ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၀ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ကျမ်းစာအသုံးပြုရန် အားပေးခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သင့်ပရိသတ်အတွက် သိမှတ်ဖွယ်
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၉/၀၀ စာ. ၃

မေးခွန်းသေတ္တာ

◼ ဟောပြောသူတစ်ဦးက ဟောပြောချက်ပေးနေချိန်အတွင်း ကျမ်းချက်များဖွင့်ဖတ်ရန်ဖိတ်ခေါ်သည့်အခါ လိုက်ဖွင့်ဖတ်ခြင်းသည် ပရိသတ်အတွက် အဘယ်ကြောင့်အကျိုးရှိသနည်း။

ဆွေးနွေးနေသည့်အကြောင်းအရာနှင့် ဟောပြောချက်တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အပိုင်းတစ်ခုကို အခန်းငယ်တစ်ခုချင်းစီသုံးသပ်နေခြင်း ပါမပါ စသောအချက်များက ပရိသတ်အား ဖွင့်ဖတ်ဖို့ဖိတ်ခေါ်နိုင်သည့် ကျမ်းချက်အရေအတွက်ကို ပိုင်းဖြတ်ပေးပါမည်။

ကျမ်းချက်များကို ဖွင့်ဖတ်ရသည့်အကြောင်းရင်းတစ်ခုမှာ ပြောနေသည့်အရာသည် သမ္မာကျမ်းစာထဲမှဖြစ်သည်ကို စိတ်ချစေရန်ဖြစ်ကြောင်း စိတ်ထဲစွဲမှတ်ထားဖို့အရေးကြီး၏။ (တ. ၁၇:၁၁) နောက်ဦးတည်ချက်တစ်ခုမှာ အားလုံး၏ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေရန် ဆွေးနွေးနေသည့်အရာကိုထောက်ခံသည့် ကျမ်းဆိုင်ရာအထောက်အထားကို ဆန်းစစ်ရန်ဖြစ်သည်။ အဓိကကျမ်းချက်တစ်ချက်ကိုဖတ်နေစဉ် ကျမ်းစာ၌ အမှန်တကယ်ပြောဆိုထားရာများကို တွေ့ မြင်ရခြင်းက စိတ်တွင် နှစ်ထပ်ကွမ်းစွဲမှတ်သွားစေပါမည်။ ကျမ်းချက်များကိုဖွင့်ဖတ်ခြင်းအပြင် မှတ်စုများယူခြင်းနှင့် ရှင်းလင်းဖော်ပြနေသည့် သဘောတရားများကို အဆက်မပြတ်လိုက်မီခြင်းသည် အကျိုးရှိ၏။

အသင်းမ၏အောက်လိုင်းသည် အကြောင်းအရာတစ်ခုကို အဆင့်ဆင့်တည်ဆောက်ရာတွင် ကျမ်းချက်များစွာကို ညွှန်းထားမည်ဖြစ်သော်လည်း ယင်းတို့သည် ဟောပြောသူ၏အကျိုးအတွက်ပေးထားခြင်းဖြစ်ပြီး ပြင်ဆင်ရာတွင် အကူအညီဖြစ်စေရန်ဖြစ်သည်။ ယင်းတို့က နောက်ခံအချက်အလက်များကို ဖော်ပြပေးပေမည်၊ တစ်နည်းအားဖြင့် အခြေခံကျမ်းစာမူများကို ကောင်းစွာပိုင်းခြားသိရှိရန်နှင့် အကြောင်းအရာ၏အဆင့်ဆင့်တည်ဆောက်ထားပုံကို နားလည်ရန် သူ့အား ကူညီပေးနိုင်မည်။ ဟောပြောသူက မည်သည့်ကျမ်းချက်များသည် ဟောပြောချက်၏ အဆင့်ဆင့်တည်ဆောက်ထားပုံအတွက် အရေးပါသည်ကို ဆုံးဖြတ်ကာ အဆိုပါကျမ်းချက်များကို ဖတ်၍ရှင်းပြနေစဉ် သူနှင့်အတူလိုက်ကြည့်ကြဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါမည်။ အကြောင်းအရာကိုထောက်ခံသည့် အခြားကျမ်းချက်များကိုမူ ဖော်ပြ၍ စကားပြေပြန်ဆိုနိုင်သည်၊ သို့သော် ယင်းကဲ့သို့သောကိစ္စများတွင် ပရိသတ်သည် လိုက်ဖွင့်ဖတ်ရန်မလိုပါ။

ဟောပြောသူသည် ရွေးချယ်ထားသည့်ကျမ်းချက်များကိုဖတ်သည့်အခါ ကွန်ပျူတာဖြင့်ရိုက်နှိပ်ထုတ်ယူထားသောစာလွှာမှမဟုတ်ဘဲ ကျမ်းစာမှ တိုက်ရိုက်ဖတ်ပြသင့်သည်။ ဟောပြောသူသည် ပရိသတ်အား လိုက်ဖွင့်ဖတ်ဖို့ ဖိတ်ခေါ်သည့်အခါ ကျမ်းစောင်၊ အခန်းကြီးနှင့် အခန်းငယ်(များ) ကို ရှင်းလင်းစွာဖော်ပြသည်။ မေးခွန်းတစ်ခုမေးဖို့ သို့မဟုတ် ကျမ်းချက်ကို အဘယ်ကြောင့်ဖတ်ရကြောင်း တိုတိုတုတ်တုတ်မှတ်ချက်ပေးဖို့ ခေတ္တဆိုင်းငံ့ပေးခြင်းအားဖြင့် ကျမ်းချက်ကို ပရိသတ်ရှာတွေ့ဖို့ အချိန်ရရှိစေပါသည်။ ရည်ညွှန်းချက်ကို ထပ်ပြောပြခြင်းသည်လည်း ယင်းကို ပရိသတ်မှတ်မိဖို့ အကူအညီဖြစ်စေပါမည်။ သို့ရာတွင် ပရိသတ်ရှိသူများအသုံးပြုနေသည့်ကျမ်းစာမှာ အမျိုးမျိုးကွဲပြားကြသောကြောင့် စာမျက်နှာနံပါတ်ကို မပြောပြရန်အကြံပြုပါသည်။ ကျမ်းချက်များကိုဖွင့်ဖတ်ဖို့ဖိတ်ခေါ်သည့်အခါ လိုက်ဖွင့်ဖတ်ခြင်းသည် ဟောပြောချက်ပေးနေချိန်အတွင်း ယင်းကိုရှင်းပြသည်နှင့်အလျောက် ပရိသတ်အား ဘုရားသခင့်နှုတ်ကပါဌ်တော်တန်ခိုးမှ အကျိုးရရှိရန် ကူညီပေးပါမည်။—ဟေဗြဲ ၄:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ