ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ypq မေးခွန်း ၂ စာ. ၆-၈
  • ငါ့ရဲ့ ရုပ်အသွင်အပြင်ကို ဘာလို့စိုးရိမ်ပူပန်နေတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့ရဲ့ ရုပ်အသွင်အပြင်ကို ဘာလို့စိုးရိမ်ပူပန်နေတာလဲ
  • လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါ့ကိုယ်ခန္ဓာအသွင်အပြင်ကို ငါအရမ်းအာရုံစိုက်နေသလား
    လူငယ်များအမေး
  • ငါဟာ ခန္ဓာကိုယ်အလေးချိန်အတွက် ဘာကြောင့် သောကရောက်နေရတာလဲ
    နိုးလော့!—၂၀၀၁
  • ငါ အစားအသောက်မူမမှန်ရောဂါ ဖြစ်နေသလား
    နိုးလော့!—၂၀၀၆
  • ငါဘယ်လို ဝိတ်လျှော့နိုင်မလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
ypq မေးခွန်း ၂ စာ. ၆-၈
ဖက်ရှင်မဂ္ဂဇင်းဖတ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်

မေးခွန်း ၂

ငါ့ရဲ့ ရုပ်အသွင်အပြင်ကို ဘာလို့စိုးရိမ်ပူပန်နေတာလဲ

ဘာကြောင့်အရေးကြီးတာလဲ

အရာတချို့ဟာ မှန်ထဲမှာမြင်ရတာထက် ပိုအရေးကြီးပါတယ်။

သင်ဆိုရင် ဘယ်လိုလုပ်မလဲ

ဒီအခြေအနေကို မြင်ယောင်ကြည့်ပါ– ဂျူလီယာဟာ မှန်ကြည့်တဲ့အခါ ဖက်တီးပုတ်လို့ပဲ မြင်တယ်။ မိဘတွေနဲ့ သူငယ်ချင်းတွေက “ဝါးခြမ်းပြားလေး” ပါလို့ ပြောနေတာတောင် “ငါ ဝိတ်ချရမယ်” လို့ ပြောနေမိတယ်။

ဂျူလီယာဟာ “ငါးပေါင်လောက်” ကျသွားဖို့ အကြီးအကျယ် ကြိုးစားတော့မယ်လို့ တွေးထားတယ်။ သူလုပ်တာကတော့ သုံးလေးရက်လောက် အစားမစားဘဲ နေလိုက်တာပဲ။

သင်ကော ဂျူလီယာလို ခံစားနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

ပြန်စဉ်းစားကြည့်ပါ

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် မှန်ကြည့်နေ၊ မှန်ထဲမှာ သူ့ကိုယ်သူ ဝတုတ်ပုံပျက်ပန်းပျက်ဖြစ်နေတယ်လို့ မြင်နေ

သင့်ကိုယ်သင် ရှုမြင်ပုံက ပုံပျက်စေတဲ့မှန်မှာ မြင်ရတာနဲ့တူနေနိုင်

ကိုယ်ခန္ဓာအသွင်အပြင်ကို စိုးရိမ်ပူပန်တာ မမှားပါဘူး။ ကျမ်းစာမှာလည်း စာရာ၊ ရေဗက္က၊ အဘိဂဲလ၊ ယောသပ်၊ ဒါဝိဒ် စတဲ့ အမျိုးသားအမျိုးသမီးတွေရဲ့ ချောမောလှပပုံအကြောင်း ဖော်ပြထားတယ်။ အဘိရှက် ဆိုတဲ့ အမျိုးသမီးကို “အလွန်အဆင်းလှ၏” လို့ ကျမ်းစာပြောတယ်။—၃ ဓမ္မရာဇဝင် ၁:၄။

ဒါပေမဲ့လည်း လူငယ်အတော်များများဟာ သူတို့ရဲ့ရုပ်အသွင်အပြင်ကို အာရုံစိုက်လွန်းကြတယ်။ အဲဒီအခါ ပြဿနာကြီးတွေ ဖြစ်လာနိုင်တယ်။ ဒီအချက်တွေကို သုံးသပ်ကြည့်ပါ–

  • လေ့လာမှုတစ်ခုအရ၊ မိန်းကလေး ၁၇ ရာခိုင်နှုန်းပဲ အဝလွန်နေတာကို ၅၈ ရာခိုင်နှုန်းက အဝလွန်နေပြီလို့ ထင်နေကြတယ်။

  • နောက်လေ့လာမှုအရ၊ ပုံမှန်အလေးချိန်ရှိတဲ့ အမျိုးသမီး ၄၅ ရာခိုင်နှုန်းဟာ သူတို့ကိုယ်သူတို့ အဝလွန်နေပြီလို့ ထင်နေကြတယ်။

  • လူငယ်တချို့ဟာ ဝိတ်လျှော့ချင်တဲ့အတွက် အသက်အန္တရာယ်ရှိလောက်တဲ့အထိ အစာမစားဘဲနေကြလို့ အစာငတ်ခံစိတ်ရောဂါတောင် ရလာကြတယ်။

အစာငတ်ခံစိတ်ရောဂါလက္ခဏာပြလာရင်၊ အစာစားတာပုံမှန်မဟုတ်တော့ရင် အကူအညီရယူပါ။ မိဘ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ လူကြီးတစ်ယောက်ကို အသိပေးပါ။ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” လို့ ကျမ်းစာပြောတယ်။—သုတ္တံ ၁၇:၁၇။

အကောင်းဆုံး လုပ်ဆောင်နိုင်ရာ

တကယ်တော့ လူတွေကို ဆွဲဆောင်မှုဖြစ်စေတာက အတွင်းစိတ်ပဲ။ ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ရဲ့သား အဗရှလုံအကြောင်း သုံးသပ်ကြည့်ပါ။ ကျမ်းစာမှာ သူ့အကြောင်း ဒီလိုပြောတယ်–

“အဗရှလုံကဲ့သို့အဆင်းလှ၍ ချီးမွမ်းရသောသူတစ်ယောက်မျှမရှိ။ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှမရှိ။”—၂ ဓမ္မရာဇဝင် ၁၄:၂၅။

ဒါပေမဲ့ ဒီလူငယ်က မာနကြီးတယ်၊ ရည်မှန်းချက်ကြီးတယ်၊ သစ္စာမရှိဘူး။ ဒါကြောင့် ကျမ်းစာမှာ အဗရှလုံရဲ့ကောင်းကြောင်းကို မဖော်ပြဘဲ သစ္စာမရှိသူ၊ ရန်လိုမုန်းတီးတဲ့ လူသတ်သမားအဖြစ် ပုံဖော်ထားတယ်။

ကျမ်းစာမှာ ဒီလိုအကြံပေးတယ်–

“စရိုက်သစ်ကို ဝတ်ဆင်ကြလော့။”—ကောလောသဲ ၃:၁၀။

‘သင်တို့၏ဆင်ယင်မှုသည် အပြင်တန်ဆာဆင်ခြင်း မဖြစ်စေနှင့်။ သို့အစား စိတ်နှလုံး၏အတွင်းလူကို တန်ဆာဆင်ကြလော့။’—၁ ပေတရု ၃:၃၊ ၄။

လှချင်ပချင်တာ မမှားပေမဲ့ ရုပ်အသွင်အပြင်ထက် ပိုအရေးကြီးတာက စိတ်နေစိတ်ထားပဲ။ ရေရှည်မှာ၊ သင့်ရဲ့ အရည်အသွေးကောင်းတွေက ကြည့်ကောင်းတဲ့ကိုယ်ခန္ဓာ၊ ရုပ်ရည်ချောမောတာထက် ပိုဆွဲဆောင်မှု ဖြစ်စေပါတယ်။ “လှပတဲ့သူကတော့ အာရုံစိုက်ခံရတာပေါ့။ ဒါပေမဲ့ လူတွေအမှတ်ရနေတတ်တာက ကောင်းတဲ့အရည်အသွေးတွေပဲ” လို့ ဖီလီယာဆိုတဲ့ မိန်းကလေးပြောတယ်။

ရုပ်အသွင်အပြင်

သင့်ရုပ်အသွင်အပြင်ကို တစ်ခါတလေ စိတ်ပျက်ဖူးသလား။

ခွဲစိတ်ပြုပြင်ဖို့၊ အပြင်းအထန် ဝိတ်ချဖို့ သင် စဉ်းစားနေသလား။

ဖြစ်နိုင်မယ်ဆိုရင် ဘယ်အရာတွေကို ပြောင်းချင်သလဲ။ (သက်ဆိုင်တာအားလုံး မှတ်သားပါ။)

  • အရပ်

  • အလေးချိန်

  • ဆံပင်

  • ကိုယ်ခန္ဓာအချိုးအစား

  • မျက်နှာ

  • အသားအရောင်

ပထမမေးခွန်းနှစ်ခုကို ဖြစ်တယ်၊ စဉ်းစားတယ်လို့ဖြေထားပြီး တတိယမေးခွန်းမှာ သုံးခုထက်မက မှတ်သားထားတယ်ဆိုရင် ကိုယ့်ရဲ့ရုပ်အသွင်အပြင်ကို ကိုယ်မနှစ်သက်ပေမဲ့ တခြားသူတွေ အဲဒီလိုသဘောမထားဘူးဆိုတာ သတိရပါ။ ကိုယ့်ရုပ်အသွင်အပြင်ကို အလွန်အမင်းစိုးရိမ်ပူပန်တာမျိုးတော့ ဖြစ်တတ်ပါတယ်။—၁ ဓမ္မရာဇဝင် ၁၆:၇။

လက်တွေ့လုပ်ကြည့်ပါ

  • ကျန်းမာရေးပိုကောင်းဖို့ ငါဘာလုပ်နိုင်သလဲ။

  • ငါ ဘယ်လေ့ကျင့်ခန်းတွေကိုလုပ်နိုင်သလဲ။

  • သူငယ်ချင်းတစ်ယောက်က သူအပြင်းအထန် ဝိတ်ချနေတဲ့အကြောင်း ပြောတယ်ဆိုရင် ငါဘာလုပ်နိုင်သလဲ။

ထပ်လေ့လာကြည့်ပါ

ရွယ်တူချင်းတွေ ပြောဆိုရာ—ကိုယ်​ခန္ဓာအသွင်အပြင်

www.pr2711.com/mya မှာပါတဲ့ ရွယ်တူချင်းတွေ ပြောဆိုရာ–ကိုယ်ခန္ဓာအသွင်အပြင်ဆိုတဲ့ ဗီဒီယိုကို ကြည့်ပါ။ (ဒီခေါင်းစဉ်အောက်မှာ တွေ့နိုင်တယ်- သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက်များ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ