ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၇၁ စာ. ၁၆၈-စာ. ၁၆၉ ပိုဒ်. ၁
  • ယေဟောဝါ ယေရှုကို ကာကွယ်ပေးခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ ယေရှုကို ကာကွယ်ပေးခဲ့
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြယ်တစ်ပွင့်လမ်းပြလို့လာတဲ့ လူတွေအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • မင်းဆိုးရန်မှ ထွက်ပြေးလွတ်မြောက်ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မင်းဆိုးရန်ကနေ ထွက်ပြေးလွတ်မြောက်ခြင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုနှင့် နက္ခတ်ဆရာများ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၇၁ စာ. ၁၆၈-စာ. ၁၆၉ ပိုဒ်. ၁
မာရိနဲ့ သူငယ်လေးယေရှု မြည်းစီးနေပြီး ယောသပ်က သူတို့ဘေးမှာ လမ်းလျှောက်နေ

သင်ခန်းစာ ၇၁

ယေဟောဝါ ယေရှုကို ကာကွယ်ပေးခဲ့

အစ္စရေးပြည်ရဲ့ အရှေ့အရပ်က လူတွေဟာ ကြယ်တွေ လမ်းပြပေးနိုင်တယ်လို့ ယုံကြတယ်။ တစ်ညမှာ လင်းလက်တောက်ပတဲ့ ကြယ်တစ်လုံးကို အရှေ့အရပ်ကလူတချို့ တွေ့ပြီး အဲဒီ “ကြယ်” နောက် လိုက်လာတာ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။ သူတို့က ‘ဂျူးတွေရဲ့ ဘုရင်ဖြစ်လာမယ့် ကလေး ဘယ်မှာလဲ။ သူ့ကို ဦးညွှတ်ချင်လို့ပါ’ လို့ မေးမြန်းကြတယ်။

ဂျေရုဆလင်မြို့ရဲ့ဘုရင် ဟေရုဒ်က ဘုရင်အသစ်အကြောင်းကြားတော့ သိပ်စိုးရိမ်သွားတယ်။ ပုရောဟိတ်မင်းတွေကိုခေါ်ပြီး ‘အဲဒီဘုရင် ဘယ်မှာမွေးမှာလဲ’ လို့မေးတော့ ‘ပရောဖက်တွေပြောတာတော့ ဘက်သလီဟင်မြို့မှာ မွေးမှာတဲ့’ လို့ပြန်ဖြေကြတယ်။ ဒါနဲ့ ဟေရုဒ်မင်းဟာ အရှေ့အရပ်ကလူတွေကို ခေါ်ပြီး ‘ဘက်သလီဟင်မြို့ကိုသွား၊ အဲဒီကလေးကို ရှာပါ။ တွေ့ရင် ငါ့ဆီ ပြန်သတင်းပို့ကြ။ ငါလည်း သွားဦးညွှတ်မယ်’ လို့ပြောတယ်။ အဲဒါ လိမ်နေတာ။

“ကြယ်” ပြန်ရွေ့သွားတာနဲ့ သူတို့ ကြယ်နောက်လိုက်သွားတာ ဘက်သလီဟင်မြို့ကို ရောက်လာတယ်။ အိမ်တစ်လုံးပေါ်မှာ “ကြယ်” ရပ်သွားတော့ အဲဒီအိမ်ထဲ ဝင်သွားကြတယ်။ အဲဒီမှာ မိခင်ဖြစ်သူ မာရိနဲ့အတူ ယေရှုကိုတွေ့တယ်။ ဒါနဲ့ ကလေးကို ဦးညွှတ်ပျပ်ဝပ်ပြီး ရွှေ၊ တန်ဖိုးကြီး နံ့သာခဲ၊ သစ်စေးမွှေးတွေပေးတယ်။ ယေရှုကို ဒီလူတွေ တွေ့ဖို့ ယေဟောဝါ လွှတ်လိုက်တာလား။ မဟုတ်ဘူး။

အဲဒီညမှာပဲ ယေဟောဝါက ယောသပ်ကို အိပ်မက်ပေးပြီး ‘ဟေရုဒ်က ယေရှုကို သတ်ချင်နေတယ်။ ဇနီးနဲ့ သားကိုခေါ်ပြီး အီဂျစ်ပြည်ကိုပြေးပါ။ ပြန်လာဖို့ မခေါ်မချင်း အဲဒီမှာနေပါ’ လို့မှာတယ်။ ယောသပ်လည်း သားနဲ့ မိန်းမကိုခေါ်ပြီး အီဂျစ်ပြည်ကို ချက်ချင်း ထွက်သွားတယ်။

ယေဟောဝါက ဟေရုဒ်ဆီ ပြန်မသွားဖို့ အရှေ့အရပ်ကလူတွေကို ပြောတယ်။ ဒီလူတွေ ပြန်မလာမှန်း ဟေရုဒ်သိတဲ့အခါ စိတ်ဆိုးသွားတယ်။ ယေရှု ဘယ်မှာရှိမှန်းမသိတော့ ဘက်သလီဟင်မြို့က ယေရှုအရွယ် ယောက်ျားလေးအားလုံးကို သတ်ဖို့ အမိန့်ပေးလိုက်တယ်။ ယေရှုကတော့ အီဂျစ်ပြည်ကို ရောက်နေပြီ။

နောက်ပိုင်းမှာ ဟေရုဒ်သေသွားတယ်။ ယေဟောဝါက ယောသပ်ကို ‘ပြန်လာလို့ရပြီ’ လို့ပြောတယ်။ ယောသပ်၊ မာရိနဲ့ ယေရှုဟာ အစ္စရေးပြည်ကို ပြန်လာပြီး နာဇရက်မြို့မှာ အခြေချလိုက်တယ်။

‘ငါ့နှုတ်ထွက်စကား ပြည့်စုံရမယ်။ ငါစေခိုင်းတဲ့အတိုင်း ကျိန်းသေ အောင်မြင်မယ်။’ —ဟေရှာယ ၅၅:၁၁

မေးခွန်း– ယေရှုမှာ ဘာလို့ အသက်အန္တရာယ် ရှိနေသလဲ။ ယေဟောဝါက သူ့ကို ဘယ်လို ကာကွယ်ပေးသလဲ။

မဿဲ ၂:၁-၂၃။ မိက္ခာ ၅:၂

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ