပုံနှိပ်ထုတ်ဝေရန် ကူညီပေးကြ၏။ ဟောပြောခြင်းလုပ်ငန်းကို စီမံဖွဲ့စည်းရန်အတွက်လည်း လမ်းညွှန်ချက်ပေးသေး၏။ သင်နှင့်အနီးဆုံးဌာနခွဲရုံးတစ်ခုသို့ သွားရောက်လည်ပတ်ဖို့ စီစဉ်လျှင် မကောင်းပေလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ