ဂရိနှင့်ရောမတို့ ယုဒလူမျိုးအပေါ် ဩဇာလွှမ်းခြင်း
ဂရိ အင်ပါယာဖြစ်လာမည့် နယ်မြေချဲ့ထွင်မှုသည် မာကေဒေါနိ (မက်ဆီဒိုးနီးယား) တောင်တန်းများမှ စတင်ခဲ့သည်။ ထိုနေရာတွင် အသက် ၂၀ ကျော်မျှသာရှိသေးသည့် အလက်ဇန္ဒားသည် အရှေ့ဘက်ဒေသကို စိတ်ဝင်စားစ ပြုလာသည်။ ဘီ.စီ.အီး. ၃၃၄ ခုနှစ်တွင် သူသည် စစ်သည်ဗိုလ်ခြေကို ဦးဆောင်လျက် ဥရောပတိုက်နှင့် အာရှတိုက်ကို ပိုင်းခြားထားသည့် ဟယ်လီစပွန့် (ဒါဒနဲလ်ဇ်) ရေလက်ကြားကို ဖြတ်ကူးခဲ့သည်။ အလက်ဇန္ဒား လက်အောက်ရှိ ဂရိတို့သည် တစ်ဟုန်ထိုး ပြေးလွှားလျက်ရှိသော “ကျားသစ်” တစ်ကောင်ပမာ လျင်မြန်သောအဟုန်ဖြင့် အောင်ပွဲများ ဆင့်ကာဆင့်ကာ ပန်ဆင်လာလေသည်။ (ဒံ ၇:၆) အလက်ဇန္ဒားသည် ထရွိုင်မြို့အနီး၊ ဂရန်းနီးကပ်စ် မြစ်ဝှမ်းလွင်ပြင်တွင် ပေရသိ (ပါးရှား)တို့ကို အောင်နိုင်ပြီး အစ်စပ်စ်မြို့တွင် အပြတ်အသတ် အနိုင်ရရှိလိုက်သည်။
ဂရိတို့သည် ရှုရိ (ဆီးရီးယား) နှင့် ဖိနိတ်ပြည် (ဖိုနီးရှား) တို့ကို ကျူးကျော်တိုက်ခိုက်၍ တုရုမြို့ (တိုင်ယာ) ကို ခုနစ်လကြာ ဝန်းရံလုပ်ကြံပြီးနောက် သိမ်းပိုက်ဖျက်ဆီးခဲ့သည်။ (ယဇ ၂၆:၄၊ ၁၂) အလက်ဇန္ဒားသည် ယေရုရှလင်မြို့ကို ချမ်းသာပေး၍ ဂါဇမြို့ကို သိမ်းပိုက်သည်။ (ဇာ ၉:၅) အီဂျစ်ပြည်သို့ ရောက်ရှိပြီးနောက် အလက်ဇန္ဒြီးယားမြို့ကို တည်ထောင်သည်။ ၎င်းမြို့သည် စီးပွားရေးနှင့် ပညာရေး ဗဟိုအချက်အချာ ဖြစ်လာသည်။ ကတိထားရာပြည်တော်ကို တစ်ဖန်ဖြတ်သန်း၍ သူသည် ပြိုပျက်နေသော နိနေဝေမြို့အနီး ဂေါဂါမေလာရွာတွင် ပေရသိ (ပါးရှား) တို့ကို နောက်တစ်ဖန် အပြတ်အသတ် အနိုင်ရရှိလိုက်သည်။
အလက်ဇန္ဒားသည် တောင်မျက်နှာဘက်သို့လှည့်၍ ပေရသိတို့၏ အုပ်ချုပ်ရေးဗဟိုဌာနများဖြစ်သည့် ဗာဗုလုန်မြို့၊ ရှုရှန်မြို့ (ဆူးဆားမြို့) နှင့် ပါဆဲပလစ္စမြို့တို့ကို သိမ်းပိုက်သည်။ ထို့နောက် သူသည် ပေရသိပိုင်နက်ကို လျင်မြန်စွာ ဖြတ်သန်း၍ ယခုခေတ် ပါကစ္စတန်တွင်ရှိသည့် အိန္ဒုမြစ်တိုင်အောင် ချီတက်ခဲ့သည်။ ရှစ်နှစ်တာကာလအတွင်း အလက်ဇန္ဒားသည် ထိုခေတ်ထိုအခါက လူတို့ သိရှိထားသောကမ္ဘာ၏ အများစုကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် သူသည် ဘီ.စီ.အီး. ၃၂၃ ခုနှစ်၊ အသက် ၃၂ နှစ်အရွယ်တွင် ဗာဗုလုန်မြို့၌ ငှက်ဖျားရောဂါဖြင့် အနိစ္စရောက်သွားလေသည်။—ဒံ ၈:၈။
ကတိထားရာပြည်တော်၌ ဂရိသြဇာ အရှိန်အဝါသည် အလွန်တရာ ကြီးမားပြင်းထန်သည်။ အလက်ဇန္ဒား၏ စစ်တပ်မှ စစ်မှုထမ်းဟောင်း အချို့တို့သည် ထိုဒေသတွင် အခြေချနေထိုင်ခဲ့ကြသည်။ ပထမရာစုနှစ် ရောက်လာသည့်အခါ၌ ထိုဒေသတွင် ဂရိဘာသာစကားပြောသည့် မြို့များဆိုင်ရာ သမဂ္ဂအဖွဲ့အစည်းတစ်ရပ် (ဒေကာပေါလိ) ပေါ်ထွန်းခဲ့သည်။ (မ ၄:၂၅; မာ ၇:၃၁) ဟေဗြဲသမ္မာကျမ်းကို ဂရိဘာသာဖြင့် ထုတ်ဝေလာခဲ့သည်။ ခွိုင်းနီ (အများသုံး ဂရိဘာသာစကား) သည် ခရစ်ယာန်သာသနာ ပြန့်ပွားရေးအတွက် အပြည်ပြည်ဆိုင်ရာ ဘာသာစကား ဖြစ်လာသည်။
ရောမအင်ပါယာ
အနောက်ဘက်ပိုင်းတွင် မည်သို့ဖြစ်ပျက်နေသနည်း။ ယခင်က တိုင်ဘာမြစ်ကမ်းပေါ်၌ တည်ရှိခဲ့သော ကျေးရွာအုပ်စုတစ်စုသည် တစ်စတစ်စနှင့် အရေးပါအရာဝင်လာသည်။ နောက်ဆုံးတွင် ရောမအင်ပါယာ၏ စစ်ယန္တရား စွမ်းဆောင်ရည်အကျိုးနှင့် ဗဟိုချုပ်ကိုင်သည့် နိုင်ငံရေး ဩဇာအာဏာတို့ကြောင့် ရောမသည် အလက်ဇန္ဒား၏ ဗိုလ်ချုပ်ကြီးလေးဦး သီးခြားစီအုပ်ချုပ်ခဲ့ကြသည့် နယ်မြေဒေသများကို ဝါးမျိုသိမ်းသွင်းလိုက်သည်။ ဘီ.စီ.အီး. ၃၀ ပြည့်နှစ်သို့ရောက်သော် ရောမအင်ပါယာသည် သိသာထင်ရှားစွာ ဩဇာအင်အား ကြီးမားလာရာ ရူပါရုံတွင် ဒံယေလ တွေ့မြင်ခဲ့ရသည့် ‘ကြောက်မက်ဖွယ်ကောင်းသော သားရဲ’ အဖြစ် အဦးဆုံး ပေါ်ထွက်လာသည်။—ဒံ ၇:၇။
ရောမအင်ပါယာသည် ဗြိတိန်မှသည် မြောက်အာဖရိကတိုင်အောင်လည်းကောင်း၊ အတ္တလန္တိတ် သမုဒ္ဒရာမှသည် ပါရှန်ကွေ့တိုင်အောင်လည်းကောင်း ကြီးမားကျယ်ဝန်းလှသည်။ ရောမအင်ပါယာသည် မြေထဲပင်လယ်ကို ဝန်းပတ်ထားသောကြောင့် ရောမလူမျိုးက ယင်းကို မာရေး နော့စထရမ် (တို့ပင်လယ်) ဟုခေါ်ဝေါ်ခဲ့ကြသည်။
ယုဒလူမျိုး၏တိုင်းပြည်သည် ရောမအင်ပါယာ၏ အစိတ်အပိုင်းဖြစ်သောကြောင့် ယုဒလူမျိုးအပေါ်၌လည်း ရောမသြဇာ လွှမ်းမိုးခဲ့သည်။ (မ ၈:၅-၁၃; တ ၁၀:၁၊ ၂) ယေရှုသည် ဧကရာဇ် တိဗေရိ (တိုင်ဘီးရီးယား) အုပ်ချုပ်စဉ်ကာလအတွင်း နှစ်ခြင်းခံ၍ သေဆုံးတော်မူခဲ့သည်။ ရောမအစိုးရမင်းအချို့သည် ခရစ်ယာန်များကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခဲ့ကြသော်လည်း မှန်သောကိုးကွယ်မှုအပေါ် အနိုင်မရခဲ့ချေ။ ရာစုနှစ် ၁၃ ခုကြာပြီးနောက် ရောမအင်ပါယာသည် မြောက်ဘက်တွင် ဂျာမန်မျိုးနွယ်များ၊ အရှေ့ဘက်တွင် ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်သည့် ကျူးကျော်သူများ၏ တိုက်ခိုက်မှုများကြောင့် ကျဆုံးသွားလေသည်။
[စာမျက်နှာ ၂၆ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဂရိအင်ပါယာ
အလက်ဇန္ဒား အနိစ္စရောက်ပြီးနောက် သူ၏ ဗိုလ်ချုပ်ကြီးလေးဦးက ကြီးမားကျယ်ပြန့်သော အင်ပါယာကြီးကို အုပ်ချုပ်ခဲ့ကြသည်
▪ ကစဲန်းဒါး
▫ လိုင်ဆင်းမကာ့စ်
○ ပထမမြောက် တော်လမီ
• ပထမမြောက် စီလူးကာ့စ်
က၂ ▪ ဂရိပြည်
က၂ ▪ အာသင်
က၂ ▪ အခါယပြည်
က၃ ○ ကုရေနေ
က၃ ○ လိဗုနယ်
ခ၂ ▫ ဘိုင်ဇန်တီယမ်
ခ၃ ○ ကုပရုကျွန်း
ခ၄ ○ နောမုန် (သီးဘ်ဇ်)
ဂ၃ ပယ်လ်မိုင်းရား (တာဒမော်)
ဂ၃ ○ ဂေရသ
ဂ၃ ○ ဖိလဒေလဖိ
ဂ၃ ○ ယေရုရှလင်
ဂ၅ ○ သုဏေ
ဆ၂ • အလက်ဇန္ဒြီးယား မာရ်ဂျီအန္နား
အလက်ဇန္ဒား စစ်ချီရာလမ်းကြောင်း
က၂ ▪ မာကေဒေါနိပြည်
က၂ ▪ ပေလ္လ
က၂ ▫ သရေးစ်ပြည်
ခ၂ ▫ ထရွိုင်
ခ၂ ▫ သာဒိ
ခ၂ ▫ ဧဖက်
ခ၂ ▫ ဂေါ်ဒီယမ်
ဂ၂ ▫ အန်ကာရာ
ဂ၃ • တာရှု
ဂ၃ • အစ်စပ်စ်
ဂ၃ • အန္တိအုတ် (ရှုရိပြည်မှ)
ဂ၃ ○ တုရု
ဂ၄ ○ ဂါဇ
ခ၄ ○ အီဂျစ်ပြည်
ခ၄ ○ မင်ဖိ
ခ၄ ○ အလက်ဇန္ဒြီးယား
က၄ ○ စိဝါ အိုအေစစ်
ခ၄ ○ မင်ဖိ
ဂ၄ ○ ဂါဇ
ဂ၃ ○ တုရု
ဂ၃ ○ ဒမာသက်
ဂ၃ • အလက်ပ်ပို
ဃ၃ • နိစိဘစ္စ
ဃ၃ • ဂေါဂါမေလာ
ဃ၃ • ဗာဗုလုန်
င၃ • ရှုရှန်
င၄ • ပေရသိပြည်
င၄ • ပါဆဲပလစ္စ
င၄ • ပါဆားဂါဒီ
င၃ • မေဒိပြည်
င၃ • အက္ခဘာတာနာ
င၃ • ရာဂဲ
င၃ • ဟက္ကာတွမ်ပိုင်းလော့စ်
စ၃ • ပါသိပြည်
ဆ၃ • အရီးယားပြည်
ဆ၃ • အလက်ဇန္ဒြီးယား အရီးအွန်
ဆ၃ • အလက်ဇန္ဒြီးယား ပရောဖ်သေးဆီးယား
စ၄ • ဒရန်ဂျီအန္နား
ဆ၄ • အရက်ခေါရှားပြည်
ဆ၄ • အလက်ဇန္ဒြီးယား အရက်ခေါစီအိုရမ်
ဇ၃ • ကာဘူးလ်
ဆ၃ • ဒရက်ပ်ဆကာ
ဇ၃ • အလက်ဇန္ဒြီးယား အော့ခ်ဆီယန္နား
ဆ၃ • ဒရက်ပ်ဆကာ
ဆ၃ • ဘက္ခထရီးယား
ဆ၃ • ဘက္ခထရာ
ဆ၂ • ဒါးဘင့်
ဆ၂ • ဆော့ဂ်ဒိုင်ယန္နားပြည်
ဆ၂ • မာရာကန္ဒာ
ဆ၂ • ဘူခါရာ
ဆ၂ • မာရာကန္ဒာ
ဇ၂ • အလက်ဇန္ဒြီးယား အက်စ်ကားတီ
ဆ၂ • မာရာကန္ဒာ
ဆ၂ • ဒါးဘင့်
ဆ၃ • ဘက္ခထရာ
ဆ၃ • ဘက္ခထရီးယား
ဆ၃ • ဒရက်ပ်ဆကာ
ဇ၃ • ကာဘူးလ်
ဇ၃ • တက္ခဆာလာ
ဇ၅ • အိန္ဒိယပြည်
ဇ၄ • အလက်ဇန္ဒြီးယား
ဆ၄ • ဂေဒရောရှားပြည်
စ၄ • ပုရ
င၄ • ပေရသိပြည်
စ၄ • အလက်ဇန္ဒြီးယား
စ၄ • ကာမေးနီးယားပြည်
င၄ • ပါဆားဂါဒီ
င၄ • ပါဆဲပလစ္စ
င၃ • ရှုရှန်
ဃ၃ • ဗာဗုလုန်
[အခြားဒေသများ]
က၃ ကရေတေကျွန်း
ဃ၄ အာရပ်ပြည်
[ရေအစုအဝေး]
ခ၃ မြေထဲပင်လယ်
ဂ၅ ပင်လယ်နီ
င၄ ပါရှန်ကွေ့
ဆ၅ အာရေဗျ ပင်လယ်
[မြစ်များ]
ခ၄ နိုင်းလ်မြစ်
ဃ၃ ဥဖရတ်မြစ်
ဃ၃ တိုက်ဂရစ္စမြစ်
ဆ၄ အိန္ဒုမြစ်
[စာမျက်နှာ ၂၇ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ရောမအင်ပါယာ
က၁ ဗြိတိန်ပြည်
က၃ စပိန်ပြည်
ခ၁ ဂျာမေးနီးယား
ခ၂ ဂေါလ်ပြည်
ခ၂ ဣတလိပြည်
ခ၂ ရောမ
ခ၃ ကားသေ့ချ်
ဂ၂ ဣလုရိပြည်
ဂ၃ ဂရိပြည်
ဂ၃ အက်တီယမ်
ဂ၃ ကုရေနေ
ဃ၂ ဘိုင်ဇန်တီယမ် (ကွန်စတန်တီနိုပဲလ်)
ဃ၃ အာရှမိုင်းနား
ဃ၃ ဧဖက်
ဃ၃ အလက်ပ်ပို
ဃ၃ အန္တိအုတ် (ရှုရိပြည်မှ)
ဃ၃ ဒမာသက်
ဃ၃ ဂေရသ (ဂျာရက်ရှ်)
ဃ၃ ယေရုရှလင်
ဃ၃ အလက်ဇန္ဒြီးယား
ဃ၄ အီဂျစ်ပြည်
[ရေအစုအဝေး]
က၂ အတ္တလန္တိတ် သမုဒ္ဒရာ
ဂ၃ မြေထဲပင်လယ်
ဃ၂ ပင်လယ်နက်
ဃ၄ ပင်လယ်နီ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ရဗ္ဗာမြို့ကို ပြန်လည်တည်ဆောက်ရာ၌ ဒုတိယမြောက် တော်လမီက ယင်းကို ဖိလဒေလဖိမြို့ဟု အမည်ပေးခဲ့သည်။ ရောမဇာတ်ရုံကြီးတစ်ခု၏ အပြိုအပျက်များ ကျန်ရစ်လျက်ရှိသည်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဒေကာပေါလိအဝင် ဂေရသမြို့ (ဂျာရက်ရှ်)
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
အလက်ပ်ပိုမြို့အနီးရှိ ဤကဲ့သို့သော ရောမလမ်းမကြီးများသည် ဥရောပ၊ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသ အနှံ့အပြားတွင် ယှက်ဖြာလျက်ရှိကြသည်။ ခရစ်ယာန်များသည် သမ္မာကျမ်းစာ အမှန်တရားကို ပြန့်ပွားစေရန် ဤလမ်းမကြီးများကို အသုံးပြုခဲ့ကြသည်