ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • T-32 စာ. ၁-၄
  • ဘယ်လို ထင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်လို ထင်သလဲ
  • သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လိုရရှိနိုင်မလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့အခြေအနေတွေက
    အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ
  • ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
    ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
  • သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား
    သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား
  • ဘယ်လို ပြောမလဲ
    သမ္မာကျမ်းစာကို သင် ဘယ်လိုရှုမြင်ပါသလဲ
နောက်ထပ် ကြည့်ပါ
သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လိုရရှိနိုင်မလဲ
T-32 စာ. ၁-၄

သာယာချမ်းမြေ့တဲ့ မိသားစုဘဝကို ဘယ်လို ရရှိနိုင်သလဲ

ဘယ်လို ထင်သလဲ

  • မေတ္တာနဲ့လား။

  • ငွေကြေးနဲ့လား။

  • တခြားအရာတစ်ခုခုနဲ့လား။

ကျမ်းစာအဆို

“ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လိုက်လျှောက်တဲ့သူဟာ ပိုပြီးပျော်ရွှင်ချမ်းမြေ့တယ်။”—လုကာ ၁၁:၂၈၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

စစ်မှန်တဲ့မေတ္တာကို ရှာတွေ့နိုင်။—ဧဖက် ၅:၂၈၊ ၂၉။

ရိုသေလေးစားမှု ရရှိနိုင်။—ဧဖက် ၅:၃၃။

စည်းလုံးမှု ရရှိနိုင်။—မာကု ၁၀:၆-၉။

ပျော်ရွှင်တဲ့ မိသားစုဘဝ မြင်ကွင်းများ– အမေနဲ့ သမီး၊ မောင်နှံတစ်စုံ၊ မိဘနဲ့ သား

ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား

စိတ်ချနိုင်တဲ့အကြောင်းရင်း အနည်းဆုံး နှစ်ခု ရှိပါတယ်–

  • ဘုရားသခင်ဟာ မိသားစုဘဝကို အစပြုပေးတဲ့အရှင် ဖြစ်ပါတယ်။ ကနဦးလူသားမောင်နှံကို ဘုရားသခင် အိမ်ထောင်ချပေးပြီး ပေါင်းစည်းပေးခဲ့တယ်လို့ သမ္မာကျမ်းစာ မှာ ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၂:၁၈-၂၄) တစ်နည်းအားဖြင့် ပြောရရင် မိသားစုအစီအစဉ်ဟာ ယေဟောဝါ ဘုရားကြောင့် ဖြစ်ပေါ်လာတာပါ။ မိသားစုဘဝကို အစပြုတဲ့အရှင်က ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုဖို့ ဘာကြောင့် အရေးကြီးသလဲ။

    ဒီအချက်ကို သုံးသပ်ကြည့်ပါ– အရသာရှိတဲ့ ဟင်းတစ်ခွက် စားပြီးတဲ့နောက် အဲဒီဟင်းထဲမှာ ဘာတွေထည့်ချက်ထားသလဲဆိုတာကို သိချင်ရင် ဘယ်သူ့ကို မေးမလဲ။ အဲဒီဟင်းချက်တဲ့သူကို မေးမယ် မဟုတ်ဘူးလား။

    အဲဒီလိုပါပဲ၊ မိသားစုဘဝကို သာယာ ချမ်းမြေ့စေတဲ့ အချက်တွေကို သိချင်ရင် မိသားစုဘဝကို အစပြုပေးခဲ့တဲ့ ယေဟောဝါဘုရားကို မေးရပါမယ်။

  • ဘုရားသခင်က သင့်ကို ဂရုစိုက်တယ်။ မိသားစုဝင်တွေဟာ သမ္မာကျမ်းစာကနေ တစ်ဆင့် ဖော်ပြထားတဲ့ ယေဟောဝါဘုရားရဲ့ အကြံပြုချက်တွေကို ကြိုးစားလိုက်လျှောက်မယ်ဆိုရင် ပညာရှိရာရောက်ပါလိမ့်မယ်။ ဘာကြောင့်လဲ။ “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့” ပါပဲ။ (၁ ပေတရု ၅:၆၊ ၇) ယေဟောဝါဘုရားဟာ သင့်အကျိုးကို လိုလားတယ်။ ဒါကြောင့် ဘုရားရဲ့ သွန်သင်ချက်ဟာ ကျွန်တော်တို့အတွက် အမြဲအကျိုးရှိပါတယ်။—ပညာအလိမ္မာ ၃:၅၊ ၆။ ဟေရှာယ ၄၈:၁၇၊ ၁၈။

စဉ်းစားကြည့်ပါ

မောင်နှံငယ်တစ်စုံကို အကြီးအကဲ အကြံပေးနေ။ ကျမ်းစာကို အတူတူ ဖတ်နေကြ

ခင်ပွန်းကောင်း၊ ဇနီးကောင်း၊ မိဘကောင်း ဘယ်လို ဖြစ်နိုင်သလဲ။

အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ဧဖက် ၅:၁၊ ၂ နဲ့ ကောလောသဲ ၃:၁၈-၂၁ တို့မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ