အီဂျစ်ပြည်မှ ကတိထားရာပြည်တော်သို့
အီဂျစ်ပြည်မှ ထွက်မြောက်ခြင်းအကြောင်းကို နေရာတကာမှလူတို့ သိရှိကြသည်။ သို့ရာတွင် မောရှေနှင့် ဘုရားသခင့် လူမျိုးတော် ပင်လယ်နီကို ဖြတ်ကူးပြီးနောက် သူတို့ကို မည်သည့်အရာများက ကြိုလင့်နေခဲ့သနည်း။ သူတို့ မည်သည့်နေရာသို့ ဦးတည်သွားခဲ့ကြသနည်း။ ကတိထားရာပြည်တော်သို့ ဝင်ရောက်ရန် ယော်ဒန်မြစ်တိုင်အောင် မည်သို့ ရောက်ရှိခဲ့ကြသနည်း။
သူတို့၏ခရီးပန်းတိုင်မှာ ခါနာန်ပြည်ဖြစ်သော်လည်း မောရှေက သူတို့အား အတိုဆုံးခရီးဖြစ်သည့် မိုင် ၂၅၀ ခန့်ရှိသည့် သဲသောင်ပြင် ပင်လယ်ကမ်းခြေအတိုင်း ခေါ်ဆောင်မသွားခဲ့ချေ။ ထိုခရီးအတိုင်းသာသွားခဲ့သော် ရန်သူ့နယ်မြေဖြစ်သည့် ဖိလိတ္တိပြည်ကို ဖြတ်သန်းသွားရပေမည်။ သိနာ (ဆိုင်းနိုင်း) ကျွန်းဆွယ်၏ ကြီးမားကျယ်ပြန့်သည့် အလယ်ပိုင်းဒေသမှလည်း ခေါ်ဆောင်မသွားခဲ့ချေ။ ထိုနေရာရှိ ကျောက်စရစ်ခဲနှင့် ထုံးကျောက်ပေါသော ကုန်းပြင်မြင့်သည် အလွန်ပူပြင်းခြောက်သွေ့သည်။ မောရှေသည် လူမျိုးတော်ကို တောင်ဘက်သို့ ကျဉ်းမြောင်းသော ပင်လယ်ကမ်းခြေ မြေပြန့်လွင်ပြင်အတိုင်း ခေါ်ဆောင်သွားခဲ့သည်။ သူတို့ ဦးဆုံး စခန်းချ ရပ်နားသည့်နေရာမှာ မာရအရပ်ဖြစ်ပြီး ထိုအရပ်တွင် ခါးသောရေကို ချိုအောင် ယေဟောဝါ ပြုလုပ်ပေးတော်မူခဲ့သည်။a ဧလိမ်ရွာမှ ထွက်ခွာပြီးနောက် လူမျိုးတော်သည် အစားအစာအတွက် ညည်းညူမြည်တမ်းကြသဖြင့် ဘုရားသခင်သည် ငုံးငှက်များကို ချပေးပြီးနောက် မန္နမုန့်ကို ချပေးတော်မူ၏။ ရေဖိဒိမ်အရပ်၌ ရေပြဿနာ ထပ်တက်ခဲ့သည်၊ တိုက်ခိုက်လာသည့် အာမလက်လူမျိုးကို နှိမ်နင်းနိုင်ခဲ့သည်၊ မောရှေ၏ ယောက္ခမက မောရှေအား တတ်စွမ်းနိုင်သော အမျိုးသားများ၏ အကူအညီကို ရယူရန် အကြံပြုတိုက်တွန်းခဲ့သည်။—ထွ၊ အခန်းကြီး ၁၅-၁၈။
ထိုနောက် မောရှေသည် ဣသရေလလူမျိုးအား သာ၍ တောင်ဘက်ကျသော တောင်တန်းဒေသသို့ ခေါ်ဆောင်သွားကာ သိနာတောင်တွင် စခန်းချ ရပ်နားကြသည်။ ထိုနေရာတွင် ဘုရားသခင့် လူမျိုးတော်သည် ပညတ်တရားကို လက်ခံရရှိပြီး တဲတော်ကို တည်ဆောက်၍ ယဇ်ပူဇော်ခဲ့ကြသည်။ ဒုတိယနှစ်တွင် သူတို့သည် ‘ကြောက်မက်ဖွယ်သော တောကန္တာရကြီး’ ကိုဖြတ်သန်း၍ မြောက်အရပ်သို့ သွားခဲ့ကြသည်။ ကာဒေရှမြို့ (ကာဒေရှ-ဗာနာမြို့) အရောက် သွားခဲ့ရသည့် ထိုခရီးသည် ၁၁ ရက်ကြာမြင့်ပုံရသည်။ (တရ ၁:၁၊ ၂၊ ၁၉; ၈:၁၅) သူလျှို ဆယ်ယောက်ထံမှ အပျက်သဘောဆောင်သော သတင်းကြောင့် ကြောက်ရွံ့ကြသဖြင့် လူမျိုးတော်သည် ၃၈ နှစ်တိုင်တိုင် တောကန္တာရအတွင်း လှည့်လည်သွားလာခဲ့ရသည်။ (တလ ၁၃:၁–၁၄:၃၄) သူတို့ ရပ်နားခဲ့သည့်နေရာများတွင် ဧဗြောနအရပ်နှင့် ဧဇယုန်-ဂါဗာမြို့တို့ ပါဝင်သည်။ ထိုမှတစ်ဆင့် ကာဒေရှမြို့သို့ ပြန်သွားခဲ့သည်။—တလ ၃၃:၃၃-၃၆။
နောက်ဆုံး၌ ဣသရေလလူမျိုး ကတိထားရာပြည်တော်သို့ ချဉ်းကပ်သည့်အချိန် ရောက်လာသည့်အခါ ဣသရေလလူမျိုးသည် မြောက်ဘက်စူးစူးသို့ ချီတက်ခြင်း မပြုခဲ့ချေ။ သူတို့၏ ခရီးစဉ်က သူတို့အား ဧဒုံပြည်၏ ဗဟိုချက်မဒေသကို ရှောင်ကွင်း၍ “မင်းလမ်း” ဖြစ်သည့် မင်းလမ်းမကြီးအတိုင်း မြောက်ဘက်သို့ ချီသွားစေသည်။ (တလ ၂၁:၂၂; တရ ၂:၁-၈) ထိုလမ်းပေါ်တွင် ကလေးသူငယ်၊ တိရစ္ဆာန်နှင့် တဲများ အပါအဝင် လူမျိုးတစ်ရပ်လုံး သွားလာရန်အတွက် လွယ်ကူသည်မဟုတ်ပေ။ သူတို့သည် ခက်ခဲကြမ်းတမ်း၍ မတ်စောက်နက်ရှိုင်းသော ဇာရက်ချိုင့်နှင့် အာနုန်ချိုင့် (ပေ ၁,၇၀၀ ခန့်နက်ရှိုင်းသည်) လျှိုမြောင်ချောက်ကမ်းပါးများကို ကွေ့ကာပတ်ကာ ဆင်းတက်ခဲ့ရကြသည်။—တရ ၂:၁၃၊ ၁၄၊ ၂၄။
နောက်ဆုံးတွင် ဣသရေလလူမျိုးသည် နေဗောတောင်သို့ ရောက်ရှိလေသည်။ မိရိအံသည် ကာဒေရှမြို့တွင် သေဆုံးပြီးဖြစ်သည်၊ အာရုန်သည် ဟောရတောင်တွင် သေဆုံးခဲ့သည်၊ ယခု မောရှေသည်လည်း သူအလွန်တရာ ဝင်စားလိုလှသည့်ပြည်ကို လှမ်းမြင်ရသောနေရာတွင် သေဆုံးသွားလေသည်။ (တရ ၃၂:၄၈-၅၂; ၃၄:၁-၅) ဣသရေလလူမျိုးအား ကတိထားရာပြည်တော်သို့ ခေါ်ဆောင်သွားရသည့်တာဝန်သည် ယောရှုပေါ်သို့ ကျရောက်လာသည်။ ဤသို့ဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကစတင်ခဲ့သည့် ခရီးစဉ်သည် အဆုံးတိုင်သွားလေသည်။—ယရ ၁:၁-၄။
[အောက်ခြေမှတ်]
a စခန်းချသည့်နေရာအများစု၏တည်နေရာအတိအကျကို မသိရပါ။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
ဤကာလပိုင်းအတွင်းရေးသားခဲ့သည့် သမ္မာကျမ်းစာစောင်များ–
ကမ္ဘာဦးကျမ်း
ထွက်မြောက်ရာကျမ်း
ဝတ်ပြုရာကျမ်း
တောလည်ရာကျမ်း
တရားဟောရာကျမ်း
ယောဘဝတ္ထု
ဆာလံကျမ်း (တစ်စိတ်တစ်ပိုင်း)
[စာမျက်နှာ ၉ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အီဂျစ်မှထွက်လာသည့်လမ်းကြောင်း
ဣသရေလလူမျိုးသွားခဲ့သည့်လမ်းကြောင်း
က၇ အီဂျစ်ပြည်
က၅ ရာမသက်?
ခ၅ သုကုတ်?
ဂ၅ ဧသံ?
ဂ၅ ပိဟဟိရုတ်
ဃ၆ မာရ
ဃ၆ ဧလိမ်
င၆ သိန် တောကန္တာရ
င၇ ဒေါဖကာ
စ၈ ရေဖိဒိမ်
စ၈ သိနာတောင် (ဟောရပ်တောင်)
စ၈ သိနာ တောကန္တာရ
စ၇ ကိဗြုတ်-ဟတ္တဝါ
ဆ၇ ဟာဇရုတ်
ဆ၆ ရိမ္မုန်-ဖာရက်
ဆ၅ ရိဿ
ဆ၃ ကာဒေရှ
ဆ၃ ဗင်ယာကန်အရပ်
ဆ၅ ဟောရဂိဒ်ဂဒ်
ဇ၅ ယုပ်ဘာသအရပ်
ဇ၅ ဧဗြောန
ဆ၃ ဧဇယုန်-ဂါဗာ
ဆ၃ ကာဒေရှ
ဇ၃ ဇိန တောကန္တာရ
ဇ၃ ဟောရတောင်
ဇ၃ ဇာလမောန
ဈ၃ ပုနုန်
ဈ၃ ဣဇာဗာရိမ်
ဈ၂ မောဘပြည်
ဈ၁ ဒိဘုန်
ဈ၁ အာလမုန်-ဒိဗလသိမ်
ဇ၁ ယေရိခေါ
[အခြားနေရာများ]
က၃ ဂေါရှင်ပြည်
က၄ ဩန
က၅ မင်ဖိ (နောဖ)
ခ၃ ဇောန
ခ၃ တာပနက်
ဂ၅ မိဂဒေါလ
ဃ၃ ရှုရပြည်
ဃ၅ ဧသံ တေကန္တာရ
စ၅ ပါရန် တောကန္တာရ
ဆ၁ ဖိလိတ္တိပြည်
ဆ၁ အာဇုတ်
ဆ၂ ဂါဇ
ဆ၂ ဗေရ-ရှေဘ
ဆ၃ အဇမုန်
ဆ၃ နေဂပ်ခရိုင်
ဇ၁ ယေရုရှလင်
ဇ၁ ဟေဗြုန် (ကိရယသာဘ)
ဇ၂ အာရဒ် (ခါနာန်ပြည်)
ဇ၄ စိရတောင်တန်း
ဇ၄ ဧဒုံပြည်
ဈ၇ မိဒျန်ပြည်
လမ်းမကြီးများ
ဖိလိတ္တိလမ်း
ရှုရလမ်း
ဈ၄ မင်းလမ်း
ကန္တာရ ခရီးသည်စု သွားရာလမ်းကြောင်း
အဲလ် ဟဂျ် လမ်းကြောင်း
[တောင်များ]
စ၈ သိနာတောင် (ဟောရပ်တောင်)
ဇ၃ ဟောရတောင်
ဈ၁ နေဗောတောင်
[ရေအစုအဝေး]
င၂ မြေထဲပင်လယ် (ပင်လယ်ကြီး)
ဃ၇/ဆ၇ ပင်လယ်နီ (ဧဒုံပင်လယ်)
ဈ၁ ရေငန်အိုင်
[မြစ်များ နှင့် ချောင်းများ]
က၆ နိုင်းလ်မြစ်
စ၃ အီဂျစ်ချောင်း ချိုင့်ဝှမ်း
ဈ၂ အာနုန်
ဈ၃ ဇေရက်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သိနာကျွန်းဆွယ်ကို ဖြတ်သန်းကြသည့် ကန္တာရ ခရီးသည်စု
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဣသရေလလူမျိုး သိနာတောင်ရှေ့တွင် စခန်းချရပ်နားခဲ့သည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ကာဒေရှအရပ်တွင် သို့မဟုတ် အနီးတွင်ရှိသော စမ်းရေတွင်းမှ ရေရရှိနိုင်ခဲ့သည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဣသရေလလူမျိုးအားလုံး အာနုန်တောင်ကျချောင်း ချိုင့်ဝှမ်းကို ဖြတ်သန်းခဲ့ရသည်