ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၁၃ စာ. ၁၂၄-စာ. ၁၂၇ ပိုဒ်. ၁
  • ကြည့်မြင်ဆက်သွယ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြည့်မြင်ဆက်သွယ်ခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြပါ—ကောင်းစွာကြည့်မြင်ဆက်သွယ်ခြင်းဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၁၃ စာ. ၁၂၄-စာ. ၁၂၇ ပိုဒ်. ၁

သင်ခန်းစာ ၁၃

ကြည့်မြင်ဆက်သွယ်ခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

သင်နှင့်စကားပြောဆိုနေသူများကို ကြည့်ပြီး ဒေသအရလက်ခံနိုင်လျှင် တစ်ခဏ မျက်လုံးချင်းဆုံစေပါ။ အုပ်စုလိုက်ကိုသာ ကြည့်ခြင်းမဟုတ်ဘဲ တစ်ဦးချင်းစီကို ကြည့်ပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ယဉ်ကျေးမှုများစွာတို့တွင် မျက်လုံးနှင့် ဆက်သွယ်ခြင်းအား ရည်ရွယ်ပြောဆိုနေသည့်သူကို စိတ်ဝင်စားသည့် အရိပ်အမြွက်တစ်ခုဟု ရှုမြင်ကြသည်။ ယင်းကို ယုံကြည်စိတ်ချမှုဖြင့် ပြောဆိုသည့် အထောက်အထားအဖြစ်လည်း ရှုမြင်ကြသည်။

ကျွန်ုပ်တို့၏မျက်လုံးများသည် သဘောထားများနှင့် စိတ်လှုပ်ရှားမှုများကို ဖော်ပြသည်။ မျက်လုံးများသည် အံ့အားသင့်မှု သို့မဟုတ် ကြောက်ရွံ့မှုတို့ကို ပြသပေမည်။ သနားကြင်နာခြင်း သို့မဟုတ် ချစ်ခြင်းကို တင်ပြပေမည်။ ယင်းတို့သည် တစ်ခါတစ်ရံ သံသယကိုဖော်ပြပေမည် သို့မဟုတ် ဝမ်းနည်းပူဆွေးနေကြောင်း ပြပေမည်။ ဒုက္ခမျိုးစုံတွေ့ကြုံခဲ့ရသည့် မိမိနိုင်ငံသားများနှင့်ပတ်သက်၍ အသက်အရွယ်ကြီးသူတစ်ယောက်က ဤသို့ဆိုသည်– “ကျုပ်တို့ဟာ မျက်လုံးတွေနဲ့စကားပြောကြတယ်။”

အခြားသူတို့သည် ကျွန်ုပ်တို့မျက်လုံးစူးစိုက်ထားရာနေရာအပေါ် အခြေခံ၍ ကျွန်ုပ်တို့အကြောင်းနှင့် ကျွန်ုပ်တို့ပြောဆိုရာကို ကောက်ချက်ချကြပေမည်။ ယဉ်ကျေးမှုများစွာတို့တွင် လူတို့သည် သူတို့နှင့်ခင်မင်ရင်းနှီးသောအကြည့်ဖြင့် ဆက်သွယ်နေသူကို ယုံကြည်မှုရှိတတ်သည်။ ဆန့်ကျင်စွာပင် မိမိနှင့်စကားပြောနေသူကို ကြည့်မည့်အစား မိမိခြေထောက် သို့မဟုတ် အရာဝတ္ထုတစ်ခုခုကို ကြည့်နေသူတစ်ယောက်၏ စိတ်ရင်းမှန်ခြင်း သို့မဟုတ် လုပ်ဆောင်မှုကို သူတို့သံသယဝင်သွားနိုင်ပေသည်။ အခြားယဉ်ကျေးမှုအချို့က စူးစူးရဲရဲအကြည့်ဖြင့် ဆက်သွယ်ရာဟူသမျှကို ရိုင်းစိုင်းခြင်း၊ ရန်လိုခြင်း သို့မဟုတ် စိန်ခေါ်ခြင်းဟု ရှုမြင်ကြသည်။ အထူးသဖြင့် လိင်ခြားသူများ၊ အကြီးအကဲများ၊ အခြားဂုဏ်အသရေရှိလူကြီးများနှင့် စကားပြောဆိုသောအခါ ယင်းသို့ရှုမြင်တတ်သည်။ အချို့ဒေသများတွင် လူငယ်တစ်ဦးသည် မိမိထက်အသက်ကြီးသူတစ်ဦးကို စကားပြောဆိုစဉ် စိုက်ကြည့်လျှင် မရိုမသေ မခန့်မညားပြုခြင်းအဖြစ် ရှုမြင်ခံရပေမည်။

သို့သော် မထိခိုက်သည့်နေရာမျိုးတွင် လူတစ်ဦးကို အရေးကြီးသောစကားတစ်ခွန်း ပြောနေချိန် မျက်လုံးချင်းကြည့်ခြင်းသည် ပြောဆိုခဲ့ရာကို ပိုမိုလေးနက်စေမည်။ ယင်းက ဟောပြောသူသည် မိမိအပိုင်းကို အခိုင်အမာယုံကြည်သည့်အထောက်အထားအဖြစ် ယူမှတ်ခံရနိုင်သည်။ မိမိ၏တပည့်တော်များက “အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း” ဟု အလွန်အံ့သြတကြီးနှင့် ပြောဆိုခဲ့သည့်အချိန်တွင် ယေရှုမည်သို့တုံ့ပြန်ခဲ့သည်ကို သတိပြုပါ။ ကျမ်းစာက ဤသို့တင်ပြသည်– “သူတို့ကိုကြည့်ရှု၍ ယေရှုဤသို့မိန့်တော်မူခဲ့သည်– ‘ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုကိုတတ်နိုင်သည်။’” (မ. ၁၉:၂၅၊ ၂၆) တမန်တော်ပေါလုသည်လည်း မိမိပရိသတ်၏တုံ့ပြန်မှုများကို စိတ်အားထက်သန်စွာ ကြည့်ရှုလေ့လာကြောင်း ကျမ်းစာကဖော်ပြသည်။ အဖြစ်အပျက်တစ်ခုတွင် မွေးကတည်းကခြေမသန်သော လူတစ်ယောက်သည် ပေါလုဟောပြောချိန်၌ ရှိနေခဲ့သည်။ တမန်တော် ၁၄:၉၊ ၁၀ ကဤသို့ဆိုသည်– “ပေါလုဟောပြောသည်ကို ကြားလေ၏။ ပေါလုသည်လည်း ထိုသူကိုစေ့စေ့ကြည့်ရှု၍ ရောဂါကင်းမည်အကြောင်း သူ၌ယုံကြည်ခြင်းရှိသည်ကိုသိမြင်လျှင်၊ ‘ထ၍မတ်တတ်ရပ်လော့’ ဟု ကြီးသောအသံနှင့်ဆိုသည်။”

လယ်ကွင်းဓမ္မအမှုအတွက် အကြံပေးချက်များ။ လယ်ကွင်းဓမ္မအမှု၌ သင်ပါဝင်သည့်အခါ လူတို့ကိုချဉ်းကပ်စဉ် ရင်းရင်းနှီးနှီးနှင့် လှိုက်လှဲပျူငှာမှုရှိပါ။ သင့်လျော်သည့်အခါ အပြန်အလှန်စိတ်ဝင်စားမှုဖြစ်စေနိုင်သည့် အကြောင်းအရာတစ်ခုခုအပေါ် စတင်စကားစမြည်ပြောဆိုရန် စဉ်းစားမှုကို လှုံ့ဆော်ပေးသောမေးခွန်းများကို အသုံးပြုပါ။ ယင်းကို သင်လုပ်ဆောင်နေစဉ် ကြည့်မြင်ဆက်သွယ်ထားရန် သို့မဟုတ် အနည်းဆုံး ထိုသူ၏မျက်နှာကို တရိုတသေနှင့်ကြင်နာစွာကြည့်ရန် ကြိုးပမ်းပါ။ အတွင်းရွှင်လန်းမှုကိုဖော်ဆောင်သော မျက်လုံးများပိုင်ရှင်၏ မျက်နှာပေါ်ရှိ လှိုက်လှဲပျူငှာသောအပြုံးသည် အလွန်ဆွဲဆောင်မှုရှိပေသည်။ ထိုကဲ့သို့သော အသွင်အပြင်က လူတစ်ဦးအား သင်သည် အဘယ်သို့သောလူစားမျိုးဖြစ်သည်ကို များစွာပြောပြနိုင်ပြီး သင်စကားပြောဆိုသည့်အခါ သူ့ကိုပို၍သက်သောင့်သက်သာရှိစေသည်။

လူတစ်ဦး၏ မျက်လုံးအသွင်သဏ္ဌာန်ကို သင့်တော်သလို လေ့လာဆန်းစစ်ကြည့်ခြင်းက အခြေအနေတစ်ရပ်အား မည်သို့ဖြေရှင်းနိုင်ပုံကို သင့်အား အသိပေးလိမ့်မည်။ အကယ်၍ လူတစ်ဦးက စိတ်ဆိုးနေလျှင် သို့မဟုတ် အမှန်တကယ်စိတ်မပါလျှင် ယင်းကို သင်တွေ့မြင်နိုင်ပေမည်။ သင့်ကို သူနားမလည်ကြောင်း သင်သဘောပေါက်ပေမည်။ သူသည် စိတ်တိုနေပါက များသောအားဖြင့် ယင်းကို သင်ပြောနိုင်မည်။ သူသည် စိတ်အားထက်သန်စွာ စိတ်ဝင်စားလျှင် ယင်းသည်လည်း သိသာမည်။ သူ့မျက်လုံးကြည့်ရှုပုံက သင်၏အသံအနှေးအမြန်ကို ပြုပြင်ရန်၊ စကားစမြည်ပြောဆိုမှုတွင် ထိုသူပါဝင်ဖို့ ပိုမိုကြိုးစားရန်၊ ဆွေးနွေးခန်းကိုအဆုံးသတ်ရန် သို့မဟုတ် ဖြစ်နိုင်လျှင် ကျမ်းစာကို မည်သို့လေ့လာနိုင်ကြောင်း သရုပ်ပြကာပြန်လည်ပတ်ရန် လိုအပ်လျက်ရှိကြောင်း အချက်ပေးပေမည်။

သင်သည် လူထုရှေ့သက်သေခံခြင်းတွင် ပါဝင်နေသည်ဖြစ်စေ သို့မဟုတ် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု ကျင်းပနေသည်ဖြစ်စေ သင်နှင့်စကားပြောဆိုနေသူနှင့် ရိုသေလေးစားမှုရှိသော ကြည့်မြင်ဆက်သွယ်မှုကိုထိန်းသိမ်းရန် ကြိုးပမ်းပါ။ သို့ရာတွင် သူ့ကိုစိုက်မကြည့်ပါနှင့်၊ ထိုသို့ပြုလျှင် အနေရခက်သွားစေနိုင်သည်။ (၄ ရာ. ၈:၁၁) သို့သော် သဘာဝကျကျ ခင်မင်ရင်းနှီးစွာ အခြားသူတစ်ဦး၏မျက်နှာကို မကြာခဏ ကြည့်ပါ။ နိုင်ငံများစွာတွင် ယင်းကို ရိုးရိုးသားသားစိတ်ဝင်စားမှုဟု ခံစားသွားစေသည်။ မှန်ပေသည်၊ ကျမ်းစာဖတ်နေစဉ်ဖြစ်စေ၊ အခြားစာပေအချို့ဖတ်နေစဉ်ဖြစ်စေ သင့်မျက်လုံးများကို ပုံနှိပ်စာရွက်ပေါ်တွင် စူးစိုက်ထားပေမည်။ သို့သော် အချက်တစ်ချက်ကို အလေးအနက်ပြုရန် လူတစ်ယောက်ကို တစ်ခဏ တိုက်ရိုက်ကြည့်လိုပေမည်။ သင်သည် ကြားအချိန်များတွင် ကြည့်လိုက်ခြင်းက ဖတ်နေသည့်အရာအား သူ့တုံ့ပြန်မှုကို သိရှိရန် စွမ်းဆောင်နိုင်ပါလိမ့်မည်။

ပထမတွင် ရှက်တတ်မှုကြောင့် ကြည့်မြင်ဆက်သွယ်ရန် သင့်အတွက် ခက်ခဲမည်ဆိုပါက လက်မလျှော့လိုက်ပါနှင့်။ လေ့ကျင့်မှုဖြင့် သင့်တော်သော ကြည့်မြင်ဆက်သွယ်ပုံ သဘာဝကျကျ ဖြစ်လာမည်ဖြစ်ပြီး အခြားသူများနှင့် ပြောဆိုဆက်သွယ်ရာတွင် ပိုမိုထိရောက်ပါလိမ့်မည်။

ဟောပြောချက်ပေးသည့်အခါဝယ်။ ယေရှုသည် တောင်ပေါ်ဒေသနာကို စ၍မမြွက်ကြားမီ “ကိုယ်တော်သည်မျှော်၍ တပည့်တော်တို့ကိုကြည့်ရှု” ခဲ့ကြောင်း ကျမ်းစာက ကျွန်ုပ်တို့အားပြောပြသည်။ (လု. ၆:၂၀) ကိုယ်တော့်ပုံနမူနာမှ သင်ယူပါ။ လူအုပ်စုရှေ့တွင် ဟောပြောတော့မည်ဆိုပါက စမပြောမီ သူတို့နှင့်မျက်နှာချင်းဆိုင်ကာ ခေတ္တရပ်ပါ။ နေရာတော်တော်များများတွင် ယင်းသည် ပရိသတ်ထဲရှိသူအချို့နှင့် မျက်လုံးချင်းဆက်သွယ်ခြင်း ပါဝင်ပေမည်။ ထိုတဒင်္ဂဆိုင်းငံ့ခြင်းက သင့်အစပိုင်းထိတ်လန့်မှုကို အောင်မြင်ကျော်လွှားရန် အထောက်အကူပေးနိုင်ပါသည်။ သင့်မျက်နှာကထုတ်ဖော်ပြသည့် မည်သည့်ဟန်ပန် စိတ်လှုပ်ရှားမှုမဆိုနှင့် ပရိသတ်နေသားတကျဖြစ်ရန်လည်း ထောက်ကူပေးပါမည်။ ထပ်ဆင့်၍ ယင်းကိုလုပ်ဆောင်ခြင်းက ပရိသတ်ကို ငြိမ်သက်စေကာ သင့်ကိုအာရုံစူးစိုက်ရန် အဆင်သင့်ဖြစ်စေမည်။

ဟောပြောနေစဉ်အတောအတွင်း ပရိသတ်ကိုကြည့်ပါ။ အုပ်စုတစ်စုလုံးကို ခြုံ၍သာ မကြည့်ပါနှင့်။ ယင်းတို့အထဲမှ တစ်ဦးချင်းစီကို ကြည့်ဖို့ ကြိုးစားပါ။ ယဉ်ကျေးမှုတိုင်းလိုလိုတွင် လူထုဟောပြောချက်ပေးသူထံမှ အတော်အတန်ကြည့်မြင်ဆက်သွယ်ရန် မျှော်လင့်တတ်ကြသည်။

ပရိသတ်ကိုကြည့်ခြင်းဟု ဆိုရာတွင် တစ်ဖက်မှတစ်ဖက်သို့ စည်းချက်ကျကျပြောင်းကြည့်ခြင်း ပြုလုပ်ရုံထက်မကပါ။ ပရိသတ်တွင်ရှိသူ တစ်ယောက်ယောက်နှင့် လေးစားမှုပါသော ကြည့်မြင်ဆက်သွယ်မှုပြုလုပ်ကာ သင့်တော်မည်ဆိုပါက ထိုသူထံ ဝါကျတစ်ကြောင်းပြည့်အောင်ပြောဆိုပါ။ ထို့နောက် နောက်တစ်ယောက်ကိုကြည့်ကာ ဝါကျတစ်ကြောင်းနှစ်ကြောင်း ပြောပါ။ သူတစ်ပါးအနေရခက်သည်အထိ ကြာကြာမကြည့်ပါနှင့်၊ ပရိသတ်တစ်ခုလုံးထဲမှ လူအနည်းငယ်ကိုသာ အာရုံမစိုက်မိစေပါနှင့်။ ဤနည်းအတိုင်း သင့်မျက်လုံးများသည် ပရိသတ်တစ်လျှောက်လုံးကို ပြောင်းကြည့်သွားပါ၊ သို့သော် တစ်ဦးဦးကိုစကားပြောဆိုသည့်အခါ အမှန်တကယ် ထိုသူကိုပြောပြီး အခြားတစ်ဦးထံ အကြည့်မလွှဲမီ သူ၏တုံ့ပြန်ပုံကို သတိပြုပါ။

မျက်စိရွေ့ရုံမျှနှင့် ချက်ချင်းမြင်နိုင်ရန် သင့်မှတ်စုများကို ဟောပြောစင်ပေါ်၊ သင့်လက်ထဲ သို့မဟုတ် ကျမ်းစာအုပ်ထဲတွင် ထားသင့်သည်။ သင့်မှတ်စုများကိုကြည့်ရန် ခေါင်းတစ်ခေါင်းလုံး ရွေ့ဖို့လိုမည်ဆိုလျှင် ပရိသတ်နှင့်ဆက်သွယ်မှု ထိခိုက်သွားပေလိမ့်မည်။ မှတ်စုများကို အကြိမ်ပေါင်းမည်မျှကြည့်သည်၊ အဘယ်အချိန်တွင် ကြည့်သည်ကိုပါ ဆင်ခြင်ပါ။ ဟောပြောချက်၏ အထွတ်အထိပ်ရောက်နေချိန်တွင် သင့်မှတ်စုကို ငုံ့ကြည့်နေပါက ပရိသတ်၏တုံ့ပြန်မှုကို သင်တွေ့မြင်လိမ့်မည်မဟုတ်သည့်အပြင် ဟောပြောချက်၏အာနိသင်အချို့ပါ ပျောက်ဆုံးသွားမည်။ ထိုနည်းထပ်တူ မှတ်စုကို တစ်ချိန်လုံးကြည့်ပြန်လျှင်လည်း ပရိသတ်နှင့်ဆက်သွယ်မှု ပြတ်တောက်သွားပေမည်။

တစ်ဦးဦးထံ ဘောလုံးတစ်လုံးကို ပစ်ပေးသည့်အခါ ဖမ်းမိမဖမ်းမိကိုသိရန် သင်ကြည့်ပေမည်။ သင့်ဟောပြောချက်ရှိ အယူအဆတစ်ခုစီကို သီးခြားခွဲကာ ပရိသတ်ထံ “ပစ်” ပေးလိုက်သည်။ “ဖမ်းမိ” ကြောင်းကို သူတို့တုံ့ပြန်ပုံ—ခေါင်းတစ်ညိတ်၊ အပြုံးတစ်ပွင့်၊ စိတ်ဝင်တစားအကြည့်တစ်ကြည့်ဖြင့် ဖော်ပြပေမည်။ ကြည့်မြင်ဆက်သွယ်မှုကောင်းရှိပါက သင့်ယူဆချက်များ “ဖမ်းမိ” ခံနေရသည်ကို သေချာစေရန် ၎င်းက ကူညီပေးနိုင်ပါသည်။

သင်သည် အသင်းတော်တွင် ဖတ်ရှုခြင်းတာဝန်ပေးခံရလျှင် ဖတ်နေချိန်အတွင်း ပရိသတ်ကိုကြည့်ရန် သင်ကြိုးစားသင့်ပါသလော။ ပရိသတ်သည် ကျမ်းစာဖတ်ခြင်းနောက် လိုက်ဖတ်နေလျှင် အများစုက သင်ကြည့်နေမနေကို သတိပြုကြလိမ့်မည်မဟုတ်။ သို့သော် ပရိသတ်ကိုကြည့်ခြင်းက သင့်ဖတ်ရှုခြင်းကို အားရှိစေနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏တုံ့ပြန်ပုံကို စိတ်ထက်သန်စွာ ဆက်၍သတိပြုမိစေမည်။ ပရိသတ်ထဲတွင် ကျမ်းစာအသုံးမပြုနေသူများနှင့် အာရုံပျံ့လွင့်နေဖွယ်ရှိသူတစ်ယောက်ယောက်အတွက် ဟောပြောသူ၏ကြည့်မြင်ဆက်သွယ်မှုက သူတို့၏အာရုံကို ဖတ်ရှုနေသည့်အရာသို့ စူးစိုက်စေနိုင်သည်။ ခဏတစ်ဖြုတ်လောက်သာ လိုက်ကြည့်ရုံကြည့်နိုင်မည်ဖြစ်ကာ ယင်းကြောင့် ဖတ်ရှုခြင်းတွင် မှားယွင်းထစ်ငေါ့သွားခြင်းမျိုးမဖြစ်သင့်ချေ။ ယင်းအတွက်ကြောင့် သင်၏ကျမ်းစာအုပ်ကို လက်ထဲတွင်ကိုင်ထားကာ မေးစေ့ကို ရင်ခေါင်းဘက်သို့ မစိုက်ထားဘဲ မတ်မတ်ထားခြင်းက အကောင်းဆုံးဖြစ်ပေသည်။

တစ်ခါတစ်ရံ အကြီးအကဲများသည် စည်းဝေးကြီးဟောပြောချက်ကို စာမူကြည့်ဟောရန် တောင်းဆိုခံရသည်။ ယင်းကို ထိထိရောက်ရောက်ပြုလုပ်ရန် အတွေ့အကြုံ၊ ဂရုတစိုက်ပြင်ဆင်မှုနှင့် လေ့ကျင့်မှုများများ လိုအပ်သည်။ စာမူဟောပြောချက်အသုံးပြုမှုက ပရိသတ်နှင့်ကြည့်မြင်ဆက်သွယ်မှုကို ကန့်သတ်လိုက်သည်မှာတော့ မှန်ပါသည်။ သို့သော် ဟောပြောသူသည် ကောင်းကောင်းပြင်ဆင်ထားမည်ဆိုလျှင် စာမူကိုဖတ်စဉ်ပင် စာကြောင်းပျောက်မသွားဘဲ ပရိသတ်ကို တစ်ခါတစ်ခါ ကြည့်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းက ပရိသတ်၏အာရုံကို ဆွဲယူထားနိုင်ကာ တင်ဆက်နေသည့် အရေးပါသောဝိညာဏလမ်းညွှန်ချက်မှ သူတို့ အကျိုးအပြည့်အဝရယူရန် စွမ်းဆောင်ပေးနိုင်သည်။

စိတ်တွင်စွဲမှတ်ထားရန် အချက်များ

  • သင့်ပရိသတ်ကို ပကတိ၊ ရင်းရင်းနှီးနှီး၊ အမှန်စိတ်ဝင်စားပါ။

  • ဖတ်သည့်အခါ ဖတ်မည့်အကြောင်းအရာကို လက်ထဲတွင် ကိုင်ထားပြီး မေးစေ့ကို မတ်ထားပါ၊ ဤသို့ဖြင့် ခေါင်းကိုမဟုတ်ဘဲ မျက်လုံးသာရွေ့ရန် လိုပေသည်။

လေ့ကျင့်ခန်း– နေ့စဉ် မိသားစုနှင့် မိတ်ဆွေများနှင့်စကားပြောဆိုရာတွင် ဒေသခံဓလေ့ထုံးစံများကို မထိခိုက်စေမည့်နည်းများဖြင့် အခြားသူများနှင့် ကြည့်မြင်ဆက်သွယ်မှုကို တိုးမြှင့်ရန်ကြိုးပမ်းပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ