ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၅၁ စာ. ၂၆၃-စာ. ၂၆၄ ပိုဒ်. ၄
  • တိကျစွာအချိန်သတ်မှတ်ခြင်း၊ အချိုးကျခွဲခန့်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိကျစွာအချိန်သတ်မှတ်ခြင်း၊ အချိုးကျခွဲခန့်ခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်လျော်သောနိဂုံးနှင့်အချိန်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အောက်လိုင်းရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၅၁ စာ. ၂၆၃-စာ. ၂၆၄ ပိုဒ်. ၄

သင်ခန်းစာ ၅၁

တိကျစွာအချိန်သတ်မှတ်ခြင်း၊ အချိုးကျခွဲခန့်ခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

သတ်မှတ်ပေးထားသည့်အချိန်အတွင်း ဟောပြောကာ ဟောပြောချက်အပိုင်းတစ်ပိုင်းစီအတွက် အချိုးကျခွဲခန့်ထားသည့်အချိန်ကို အသုံးပြုပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သွန်သင်ချက်၏ အဓိကအချက်တစ်ချက်စီအတွက် အချိန်အလုံအလောက်ခွဲပေးရန် လိုအပ်သည်။ အစည်းအဝေး အချိန်မှန်ပြီးရန် အရေးကြီးသည်။

သင့်သွန်သင်ခြင်း၏အရည်အသွေးအပေါ် အဓိက အလေးအနက်ထားသင့်သော်လည်း ဟောပြောချက်၏အချိန်ကိုလည်း ဂရုစိုက်သင့်ပေသည်။ ကျွန်ုပ်တို့၏ အစည်းအဝေးများကို သတ်မှတ်ထားသောအချိန်များ၌ စတင်ပြီး အဆုံးသတ်ရန် စီစဉ်ထားသည်။ ဤပန်းတိုင်ကို အထမြောက်စေရန် အစီအစဉ်တွင် ပါဝင်ကြသူတိုင်း ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။

သမ္မာကျမ်းစာခေတ်တွင် ဘဝအသက်တာနှင့်ပတ်သက်၍ လူတို့၏ရှုမြင်ပုံသည် ယနေ့ခေတ် နေရာဒေသများစွာတွင်ရှိသည့်ရှုမြင်ပုံနှင့် မတူပေ။ အချိန်ကို “ညဉ့်ဦးယံ၊” “မွန်းတည့်၊” နှင့် “နံနက်” ဟူ၍ ခန့်မှန်းအသုံးအနှုန်းများဖြင့် ဖော်ပြခဲ့ကြသည်။ (က. ၂၄:၁၁; ၄၃:၁၆; ၃ ရာ. ၁၈:၂၆) နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ၏ အချိန်တိကျရေးနှင့်ပတ်သက်၍ ပူပင်လေ့မရှိကြချေ။ ယနေ့ ကမ္ဘာ့ဒေသအချို့တို့တွင် အချိန်နှင့်ပတ်သက်၍ ထပ်တူအမြင်မျိုးရှိကြသည်။

သို့ရာတွင် ဒေသခံဓလေ့ထုံးစံ သို့မဟုတ် ကိုယ့်အကြိုက်ကြောင့် အချိန်ကို ပေါ့ပေါ့တန်တန်သဘောထားတတ်ကြသော်လည်း ယင်းကို သင့်တော်စွာ ဂရုစိုက်တတ်ရန် သင်ယူခြင်းသည် အကျိုးရရှိနိုင်ပါသည်။ အစီအစဉ်တွင် လူအများကို တာဝန်ချထားပေးသောအခါ ကဏ္ဍတစ်ခုစီအတွက် သတ်မှတ်ပေးထားသောအချိန်ကို ထည့်သွင်းစဉ်းစားဖို့လိုပေသည်။ “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့” ဟူသည့်မူကို ကျွန်ုပ်တို့၏ စည်းဝေးတာဝန်များ၏အချိန်၌ ကောင်းစွာကျင့်သုံးနိုင်ပါသည်။—၁ ကော. ၁၄:၄၀။

အချိန်ကိုက်ပြီးစီးနိုင်ပုံ။ ပြင်ဆင်မှုသည် သော့ချက်ဖြစ်သည်။ အချိန်နှင့်ပတ်သက်၍ အခက်အခဲရှိကြသော ဟောပြောသူများသည် များသောအားဖြင့် လုံလောက်စွာ မပြင်ဆင်၍ဖြစ်သည်။ သူတို့သည် ယုံကြည်စိတ်ချလွန်းခြင်းကြောင့် ဖြစ်နိုင်ပေမည်။ သို့မဟုတ် သူတို့သည် အနီးကပ်မှ ပြင်ဆင်ခြင်းဖြစ်နိုင်သည်။ အချိန်မှန်ဖြစ်ရေး၏အစမှာ မိမိရသည့်တာဝန်ကို တန်ဖိုးထားခြင်းနှင့် ကောင်းစွာပြင်ဆင်လိုစိတ်ရှိခြင်းတို့ဖြစ်သည်။

သင့်တာဝန်သည် ဖတ်ရှုခြင်းလော။ ဦးစွာ သွက်လက်ပြေပြစ်မှု၊ ရပ်တန့်ခြင်း၊ အဓိပ္ပာယ်ပေါ်အောင်ပြောဆိုခြင်းနှင့် အဓိကအချက်များကို လေးနက်စေခြင်းပါဝင်သည့် သင်ခန်းစာ ၄ မှ ၇ ကို ပြန်လည်သုံးသပ်ပါ။ ထို့နောက် သင့်အား တာဝန်ပေးထားသော အကြောင်းအရာကို အသံထွက်ဖတ်ရှုသည့်အခါ ထိုသွန်သင်ချက်ကို လက်တွေ့ကျင့်သုံးပါ။ သင့်ဘာသာ အချိန်ကိုက်ညှိပါ။ ပေးထားသောအချိန်တွင် ပြီးစီးရန် ပို၍မြန်မြန်ဖတ်ဖို့ လိုအပ်ပါသလော။ အရေးမကြီးသည့်အပိုင်းများတွင် သင့်ဖတ်နှုန်းကို တိုးမြှင့်လိုက်ပါ၊ သို့သော် အရေးကြီးသောအချက်များကို အလေးအနက်ပြုရန် ဆက်လက်၍ အဖြတ်အရပ်ပြုပေး၊ နှေးပေးပါ။ ထပ်ခါတလဲလဲ လေ့ကျင့်ပါ။ သင်၏သွက်လက်ပြေပြစ်မှု တိုးတက်လာသည်နှင့်အမျှ အချိန်ကို ပို၍လွယ်ကူစွာ ချိန်ညှိနိုင်ပေလိမ့်မည်။

မှတ်စုများမှ သင်ဟောပြောမည်လော။ အချိန်မှန်ဖြစ်ဖို့ သေချာစေရန် သင့်မှတ်စုများကို အသေးစိတ်—စာမူနီးပါးတမျှပြုလုပ်ဖို့ မလိုအပ်ချေ။ သင်ခန်းစာ ၂၅ ကိုကြိုးစားသည့်အခါ သာ၍ကောင်းသောနည်းလမ်းကို သင်,သင်ယူခဲ့ပြီ။ ဤအချက်ငါးချက်ကို စိတ်တွင်စွဲမှတ်ထားပါ– (၁) အကြောင်းအရာကောင်းကို ပြင်ဆင်ပါ၊ သို့သော် မများလွန်းစေပါနှင့်။ (၂) အဓိကအချက်များကို စိတ်တွင် ရှင်းလင်းစွာထားရှိပါ၊ သို့သော် ဝါကျတစ်ခုလုံးကို အလွတ်မကျက်ပါနှင့်။ (၃) သင့်ဟောပြောချက်၏ ကဏ္ဍတစ်ခုစီအတွက် အချိန်မည်မျှအသုံးပြုရန် ကြံရွယ်ထားကြောင်း သို့မဟုတ် အချိန်မည်မျှတွင် မည်သည့်နေရာသို့ရောက်ရှိသင့်ကြောင်းကို သင့်အောက်လိုင်းပေါ်တွင် မှတ်သားထားပါ။ (၄) ပြင်ဆင်သည့်အခါ အချိန်ကျော်နေကြောင်း သင်တွေ့ရှိပါက အဘယ်အသေးစိတ်အချက်များကို ဖယ်ရှားမည်ဖြစ်ကြောင်း သုံးသပ်ပါ။ (၅) သင်၏တင်ဆက်ပုံကို လေ့ကျင့်ပါ။

အစမ်းလေ့ကျင့်ခြင်းသည် အရေးကြီးသည်။ အစမ်းလေ့ကျင့်စဉ် ဟောပြောချက်၏ အပိုင်းတစ်ပိုင်းစီ၏အချိန်ကို သတိထားကြည့်ပါ။ သင်၏ဟောပြောချက်တစ်ခုလုံးသည် ပေးထားသောအချိန်အတွင်း ကွက်တိဖြစ်သည်အထိ သင့်ဟောပြောချက်ကို ထပ်ခါတလဲလဲ အစမ်းလေ့ကျင့်ပါ။ အကြောင်းအရာများများဝင်အောင် မရမကထည့်ပြောဖို့ မကြိုးစားပါနှင့်။ ပရိသတ်ရှေ့ဟောပြောခြင်းသည် သီးသန့်တွင် လေ့ကျင့်သည်ထက် အချိန်အနည်းငယ် ပိုယူတတ်သောကြောင့် အချိန်ပိုလေးထားပေးပါ။

အပိုင်းကဏ္ဍအလိုက် အချိုးကျခွဲခန့်ပေးခြင်း။ အချိန်ကိုက်ခြင်းသည် ဟောပြောချက်၏အပိုင်းများအား အချိုးကျခွဲခန့်မှုမှန်ကန်ခြင်းနှင့် အနီးကပ်ဆက်စပ်နေသည်။ အချိန်အများစုကို ဟောပြောချက်ကိုယ်မ,ဟောပြောရာတွင် အသုံးပြုသင့်ပေသည်။ ယင်းသည် အဓိကသွန်သင်ချက်များရှိသည့်နေရာ ဖြစ်သည်။ နိဒါန်းသည် သင်ခန်းစာ ၃၈ ၌ ဆွေးနွေးထားသည့် ရည်ရွယ်ချက်သုံးရပ်ကို ပြီးမြောက်အောင်မြင်စေရန်လောက်သာ ရှည်လျားသင့်သည်။ ဟောပြောချက်ကိုယ်မသည် သင်ခန်းစာ ၃၉ ပါအချက်နှင့်အညီ ထိရောက်သောနိဂုံးအတွက် အချိန်မလောက်သည်အထိ မရှည်လျားသင့်ပေ။

အချိန်ကိုက်ခြင်းကို အထမြောက်စေရန် သင်၏ကြိုးပမ်းမှုများသည် သာ၍ကောင်းသော ဟောပြောချက်တစ်ခုဖြစ်ရန် စွမ်းဆောင်ပေးပြီး အစီအစဉ်တွင် ပါဝင်ကြသော အခြားသူများအပြင် အသင်းတော်တစ်ခုလုံးကိုပါ လေးစားမှုပြရာကျပေမည်။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • ကောင်းစွာပြင်ဆင်ပါ—တင်ကြို၍ စောစောကတည်းကပြင်ပါ။

  • သင့်ဟောပြောချက်၏ ကဏ္ဍတစ်ခုစီတွင် သင့်လျော်သော အချိန်ပမာဏကို သတ်မှတ်ပြီး ယင်းကို လိုက်ပါ။

  • သင့်တင်ဆက်ပုံကို အစမ်းလေ့ကျင့်ပါ။

လေ့ကျင့်ခန်း– သင်နှင့်သင့်မိသားစု အဆင်သင့်ဖြစ်စေရန်အတွက် လိုအပ်သောအချိန်ကို သတ်မှတ်ခွဲထားခြင်းဖြင့် အစည်းအဝေးများမစတင်မီ ၁၅ မိနစ် မှ မိနစ် ၂၀ ကြို၍အသင်းတော်သို့ ရောက်ရှိရန် စီစဉ်ပါ။ ခရီးအတွက် အချိန်ပေးပါ။ သင့်အား နောက်ကျစေနိုင်သည့် ဖြစ်တတ်သောပြဿနာများကို မည်သို့ဖြေရှင်းရန် သုံးသပ်ပါ။ သင့်အစီအစဉ်ကို ကြိမ်ဖန်များစွာ ကြိုးစားကာ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါ။ ဟောပြောချက်များပေးသည့်အခါ ထပ်တူမူများသက်ဆိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ