ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၅
  • ငါ့ကိုယ်ခန္ဓာအသွင်အပြင်ကို ငါအရမ်းအာရုံစိုက်နေသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့ကိုယ်ခန္ဓာအသွင်အပြင်ကို ငါအရမ်းအာရုံစိုက်နေသလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆန်းစစ်နိုင်တဲ့ မေးခွန်းများ– အာရုံစိုက်တာ လွန်နေသလား
  • ‘ငါ့ရဲ့ကိုယ်ခန္ဓာအသွင်အပြင်ကို ငါဘာကြောင့် အလိုမကျတာလဲ’
  • ‘ငါ့ရဲ့ အသွင်အပြင်ကို ပြောင်းဖို့ လိုအပ်သလား’
  • တိုးတက်ဖို့ သင်အကောင်းဆုံး လုပ်ဆောင်နိုင်ရာ
  • ငါ့ရဲ့ ရုပ်အသွင်အပြင်ကို ဘာလို့စိုးရိမ်ပူပန်နေတာလဲ
    လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ
  • ငါဘယ်လို ဝိတ်လျှော့နိုင်မလဲ
    လူငယ်များအမေး
  • မာတိကာ
    နိုးလော့!—၂၀၁၃
  • ကျန်းမာရေးကို ဘာကြောင့်ဂရုစိုက်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၅

လူငယ်များအမေး

ငါ့ကိုယ်ခန္ဓာအသွင်အပြင်ကို ငါအရမ်းအာရုံစိုက်နေသလား

  • ဆန်းစစ်နိုင်တဲ့ မေးခွန်းများ– အာရုံစိုက်တာ လွန်နေသလား

  • ငါ့ရဲ့ကိုယ်ခန္ဓာအသွင်အပြင်ကို ငါဘာကြောင့် အလိုမကျတာလဲ

  • ငါ့ရဲ့ အသွင်အပြင်ကို ပြောင်းဖို့လိုအပ်သလား

  • တိုးတက်ဖို့ သင်အကောင်းဆုံး လုပ်ဆောင်နိုင်ရာ

  • ဂျူလီယာရဲ့ အဖြစ်

ဆန်းစစ်နိုင်တဲ့ မေးခွန်းများ– အာရုံစိုက်တာ လွန်နေသလား

  1. ၁. ဘယ်ဖော်ပြချက်က သင့်ခံစားချက်နဲ့ အကိုက်ညီဆုံးလဲ

    • ငါ့ရုပ်ရည်ကို ဘယ်တော့မှ သဘောမကျဘူး

    • ငါ့ရုပ်ရည်ကို တစ်ခါတလေတော့ သဘောကျတယ်

    • ငါ့ရုပ်ရည်ကို အမြဲတမ်း သဘောကျတယ်

  2. ၂. သင့်ရဲ့ကိုယ်ခန္ဓာမှာ ဘာကို အပြောင်းလဲချင်ဆုံးလဲ

    • အရပ်

    • ကိုယ်အလေးချိန်

    • ကိုယ်ခန္ဓာအချိုးအစား

    • ဆံပင်

    • အသားအရောင်

    • ကြွက်သားအရွယ်အစား

    • တခြား

  3. ၃. အောက်ပါစာကြောင်းကို ပြည့်စုံအောင်ဖြည့်ပါ

    ငါ့ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး လုံးလုံးစိတ်ပျက်ရတဲ့အချိန်က . . .

    • ပေါင်ချိန်တဲ့အခါ။

    • မှန်ကြည့်တဲ့အခါ။

    • တခြားသူတွေ (သူငယ်ချင်း၊ ဖက်ရှင်မော်ဒယ်၊ ရုပ်ရှင်သရုပ်ဆောင်) နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တဲ့အခါ။

  4. ၄. စာကြောင်းကို ပြည့်စုံအောင်ဖြည့်ပါ

    . . . ပေါင်ချိန်တယ်။

    • နေ့တိုင်း

    • တစ်ပတ်တစ်ခါ

    • တစ်ခါတလေမှ

  5. ၅. ဘယ်ဖော်ပြချက်က သင့်ခံစားချက်နဲ့ အကိုက်ညီဆုံးလဲ

    • ငါ့ရဲ့ကိုယ်ခန္ဓာအသွင်အပြင်ကို မကြိုက်ဘူး။ (ဥပမာ၊ “ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်လိုက်တိုင်း ဝတုတ်တုတ်၊ ရုပ်ဆိုးဆိုးပဲ မြင်မိတယ်။ ဝိတ်ကျသွားအောင် တစ်ခါတလေ အစာမစားဘူး။”​—စရီးနာ။)

    • ကိုယ်ခန္ဓာအသွင်အပြင်ကို မျှမျှတတ ရှုမြင်တယ်။ (ဥပမာ၊ “ကိုယ့်ရုပ်သွင်မှာ ကိုယ်မကြိုက်တဲ့အရာတော့ အမြဲရှိမှာပဲဆိုတာကို လက်ခံဖို့လိုတယ်။ ကိုယ်ပြုပြင်ပြောင်းလဲလို့ မရတာကို စိတ်အနှောင့်အယှက် ဖြစ်နေရင်တော့ စဉ်းစားဉာဏ် မရှိတာ ဖြစ်နိုင်တယ်။”​—နတားယား။)

သမ္မာကျမ်းစာက “ကိုယ်ကိုထင်သင့်သည်ထက် လွန်၍မထင်” ပါနဲ့လို့ ပြောထားပါတယ်။ (ရောမ ၁၂:၃) အတိုင်းအတာတစ်ခုထိတော့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်တာ သင့်လျော်ပါတယ်။ အဲဒီလိုအာရုံစိုက်ဖို့လည်း လိုအပ်တယ်။ ဒါကြောင့် သင်ဟာ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိအောင်နေတာ ဖြစ်တယ်။

ဒါပေမဲ့ သင့်ရဲ့ ကိုယ်ခန္ဓာအသွင်အပြင်ကြောင့် ခဏခဏ စိတ်ပျက်နေတယ်ဆိုရင်ကော။ အဲဒီအပေါ် အာရုံစိုက်လွန်းနေတာကြောင့် ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင် အောက်ပါအချက်တွေကို သင်သိလိုပါလိမ့်မယ်။

‘ငါ့ရဲ့ကိုယ်ခန္ဓာအသွင်အပြင်ကို ငါဘာကြောင့် အလိုမကျတာလဲ’

အကြောင်းရင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ အဲဒီထဲမှာ အောက်ပါအကြောင်းအရာတွေ ပါနိုင်တယ်–

  • မီဒီယာရဲ့ ဩဇာလွှမ်းမိုးမှု။ “ပိန်ပိန်ပါးပါးနဲ့ အမြဲတမ်းလှပဖို့ လိုတယ်လို့ ထင်မြင်သွားစေတဲ့ ပုံတွေကိုပဲ လူငယ်တွေ တစ်ချိန်လုံး တွေ့နေရတယ်။ အဲဒါကြောင့် ကိုယ်က အဲဒီလိုပုံမျိုး မဟုတ်ရင် စိတ်ဓာတ်ကျရော။”​—ကယ်လီ။

  • မိဘတွေရဲ့ ဩဇာလွှမ်းမိုးမှု။ “အမေဖြစ်သူက သူ့ရဲ့ ကိုယ်ခန္ဓာအသွင်အပြင်ကို အာရုံစိုက်လွန်းရင် သမီးဖြစ်သူလည်း အဲဒီလိုဖြစ်လာတယ်။ သားအဖတွေလည်း အဲဒီလိုပဲဖြစ်တတ်တာကို ကျွန်မ သတိထားမိတယ်။”—ရီတာ။

  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုနည်းခြင်း။ “ကိုယ့်ရဲ့ ခန္ဓာကိုယ်အသွင်အပြင်ကို အာရုံစိုက်လွန်းတဲ့သူတွေဟာ ကိုယ့်ရဲ့ ရုပ်သွင်ပြင် ဘယ်လို ရှိသလဲဆိုတာကို တခြားသူတွေကို တစ်ချိန်လုံး မေးနေတတ်ကြတယ်။ အဲဒါက ဘေးကလူတွေကို ပင်ပန်းစေတယ်။”​—ဇယန်။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာအသွင်အပြင်ကို အာရုံစိုက်လွန်းတဲ့ အကြောင်းရင်းက ဘာကြောင့်ပဲ ဖြစ်ပါစေ အောက်ပါမေးခွန်းကို မေးနိုင်ပါတယ်။

‘ငါ့ရဲ့ အသွင်အပြင်ကို ပြောင်းဖို့ လိုအပ်သလား’

သင့်ရွယ်တူတချို့ ပြောတာတွေကို သုံးသပ်ကြည့်ပါ။

“ကိုယ့်ကိုယ်ခန္ဓာမှာရှိတဲ့ ကိုယ်မကြိုက်တဲ့အရာတွေကို အမြဲတမ်းတော့ မပြောင်းလဲနိုင်ဘူး။ အဲဒီအပြစ်အနာဆာကို လက်ခံလိုက်တာက အကောင်းဆုံးပဲ။ အဲဒီလိုလုပ်မယ်ဆိုရင် တခြားသူတွေလည်း အဲဒါကို သိပ်သတိထားမိတော့မှာ မဟုတ်ဘူး။”​—ရိုရီ။

“ကျန်းမာအောင် သင်တတ်နိုင်သမျှလုပ်ပါ။ ကိုယ်ခန္ဓာကျန်းမာရင် ရုပ်သွင်ပြင်လည်း ကြည့်ပျော်ရှုပျော် ဖြစ်လာပါလိမ့်မယ်။ သင့်ရဲ့ အရည်အသွေးကို အာရုံမစိုက်ဘဲ ကိုယ်ခန္ဓာအသွင်အပြင်ကိုပဲ အာရုံစိုက်နေတဲ့သူဆိုရင် သူဟာ သင့်ရဲ့သူငယ်ချင်းကောင်း မဟုတ်လို့ပဲ။”​—အိုလစ်ဗီယာ။

အဓိကအချက်– သင့်ရုပ်သွင် ကြည့်ပျော်ရှုပျော်ဖြစ်အောင် သင်လုပ်နိုင်တာကိုလုပ်ပါ။ ကျန်တာတွေအတွက် စိတ်မပူပါနဲ့။ ရုပ်သွင်အပေါ်အလွန်အမင်း အာရုံစိုက်ရင် အန္တရာယ်ရှိနိုင်တယ်။ (“ဂျူလီယာရဲ့အဖြစ်” ကို ကြည့်ပါ။)

မျှတတဲ့သဘောထားက ကိုယ့်ရဲ့ရုပ်သွင်ကို အရှိအတိုင်းမြင်အောင် ကူညီပေးနိုင်တယ်ဆိုတာကို အီရင် ဆိုတဲ့ အမျိုးသမီးငယ် တွေ့ရှိခဲ့တယ်။ “ကျွန်မက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိဘူး။ ကျွန်မ မကြိုက်တဲ့အရာအပေါ်ပဲ အာရုံစိုက်လွန်းတဲ့အခါ စိတ်မပျော်ဖြစ်နေတာကို သတိထားမိလာတယ်။ အခုတော့၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တယ်၊ ပုံမှန်အစာစားတယ်။ အဲဒီအခါ အားလုံး အဆင်ပြေလာတယ်။”

တိုးတက်ဖို့ သင်အကောင်းဆုံး လုပ်ဆောင်နိုင်ရာ

သင့်ရဲ့ ကိုယ်ခန္ဓာအသွင်အပြင်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင် ရှိမယ်ဆိုရင် သင် စိတ်ပျော်မယ်၊ ပြီးတော့ သင်ပိုပြီး ကြည့်ပျော်ရှုပျော်ဖြစ်လာမယ်။ အဲဒီလို မျှတတဲ့အမြင် ရှိနိုင်ဖို့ သမ္မာကျမ်းစာက အောက်ပါအချက်တွေကို လုပ်ဆောင်ဖို့ အားပေးပါတယ်။

  • ကျေနပ်ရောင့်ရဲမှု။ “မိမိတွင် ရှိသမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းသည် တစ်ခုခုကို အစဉ် လိုချင်တောင့်တခြင်းထက် ပို၍ကောင်း၏။”​—ဒေသနာ ၆:၉၊ ခမ။

  • လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်။ “ကိုယ်ကာယလေ့ကျင့်မှုသည် အနည်းငယ်အကျိုးရှိ။”​—၁ တိမောသေ ၄:၈။

  • အတွင်းအလှ။ “လူသည် အဆင်းသဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်။”​—၁ ဓမ္မရာဇဝင် ၁၆:၇။

“ကျွန်မတို့ ဘယ်လို ခံစားနေရတယ်ဆိုတာကို ကျွန်မတို့ မျက်နှာမှာ ပေါ်တတ်တယ်။ ကိုယ့်ရုပ်အသွင်အပြင်ကို ကျေနပ်တဲ့သူ ဖြစ်မယ်ဆိုရင် တခြားသူတွေလည်း အဲဒါကိုတွေ့ မြင်လာပြီး ရင်းနှီးချင်လာပါလိမ့်မယ်။”​—စယ်ရာ။

“လှတဲ့သူကတော့ လူတွေကြည့်တာ ခံရနိုင်တယ်။ ဒါပေမဲ့ အများအားဖြင့် လူတွေ အမှတ်ရနေတတ်တာက ကောင်းတဲ့ အရည်အသွေးတွေ ဖြစ်တယ်။”​—ဖီလီယာ။

သုတ္တံ ၁၁:၂၂; ကောလောသဲ ၃:​၁၀၊ ၁၂; ၁ ပေတရု ၃:​၃၊ ၄ တို့ကိုလည်း ကြည့်ပါ။

ဂျူလီယာရဲ့ အဖြစ်

ကျွန်မအသက် ၁၆ နှစ်မှာ ကျွန်မအတွက်တော့ ကိုယ်အလေးချိန်က အဓိကပြဿနာ ဖြစ်ခဲ့တယ်။ အဝလွန်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပိန်ပိန်လေးလည်း မဟုတ်ဘူး။ ကိုယ်လုံးကိုယ်ပေါက်လည်း လှတယ်။ ဒါပေမဲ့ ကျွန်မသာ ပိန်ပိန်လေး ဖြစ်လာမယ်ဆိုရင် ယောက်ျားလေးတွေ သဘောကျမှာလို့ တွေးခဲ့တာ။ ဒါနဲ့ ပိန်သွားအောင်ဆိုပြီး အစာလျှော့စားခဲ့တယ်။

ပိန်တော့ပိန်သွားပါတယ်၊ ဒါပေမဲ့ ကျန်းမာရေး ထိခိုက်သွားတယ်။ အခုတော့ ကျန်းမာရေး ကောင်းသွားပါပြီ။ ဒါပေမဲ့ စိတ်အစွဲတော့ ရှိနေတုန်းပဲ။ ဒီနေ့အထိ အစားအစာနဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ ကိုယ်ခန္ဓာအသွင်အပြင်ကို အရှိကိုအရှိတိုင်း လက်ခံလာပါပြီ။ ပုံမှန်စားတယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တယ်။ ဒါပေမဲ့ တစ်ခုခုကို အလိုမကျတော့ဘူးဆိုရင် အလိုလို တုံ့ပြန်တတ်တာက အစာမစားဘဲ နေလိုက်တာ ဖြစ်တယ်။

လူတိုင်းမှာ ကိုယ့်အသွင်အပြင်နဲ့ကိုယ် ရှိတယ်ဆိုတာ အခွင့်အရေးရရင်ရသလို တခြားလူငယ်တွေကို ပြောပြပါတယ်။ ကိုယ့်မှာ ဘယ်လိုရုပ်သွင်မျိုးပဲရှိပါစေ ကိုယ့်ရဲ့ရုပ်သွင်ကို သဘောကျတဲ့သူရှိသလို သဘောမကျတဲ့သူတွေလည်း အမြဲရှိနေမှာပဲ။ အရေးအကြီးဆုံးက ကျန်းမာနေဖို့ ဖြစ်တယ်။ သင့်ကို တကယ်ဂရုစိုက်တဲ့သူက အဲဒီအချက်ကိုပဲ အလေးထားမှာ ဖြစ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ